menu

Friday 24 August 2012

ရိုဟင်ဂျာများအပေါ်အကူအညီပေးမှု ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အမိန့်ကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ပြစ်တင်ဝေဖန်

ဒါကာ၊ ဩဂုတ် - ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိလာသော ရိုဟင်ဂျာများအပေါ် အကူအညီပေးနေမှုများကို ရပ်ဆိုင်းရန် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများအား ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်လိုက်ခြင်းအပေါ် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch - HRW)ကပြစ

်တင်ဝေဖန်လိုက်ကြောင်း Arab News သတင်းဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့၊ဆာလောင်မွတ်သိပ်မှုတိုက်ဖျက်ရေးအဖွဲ့နှင့်ဗြိတိန်မွတ်ဆလင်ကူညီရေးအဖွဲ့တို့အနေဖြင့်ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိလာသော ရိုဟင်ဂျာများအပေါ်အကူအညီပေးနေမှုများအား ရပ်ဆိုင်းရန်ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၎င်းတို့၏ကူညီထောက်ပံ့ပေးနေမှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာများထပ်မံရောက်ရှိလာမည်ကိုစိုးရိမ်သောကြောင့်ယခုကဲ့သို့ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ယခင်က ရိုဟင်ဂျာ ဒုက္ခသည် ၃ သိန်းရှိပြီး၊ ယခုနှစ်ဇွန်လအတွင်း လှေများဖြင့်နောက်ထပ်ရောက်ရှိလာသော ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ပြန်ပို့ခဲ့သည်။

မြန်မာနိုင်ငံတွင်ရောက်ရှိနေသော ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း ဘင်္ဂါလီ စကားပြောသောလူများဖြစ်သည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis