menu

Friday 24 August 2012

ရခိုင်ပြည်နယ်ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာမူဝါဒအပေါ်ထိခိုက်မှု မရှိဟု သံအမတ်ကြီးပြောကြား

ရန်ကုန်၊ သြဂုတ် - ၂၄

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကြောင့် မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုလျှော့ချပေးရေးဆိုင်ရာမူဝါဒအပေါ် ထိခိုက်နစ်နာမှုမရှိကြောင်း မြန
်မာဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင်ရေးသားဖော်ပြသည်။

"ဆူပူအကြမ်းဖက်မှုတွေ အင်မတန်လျင်မြန်စွာဖြစ်ပေါ်သွားတယ်၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကူးဆက်ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ကိစ္စတွေက ကျွန်တော်တို့ကို အံ့အားသင့်လောက်အောင်ဖြစ်စေခဲ့တယ်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ပိတ်ဆို့အရေးယူမှုအပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ထိခိုက်မှုရှိမယ်လို့ မထင်မိပါဘူး။ ကျွန်တော်တို့အတွက် မြန်မာနိုင်ငံမှာ ပိုပြီးရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေရှေ့မှာရှိနေပြီဆိုတဲ့သဘောမျှသာဖြစ်ပါတယ်" ဟု နှစ်ပေါင်း ၂၂ နှစ်တာကာလအတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်လာသူ ဒဲရစ်မစ်ချဲကဆိုသည်။

ရိုဟင်ဂျာပဋိပက္ခအများစုမှာ ၎င်းတို့အား နိုင်ငံတွင်းနေထိုင်ခွင့်ပြုရန်ငြင်းဆန်ကြသူ မြန်မာနိုင်ငံသားများထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ "နိုင်ငံသားတွေအကြား သည်းညဉ်းမခံနိုင်မှုနဲ့ ခွဲခြားဆက်ဆံမှုသဘောထားကို အနက်ရှိုင်းဆုံးအနေအထားနဲ့ တွေ့မြင်ရတာဟာ ကြမ္မာငင်မှုတစ်ခုပါ"

ဆူပူအုံကြွမှုများသည် လူ့အဖွဲ့အစည်းတွင်း နက်ရှိုင်းစွာအမြစ်တွယ်နေသည့် သည်းညဉ်းမခံတတ်သော သဘောတရားများနှင့်အတူထွက်ပေါ်လာကြောင်း၊ အဆိုပါ သည်းညဉ်းမခံတတ်သည့် သဘောတရားမှာလည်း လူ့အဖွဲ့အစည်းအတွင်း ကြီးမားထင်ရှားသော သာဓကတစ်ခုသဖွယ်ရှိနေပုံရကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များအကြားဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုကနားလည်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာအရေးကိစ္စအပေါ် အလွန်အမင်း အသားပေးပြောဆိုခဲ့သည်ဟူသောအချက်ကိုလည်း မိမိတို့ကသိရှိနားလည်ထားပါကြောင်း ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis