menu

Friday 24 August 2012

၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံနိုင်ခွင့် ရှိ၊ မရှိနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆက်သွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဖြေကြား

၁၅ သိန်းတန် GSM ဖုန်းများ ပြန်လည်အပ်နှံနိုင်ခွင့် ရှိ၊ မရှိနှင့် ပတ်သက်၍ ငါးသိန်းတန်ဖုန်းများ
ထွက်ပြီးနောက်ပိုင်းတွင်ဝိရောဓိများ ထွက်ပေါ်လာခဲ့ပြီးယင်းကိစ္စအား မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက
ယနေ့ကျင်းပသည့် ဆက်သွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုတွင်ထည့်သွင်း ဖြေကြားသွားခဲ့သည်။

သြဂုတ်လ ၂၄ ရက်တွင် MICT မှ ကျင်းပပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်

ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
်ဒေါ်ညိုညိုသင်းက အောက်ပါအတိုင်း တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"ကျွန်မ ပြည်သူ့ဆန္ဒတစ်ခုကို ပြည်ထောင်စုဝန်ကြီးရော ၀န်ကြီးချုပ်ရောရှိတုန်း တင်ပြချင်ပါတယ်။
အရင်တုန်းကဆက်သွယ်ရေးကချထားပေးတဲ့ ၁၅ သိန်းတန်ဖုန်းတွေကို ငှားရမ်းကိုင်ဆောင်တဲ့ ပြည်သူတွေက
ဆက်သွယ်ရေးကို ပြန်လည်အပ်နှံလိုတဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကို ပြန်လက်ခံပေးဖို့ ၀န်ကြီးဌာနအနေနဲ
အခက်အခဲဖြစ်နေရင်လည်း အဲဒီဖုန်းတွေကို ပြောဆိုခလျော့ချပေးတာမျိုးတွေ လုပ်ပေးဖို့ တင်ပြပါတယ်"
ဟု မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဆက်သွယ်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုးက
"ကျွန်တော်တို့က ဘာပဲလုပ်လုပ် စာချုပ်နဲ့ပဲ လုပ်ပါတယ်။ ဖုန်းငှားရမ်းသူနဲ့
ဆက်သွယ်ရေးချုပ်ဆိုထားတဲ့စာချုပ်ကို ပြန်လေ့လာကြည့်လိုက်ရင် ကျွန်တော်အဖြေပေးဖို့
လိုမယ်မထင်တော့ပါဘူး။ အခုလို ဆွေးနွေးပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်"
ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။

ယင်း ၁၅ သိန်းတန် GSM ဖုန်း ငှားရမ်းအသုံးပြုနေသူများ အနေဖြင့် ပြီးခဲ့သည့် လအနည်းငယ်က
မြန်မာ့ဆက်သွယ်ရေးသို့ ဖုန်းများ ပြန်လည်အပ်နှံမည်ဟူသော
အကြောင်းအရာများအား ဖုန်းသုံးစွဲသူများကအွန်လိုင်းစာမျက်နှာများတွင် ဆွေးနွေးခဲ့ကြသည်။

၁၅ သိန်းတန် GSM ဖုန်းများငှားရမ်းသုံးစွဲခွင့်အတွက် မြန်မာ့ဆက်သွယ်ရေးနှင့် ချုပ်ဆိုရသည့် GSM Mobile
တယ်လီဖုန်း ငှားရမ်းသုံးစွဲခြင်း ပဋိဥာဉ်စာချုပ်အား စည်းကမ်းချက် ၁၀ တွင် ဤသို့ပါရှိသည်။

ဌာနမှ လက်ရှိပြဋ္ဌာန်းထားသည့် နည်းဥပဒေများကို ငှားရမ်းသုံးစွဲသူက လိုက်နာရမည်။ ငှားရမ်းသုံးစွဲသူက GSM
တယ်လီဖုန်းကို ပြန်လည်အပ်နှံလိုလျှင်သော်လည်းကောင်း၊ဌာနကအကြောင်းတစ်ခုခုကြောင့် ငှားရမ်းသုံးစွဲသူ၏
GSM တယ်လီဖုန်း အသုံးပြုခွင့်ကိုရပ်စဲလိုလျှင်သော်လည်းကောင်း ဤပဋိဥာဉ်စာချုပ်ကို ရပ်စဲနိုင်သည်။
ဤပဋိဥာဉ်စာချုပ် ရပ်စဲသည့်အချိန်တွင် သဘာဝအလျှောက် ဟောင်းနွမ်းယိုယွင်းခြင်းမှတစ်ပါး
ထုတ်ယူသွားစဉ်က အခြေအနေအတိုင်း GSM တယ်လီဖုန်းနှင့် ကိရိယာများကို ငှားရမ်းသုံးစွဲသူက
ဌာနသို့ ပြန်လည်ပေးအပ်ရပါမည်။ ငှားရမ်းသုံးစွဲသူအနေနှင့် လျော်ကြေးတစုံတရာဖြစ်စေ၊ ငှားရမ်းခ
ပြန်လည်ထုတ်ပေးရန် ဖြစ်စေ တောင်းခံနိုင်ခွင့် မရှိပါဟူ၍ ဖြစ်သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis