(၁)
ဆရာ
၎.၆.၁၂ နယုန်လပြည့်နေ့က ဆရာ (နန္ဒာသိန်းဇံ) ကွယ်လွန်တာ
ဆယ်လပြည့်တဲ့နေ့ပါ။ ဗုဒ္ဓစာပေမှာတော့ နယုန်လပြည့်နေ့ဟာ မဟာသမယ
အခါတော်နေ့ပါ။ ကြီးကျယ်တဲ့ အချိန်အခါကြီးကျယ်တဲ့ ပွဲတစ်ခုပါ။ ရေရှားတဲ့
ကာလနှစ်ပြည်ထောင် လယ်သမားနှစ်စု ရန်ပွဲကတစ်ဆင့် နှစ်ပြည်ထောင်စစ်ဖြစ်မယ့်
အရေးမှာ ဗုဒ္ဓက ငြိမ်းချမ်းရေးတရားငါးပုဒ် ဟောခဲ့တယ်။ ပြီးတော့
နှစ်ပြည်ထောင်က စစ်သား တဖက်နှစ်ရာ့ငါးဆယ်ရဟန်းပြုတော့ မဟာသမယ တရားဟောတယ်။
မဟာသမယ အခါတော်နေ့က ငြိမ်းချမ်းရေးအခါ သမယနေ့ပါ။
(၂)
ဆရာ
အမိမြန်မာပြည်လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားနေကြပါတယ်။
နေ့စဉ်သတင်းစာမှာ ဂျာနယ်တွေမှာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေကြတာကို
ဖတ်နေရပါတယ်ဆရာ။ အောင်မြင်တဲ့ နိုင်ငံဖြစ်ဖို့  ငြိမ်းချမ်းရေးကလည်း
အရေးကြီးပါတယ်ဆရာ။ ဆရာရေးခဲ့တဲ့ စာပေတွေဟာ ဗုဒ္ဓစာပေတွေ အခြေပြုရေးတာမို့
ဆရာကိုပူဇော်တဲ့အနေနဲ့ မဟာသမယ တရားစာအုပ်ကို ပြန်ဖတ်မိပါတယ်ဆရာ။
ငြိမ်းချမ်းရေးတရား တော်ပါဆရာ။ ဗုဒ္ဓဟောခဲ့တာက ဆွေမျိုးတော်စပ်တဲ့
နှစ်ပြည်ထောင်က စစ်တပ်နှစ်ခုကြားမှာပါ။ ရိုးရှင်းတဲ့
ဇာတ်လမ်းတရားငါးပုဒ်ပါဆရာ။
(၃)
ဆရာ
ပထမတစ်ပုဒ်က သစ်ပင်စောင့်နတ်နဲ့ ၀က်ဝံတစ်ကောင်အကြောင်းပါဆရာ။
ပုံပြင်ဇာတ်လမ်းလေးပါ။ ၀က်ဝံတစ်ကောင် လမ်းလျောက်သွားရင်း
သစ်ပင်တစ်ပင်အောက်အရောက် သစ်ကိုင်းခြောက်တစ်ခုက ကျိုးကျပါတယ်။
ဝက်ဝံအပေါ်ကျပါတယ်။ ၀က်ဝံက သူ့ကို သစ်ပင်စောင့်နတ်က လုပ်တယ် ထင်သွားပါတယ်။
ရန်ငြိုးထားပါတယ်။ ရထားလှည်းလုပ်ဖို့ သစ်ခုတ်လာတဲ့ လက်သမားတွေနဲ့
တွေ့ပါတယ်။ ရထားလှည်းလုပ်ဖို့ကောင်းတဲ့ သစ်ပင်ဆိုပြီး ခုတ်လှဲစေပါတယ်။
သစ်ပင်စောင့်နတ်ကလည်း ရန်ငြိုးပြန်ဖွဲ့ပါတယ်။ ရထားလှည်းအတွက်
အကောင်းဆုံးသား ရေကြိုးက ၀က်ဝံသားရေပဲလို့ လက်သမားတွေကို ပြောပါတယ်။ ၀က်ဝံ
အသတ်ခံရပါတယ်။ နားလည်မှုလွဲမှားပြီး သံသယနဲ့ ရန်ငြိုးထားကြတော့
အားလုံးပျက်စီးရတဲ့အကြောင်းပါဆရာ။
(၄)
ဆရာ
ဒုတိယတစ်ပုဒ်က ယုန်တစ်ကောင်ရဲ့ အတွေးကြောင့် သတ္တ၀ါ
တွေပင်ပန်းဒုက္ခရောက်ရတဲ့ ဇာတ်လမ်းပုံပြင်ပါ။ မိုးမြေပြိုရင်
ဘာလုပ်ရမလဲတွေးနေတဲ့ယုန်က အုန်းသျစ် သီးကြွေကျတာကို မိုးမြေပြိုတယ်ထင်ပြီး
ပြေးတာကစတာပါ။ ဘာကြောင့်ပြေးတာလဲမေးတဲ့ သတ္တ၀ါတွေကို မမေးနဲ့ ပြေးလို့ 
ပြောတော့ အားလုံးမဆင်မခြင်နဲ့ ပြေးကြတာပါ။ သူတစ်ပါးပြောသံ ကြားနားယောင်ပြီး
မဆင်မခြင်လုပ်ရင် မှားတတ်တယ်ဆိုတာကို နားလည်စေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
နောက်ဆုံးမှာ စဉ်းစားဆင်ခြင်တတ်တဲ့ ဘုရားလောင်းခြသေ့င်္က သတ္တ၀ါတွေကို
ရပ်တန့်စေပြီး အကြောင်းမှန် အုန်းသျှစ်သီးကြွေကျတာကို သိစေတာပါ။
(၅)
ဆရာ
တတိယတစ်ပုဒ်က ငှက်မငယ်လေးတစ်ကောင်နဲ့ ဆင်တစ်ကောင် အကြောင်းပါ။
ဆင်တွေသွားလေ့ရှိတဲ့ တောလမ်းတစ်နေရာက ငှက်သိုက်လေးတစ်ခုမှာ ငှက်ဥလေးတွေနဲ့
ငှက်မလေးတစ်ကောင်ပါ။ ပထမ ဆင်အုပ် ကတော့ ဘုရားလောင်းဆင် မင်းခေါင်းဆောင်တဲ့
ဆင်အုပ်ပါ။ ငှက်မလေးက မနင်းမိဖို့ တောင်းပန်တော့ ဆင်မင်းက
အကာအကွယ်ပေးခဲ့ပါတယ်။ နောက်ဆင်အုပ်က ဒေ၀ဒတ်လောင်းဆင်မင်းက ခေါင်းဆောင်ပါ။
ငှက်မလေးတောင်းပန်ပေမဲ့ ငါက နင့်ထက်အင်အားကြီးတယ်
နင်ဘာမှပြန်မလုပ်နိုင်ဘူးဆိုပြီး ဥတွေနဲ့ အသိုက်ကို နင်းချေသွားခဲ့ပါ တယ်။
ငှက်မလေးက ကျီး၊ ဖားနဲ့ ယင်ကောင်ကို မိတ်ဆွေဖွဲ့တယ်။ ကျီးကို ဆင်ရဲ့
မျက်လုံးတွေထိုး ဖောက်စေတယ်။ ယင်ကောင်ကို မျက်လုံးဒဏ်ရာပေါ်မှာ ဥအုစေတယ်။
ပိုးလောက်တွေ ဖြစ်စေတယ်။ ပိုးကိုက်တဲ့ ဝေဒနာခံစားရတဲ့ ဆင်အော်ဟစ်နေရတယ်။
ရေဆာတယ်။ မမြင်မကန်းနဲ့  ရေရှာတယ်။ ဖားက ချောက်ကမ်းပါးက အသံပေးတယ်။
ရေရှိမယ်ထင်ပြီး သွားတော့ ချောက်ထဲကျပြီး သေပါတယ်။ အသိဉာဏ်မဲ့ သူတို့က
အင်အားကို အဓိကထားပြီး အားနည်းသူကို အနိုင်ကျင့်ပေမဲ့ အသိဉာဏ်ရှိသူက
စည်းလုံးညီညွတ်မှု အဓိကထားပြီး အင်အားကြီးသူရဲ့ ရန်ကိုတုံ့ပြန်နိုင်တဲ့
အကြောင်းပါ ဆရာ။ (၆)
ဆရာ စတုထ္ထအပုဒ်က နတ်တွေနဲ့
သစ်ပင်တွေအကြောင်းပါ။ နတ်တွေက သစ်ပင်တွေပေါ်မှာ ဘုံဗိမာန်တွေနဲ့ နေကြတာပါ။
နတ်မင်းကြီးတစ်ပါးက ကျန်တဲ့နတ်တွေကို ပြောပါတယ်။ သူနေတဲ့ သစ်ပင်ရှိတဲ့
တောထဲက သစ်ပင်တွေ က တစ်ပင်နဲ့တစ်ပင် အကိုင်းချင်း ယှက်ဆက်နေတယ်။
လေမုန်တိုင်းဒဏ် ခံနိုင်တယ်။ ကိုယ်နေတဲ့ ဘုံဗိမာန်မပြိုလဲစေဖို
့ကိုင်းချင်းယှက်နေတဲ့ သူ့အနီးအနားက အပင်မှာနေကြဖို့ ပြောပါတယ်။
တချိုနတ်တွေက နားထောင်တယ်။ သူပြောသလို နေကြတယ်။ တချို့နတ်က နားမထောင်ဘူး။
သီးခြားနေမယ်ဆိုပြီး တစ်ပင်ထဲသီးသန့်ရှိတဲ့ အပင် တွေမှာ နေကြတယ်။
မုန်တိုင်းကျတဲ့အခါ ပင်ချင်းယှက်နေတဲ့အပင်တွေက ခံနိုင်ပြီး မလဲမပြို
ကျန်နေတယ်။ တစ်ပင်စီသီးခြားရှိနေတဲ့ အပင်တွေ ပြိုလဲကုန်ပါတယ်။
စည်းလုံးညီညွတ်နေကြမယ်ဆိုရင် ဘယ်သူကမှ ဖျက်စီးမရဘူးဆိုတဲ့ ဥပမာ ဇာတ်လမ်းပါ။
(၇)
ဆရာ နောက်ဆုံးတစ်ပုဒ်ကတော့ ငုံးငှက်တွေနဲ့
မုဆိုးအကြောင်းပါ။ မုဆိုးပိုက်ကွန်နဲ့ငြိနေတဲ့ ငုံးတွေကို
ခေါင်းဆောင်ဖြစ်တဲ့ ဘုရားလောင်းငုံးက အားလုံး ညီညီညွတ်ညွတ်
ပြိုင်တူရုန်းဖို့ ပြောတယ်။ ပိုက်ကွန်တစ်ခုလုံး မ၊ချီသွားနိုင်ပြီး
ဆူးခြုံပင်တစ်ပင်မှာ ပိုက်ကို တင်ကျန်စေပြီး အားလုံး လွတ်မြောက်ခဲ့ကြတယ်။
သို့ပေမဲ့ တစ်ခါမှာတော့ တစ်ကောင်နဲ့တစ်ကောင် အစာရှာရင်း ထိခိုက်မိတော့
ရန်ဖြစ်ကြတယ်။ ဘုရားလောင်းငုံးမင်းက အချင်းချင်း ရန်ဖြစ်ရင်
မညီမညွတ်ဖြစ်မယ်။ ဒုက္ခရောက်မယ် ပြောတယ်။ တချို့က လိုက်နာတယ်။ တချို့က
မလိုက်နာကြဘူး။ ဒါနဲ ပဲ ဘုရားလောင်းလည်း သူ့စကားလိုကနာတဲ့ သူတွေနဲ့ပဲ
အခြားအရပ်ကို ထွက်ခွာသွားရတယ်။ ကျန်တဲ့ငှက်တွေက မညီညွတ်တဲ့သူတွေပဲ
ကျန်ရစ်ပါတယ်။ မညီညွတ်တဲ့ငုံးတွေ ပိုက်ကွန်မိတော့ သူဝန်းကိုယ်ရုန်း
အငြင်းပွားရင်း မုဆိုးရဲ့ဖမ်းဆီးခြင်း ခံရပါတယ်။
(၈)
ဆရာ
အချင်းချင်း မညီညွတ်ကြလို့  ဒုက္ခရောက်ရတဲ့ အကြောင်း ဟောပြပြီးတော့မှ
အတ္တအစွဲကြီးရင် မာနနဲ့ နိုင်းယှဉ်မှု ဖြစ်တယ်။ ၀န်တိုမှုတွေ ဖြစ်တယ်။
မငြိမ်းချမ်းမှုဖြစ်တယ်ဆိုတဲ့ တရားကိုလည်း ဟောခဲ့ပါတယ်။ ပုထုဇဉ်
သာမန်လူတွေမှာတော့ အတ္တအစွဲတွေရှိကြမှာပါ။ ဒါပေမဲ့ သတိနဲ့
စဉ်းစားဆင်ခြင်ပြီး လုပ်သင့်တာလုပ်ဖို့နဲ့ မလုပ်သင့်တာ မလုပ်မိဖို့
တာဝန်ရှိကြပါတယ်။ (၉)
ဆရာ အောင်မြင်တဲ့
နိုင်ငံတစ်နိုင်ငံ ဖြစ်ဖို့ အခြေခံစည်းမျဉ်းတွေထဲမှာ ငြိမ်းချမ်းရေးလည်း
ပါပါတယ်။ စင်ကာပူပညာရှင်တစ်ဦးဖြစ်တဲ့ ကီရှိုး မဟာဘူဘာနီက နိုင်ငံတစ်နိုင်ငံ၏
အောင်မြင်မှုနှုန်းထား MPH ကို တင်ပြခဲ့ပါတယ်။ Meritocracy, Peace, Honest (MPH)တို့ ဖြစ်ကြပါတယ်။ ပြည်သူက ထိုက်ထိုက်တန်တန် အပ်နှင်းထားတဲ့ စီမံအုပ်ချုပ်မှုစနစ် Meritocracy ရှိရပါမယ်။ လုံခြုံစိတ်ချ အေးချမ်းစွာ နေထိုင်နိုင်ဖို့ ဖန်တီးပေးတဲ့ ငြိမ်းချမ်းရေး စနစ် Honest
ရှိရပါမယ်။ လာဒ်ပေးလာဒ်ယူမှုကို ရှက်စရာလို့ ခံယူတတ်တဲ့ ရိုးသားမှုစနစ်
Right Software ရှိရပါမယ်။ အဲဒီစနစ်သုံးခုကို အခြေခံစည်းမျဉ်း
သုံးခုလို့လည်း ခေါ်ဆိုပါတယ်။ မှန်ကန်တဲ့ဆော့ဝဲ Right Software လို့လည်း
ခေါ်ပါတယ် ဆရာ။
စင်ကာပူပညာရှင်တစ်ဦးဖြစ်တဲ့ ကီရှိုးမဟာဘူဘာနီက နိုင်ငံတစ်နိုင်ငံ၏ အောင်မြင်မှုနှုန်းထား MPH ကို တင်ပြခဲ့ပါတယ်။ Meritocracy, Peace, Honest (MPH)တို့ ဖြစ်ကြပါတယ်။ ပြည်သူက ထိုက်ထိုက်တန်တန် အပ်နှင်းထားတဲ့ စီမံအုပ်ချုပ်မှုစနစ် Meritocracy
ရှိရပါမယ်။ လုံခြုံစိတ်ချ အေးချမ်းစွာ နေထိုင်နိုင်ဖို့ ဖန်တီးပေးတဲ့
ငြိမ်းချမ်းရေးစနစ် Peace ရှိရပါမယ်။ လာဘ်ပေးလာဘ်ယူမှုကို ရှက်စရာလို့
ခံယူတတ်တဲ့ ရိုးသားမှုစနစ် Honest ရှိရပါမယ် . . .
|
(၁၀)
ဆရာ
နိုင်ငံတကာ တက္ကသိုလ်တွေက သင်ရိုးသစ်တွေမှာလည်း ငြိမ်းချမ်းရေးပညာ၊
အငြင်းပွားမှု ညှိနှိုင်းဖြေရှင်း နည်းပညာတွေ သုတေသနပြု
သင်ကြားလေ့လာကြရတယ်လို့ ကြားသိရပါတယ်ဆရာ။ မြန်မာတက္ကသိုလ်တွေမှာတော့
တိတိကျကျ သီးခြားဘာသာရပ်တစ်ခုအနေနဲ့ မရှိ သေးပါဘူးဆရာ။
(၁၁)
ဆရာ
ဆရာရေးတဲ့ အနေခက်အောင် ကူညီကြသူများစာအုပ်က လျော်ညီစွာနဲ့ဆိုတဲ့
ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိပါတယ် ဆရာ။ လူတိုင်းကိုယ်နဲ့လျော်ညီတဲ့ အလုပ်တွေ
လုပ်ဆောင်သင့်တဲ့ အကြောင်းပါ ဆရာ။ ခြင်္သေ့က ခြင်္သေ့နဲ့ မလျော်ညီတဲ့
ကြွက်ဖမ်းဖို့ ကြွက်တွင်းမယက်ဖို့ ရေးထားပါ တယ်။ ရပ်ကွက်ဘုရားပွဲမှာ ကိုယ်က
နတ်ဗြဟ္မာအ၀တ်နဲ့ လှည့်နေတုန်းမှာ နတ်နဲ့ မလျှော်ညီတဲ့ အပြုအမူ
ဖြစ်တတ်ပုံတွေ ဆရာရေးထားတာပါ။ ပြီးတော့ ဆရာက ကွန်ဖြူးရှပ်ရဲ့ အယူအဆတစ်ခုဖြစ်တဲ့ အမည်နဲ့ လျော်ညီစွာ ကျင့်သုံးနေထိုင်မှု (The Ratification of Name) ကို ရေးပါတယ်။ မင်းက မင်းနဲ့တူရမယ်။ မှူးမတ်က မှူးမတ်နဲ့တူရမယ်။ ဖခင်က ဖခင်နဲ့တူရမယ်။ သားက သားနဲ့တူရမယ်ဆိုတဲ့ အယူအဆပါ။
(၁၂)
ဆရာ
ဆရာလည်း ပုံပြင်လေးတပုဒ် ရေးထားပါတယ်။ ပြောင်းဖူးခင်းထဲက ပြောင်းဖူး
ခိုးစားတဲ့ ဖိုးသူတော် အကြောင်းပေါ့ ။ ပြောင်းဖူးက အဆံမပြည့်လို့ 
ဖိုးသူတော်က ယာသမားကို အပြစ်တင်တယ်။ ယာသမားက မြေမကောင်းလို့ပါ ပြောတယ်။
ဖိုးသူတော်က မြေနတ်ကို အပြစ်တင်တယ်။ မြေနတ်ကလည်း မိုးမမှန်လို့ပါ ပြောတယ်။
ဖိုးသူတော်က မိုးနတ်ကို အပြစ်တင်တယ်။ မိုးနတ်က မင်းကျင့်တရားမညီလို့ပါ
ပြောတယ်။ ဖိုးသူတော်လည်း ဘုရင်ကိုသွားပြီး မင်းကျင့်တရားနဲ့လျော်ညီဖို့
ပြောတယ်။ သည်တော့ဘုရင်ကလည်း ဖိုးသူတော်ကို ပြောတယ်။ ဖိုးသူတော်က
ဖိုးသူတော်နဲ့ လျော်ညီတဲ့ အကျင့်မကျင့်ဘဲ သူတစ်ပါးပြောင်းခင်းက
ပြောင်းဖူးခိုးစားတယ်လို့ ပြောလိုက်ပါတယ်။
(၁၃)
ဆရာ
ဆရာရေးတဲ့စာဖတ်ပြီး ဖိုးသူတော် ဖြစ်မှန်းမသိဖြစ်နေကြတဲ့သူတွေအကြောင်း
စဉ်းစားနေမိပါတယ် ဆရာ။ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေကြတဲ့
နိုင်ငံသားကောင်းများ အကြောင်းကိုလည်း စဉ်းစားနေမိပါတယ်ဆရာ။
EMG |
No comments:
Post a Comment