menu

Thursday 28 June 2012

အာရှသန်းကြွယ်သူဌေး အရေအတွက်သည် အမေရိကထက် ပိုမိုများပြားလာ






အာရှ-ပစိဖိတ်ဒေသသည် မြောက်အမေရိကကို ကျော်လွန်ပြီး ကမ္ဘာတွင် သန်းကြွယ်သူဌေး အရေအတွက် အများဆုံးရှိရာ ဒေသအဖြစ် ပထမဆုံးအကြိမ် ဖော်ပြခံခဲ့ရကြောင်း Capgemini and Royal Bank of Canada မှ နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာ ဥစ္စာဓနကြွယ်ဝမှု အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။

အာရှ-ပစိဖိတ်၏ သန်းကြွယ်သူဌေးများသည် ၂၀၁၁ ခုနှစ်တွင် တစ်ဦးချင်း အသားတင်ပိုင်ဆိုင်မှု (HNWI)ဒေါ်လာ ၃ ဒသမ ၃၇ သန်းဖြင့် မြောက်အမေရိကကို ကျော်တက်ခဲ့ခြင်းဖြစ်သည်။ အိမ်ခြံ မြေ၊ ဥစ္စာဓနစုဆောင်းမှုနှင့် ရေရှည် သုံးစွဲနိုင်မှုများကို ထည့်မတွက်ဘဲ ရင်းနှီးမြှုပ်နှံမှုမှ အနည်းဆုံး ဒေါ်လာတစ်သန်း ရရှိသည့်သူများကို သတ်မှတ်ခြင်းဖြစ်သည်။


အာရှပစိဖိတ်၏ ရင်းနှီးမြှုပ်နှံမှု ရငွေ အမေရိကန် ဒေါ်လာ၁၀ဒသမ ၇ထရီလျံနှင့် နှိုင်းယှဉ်ပါက မြောက်အမေရိကသည် ဒေါ်လာ ၁၁ ဒသမ ၄ ထရီလျံဖြင့် အမြင့်ဆုံးဖြစ်သော်လည်း HNWI တွင် ၃ ဒသမ ၃၅ သန်းသာရှိသဖြင့် ဒုတိယနေရာတွင် ဖော်ပြခဲ့သည်။

HNWI ရင်းနှီးမြှုပ်နှံမှုများ လုံခြုံမှုမရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ပိုင်ဆိုင်မှုများကို ငွေသားအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်မှု နည်းလာခြင်းများကြောင့် အရှေ့အလယ်ပိုင်းမှလွဲပြီး ဒေသအားလုံးတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့သည်။

အာရှပစိဖိတ်တွင် HNWI တိုးတက်မှု၏ ထက်ဝက်နီးပါး အရေအတွက်ကို တရုတ်နိုင်ငံက နေရာယူထားခဲ့သည်။

Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis