အဲကမ္ဘောဇလေကြောင်းလိုင်းမှ
(ATR)လေယာဉ်အမျိုးအစားလေယာဉ်တစ်စင်းမှာမြိတ်မြို့လေဆိပ်မှ ၂၃.၈.၂၀၁၂
နံနက်ပိုင်းမှပျံသန်းရန် ထွက်ခွာစဉ်လေယာဉ်အင်ဂျင်ထဲသို့
ဌက်တစ်ကောင်ဝင်သွားသောကြောင့် ခရီးစဉ်ရွေ့ဆိုင်းခဲ့ရကြောင်းသိရသည်။
မြိတ်လေဆိပ်မှ ကော့သောင်းမြို့သို့သွားရန်အတွက် လေယာဉ်ပြေးလမ်းတွင်
အရှိန်ယူနေစဉ်အတွင်း လေယာဉ်အင်ဂျင်ထဲသို့ ဌက်တစ်ကောင်ဝင်သွားသောကြောင့်
လေယာဉ်ပြေးလမ်းဆုံးမှ ပြန်လှည့်လာကာ ခရီးစဉ်
ရွေ့ဆိုင်းလိုက်ရပြီးမြိတ်မြို့တွင် ညအိပ်ခဲ့ရကြောင်း သိရသည်။
''နံနက် ၉ နာရီလောက်မှာဖြစ်တာပါ။ ကော့သောင်းကိုအတက် လေယာဉ်ပြေးလမ်းမှာ
ဌက်တစ်ကောင်ဝင်သွားလို့ ပြန်လှည့်ခဲ့ရပါတယ်။ ခရီးသည်တွေရော လေယာဉ်ရော ဘာမှ
ထိခိုက်မှု မရှိပါဘူး။ ဒီနေ့ပဲ ဌက်ဝင်သွားတဲ့ အင်ဂျင်ကို
လဲလှယ်တပ်ဆင်ပြီးသွားပါပြီ ရန်ကုန်မြို့ကနေ အင်ဂျင်လာပို့တဲ့လေယာဉ်နှင့်
ပြန်ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ အင်ဂျင်လဲထားတဲ့လေယာဉ်ကိုတော့ စစ်ဆေးမှုတွေ
သေချာအောင်လုပ်ပြီးမှ ပြေးဆွဲမှာပါ''ဟု အဲကမ္ဘောဇလေကြောင်းလိုင်း(Myeik
Station)မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
EMG |
No comments:
Post a Comment