menu

Thursday 28 June 2012

အိုင်းစတိုင်းသီအိုရီ မှန်ကန်နေဆဲ၊ အလင်းထက်မြန်သော အမှုန်သုတေသန အောင်မြင်ခဲ့သည်ဆိုခြင်းမှာ မှားယွင်းကြောင်း သိပ္ပံပညာရှင်များ ၀န်ခံ






နျူထရီနို အက်တမ်တစ်ပိုင်း အမှုန်များကို အလင်းထက် လျင်မြန်သော အမြန်နှုန်းဖြင့် ပို့လွှတ်နိုင်ခဲ့သည်ဆိုသော ယမန်နှစ်ကပြုလုပ်ခဲ့သည့် သုတေသန အောင်မြင်သည်ဆိုခြင်းမှာ မှားယွင်း တွက်ချက်မိခြင်းသာဖြစ်ကြောင်း ယင်းသုတေသနကို ဦးဆောင်လုပ်ကိုင်ခဲ့သော သိပ္ပံ ပညာရှင်များက ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စကြ၀ဠာအတွင်း အက်တမ်တစ်ပိုင်း အမှုန်များသည်လည်းအခြား အရာရာတိုင်းကဲ့သို့ပင် အလင်းအမြန်နှုန်းထက် ပိုမြန်အောင် မသွားနိုင်သည်မှာ သေချာကြောင်း ၀န်ခံခဲ့ရခြင်းဖြစ်ပြီး ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း၏ တွက်ချက်ဖော်ထုတ်ခဲ့မှုများ မှန်ကန်ဆဲဖြစ်ကြောင်း ၀န်ခံခဲ့ရခြင်းလည်းဖြစ်သည်။


ဥရောပ နျူကလီးယား သုတေသနစင်တာ (CERN) မှ ပညာရှင်များသည် နျူထရီနိုအမှုန်များကို အလင်းထက်မြန်အောင် ပို့လွှတ်နိုင်ပြီဖြစ်ကြောင်း ယမန်နှစ်က ကြေညာခဲ့သည်။ မော်ဒန်ရူပနယ်ပယ်တစ်ခုလုံးကို ကိုင်လှုပ်ခဲ့ကာ အိုင်းစတိုင်း၏ ၁၉၀၅ ခုနှစ် အထူးနှိုင်းရ သီအိုရီလာ သဘောတရားဖြစ်သော အလင်း၏ အလျင်သည် စကြ၀ဠာအတွင်း အမြန်ဆုံးဖြစ်သည်ဆိုသော အယူအဆ မှားယွင်းနေပြီလောဟုပါ သံသယဖြစ်စေခဲ့သည်။
w7_36_06_1
နျူထရီနိုအမှုန်များကို CERN ၏ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာရှိ မြေအောက်ဓာတ်ခွဲခန်းမှ အီတလီရှိ ဂရန်ဆက်ဆိုဓာတ်ခွဲခန်းသို့ ပို့လွှတ်ပြီး အမြန်နှုန်း တိုင်းတာခဲ့ခြင်းဖြစ်သည်။

ခရီးမိုင် ၄၅၄ မိုင် အကွာအဝေးကို ဖြတ်သန်းရန် နျူထရီနိုများမှာ ၀ ဒသမ ၀၀၂၄ စက္ကန့် ကြာမြင့်ရမည်ဖြစ်သော်လည်း မျှော်လင့်ထားသည်ထက် ၀ ဒသမ ၀၀၀၀၀၀၀၆ စက္ကန့်ပိုစောပြီး ရောက်ရှိခဲ့ကြောင်း အစောပိုင်း တိုင်းတာမှုများအရ တွေ့ရှိခဲ့ရကာ အလင်းထက် မြန်ဆန်စွာပို့ နိုင်ပြီဟု ကြေညာခဲ့ကြသည်။

ဇွန်လ ၈ ရက်နေ့တွင် ဂျပန်နိုင်ငံမြို့တော်ဟောင်းကျိုဒို၌ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ နျူထရီ နိုရူပဗေဒနှင့် အာကာသရူပဗေဒဆိုင်ရာ နိုင်ငံစုံကွန်ဖရင့်တွင်မူ ယင်းသုတေသနဆောင်ရွက်ခဲ့သည့် CERN မှ OPERA အဖွဲ့က တွေ့ရှိခဲ့မှုမှာ မှားယွင်းတွက်ချက်ခဲ့ခြင်းသာဖြစ်ကြောင်း ၀န်ခံခဲ့ရခြင်း ဖြစ်သည်။ ယင်းသုတေသနနှင့်ပုံစံတူ သုတေသနကိုလည်း ဂရန်းဆက်ဆို ဓာတ်ခွဲခန်းမှ ရူပဗေဒ နိုဗယ်ဆုရှင်ကာလိုးရူဗီယာဦးဆောင်သည့် ICARUS အဖွဲ့က ထပ်မံလုပ် ဆောင်ခဲ့ပြီး နျူထရီနိုများသည်လည်း စကြ၀ဠာ၏ အမြန်နှုန်း ကန့်သတ်ချက်အတွင်းသာရှိကြပြီး အလင်းထက် ပိုမြန်စွာ မသွားနိုင်ကြောင်း အတည်ပြုပေးခဲ့ကြသည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis