menu

Wednesday 4 September 2013

သမ္မတလောင်း ဦးသံချောင်း နှင့် တွေ့ ဆုံမေးမြန်းခြင်း


ရေးထားတာလေး သဘောကျလို့

သမ္မတလောင်း မောင်သံချောင်းကိုအားပေးချစ်ခင်သူများ Facebook Page မှ ကူးယူလာခြင်းဖြစ်ပါသည်။

Q မင်္ဂလာပါ ဦးသံချောင်းခင်ဗျာ

A ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ ..

Q ပထမဆုံးအနေနဲ့ မေးချင်တာက မြန်မာ/ ဗမာ အခေါ်အဝေါ်နဲ့  ပတ်သတ်ပြီး ဦးသံချောင်းရဲ့  သဘောထားအမြင်ကိုသိချင်ပါတယ် ။

A တကယ်တော့ မြန်မာပဲဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် အဓိကအရေးကြီးတာ မာ ဖို့ ပါပဲ ။ အဲ့ဒိတော့ ကျွန်တော်သာ သမ္မတဖြစ်ရင် မာမာတောင်ပြည်ထောင်စုသမ္မတနိုင်ငံတော် လို့  အမည်ပြောင်းပါမယ့် ။ ဒါဆိုရင် တိုင်းရင်းသားတွေအနေနဲ့ လည်း မဟာဗမာလူမျိုးကြီးဝါဒ လို့  စွပ်စွဲစရာမရှိပါဘူး ။

Q ဦးသံချောင်းဟာ သမ္မတအာဏာကိုရချင်တယ်လို့ ခဏခဏပြောခဲ့တယ်နော် ။ အဲ့ဒိအတွက် ဦးသံချောင်းကို အာဏာမက်တယ် လို့ စွပ်စွဲရင် ဦးသံချောင်းလက်ခံနိုင်ပါသလား ။


A တကယ်တော့ နိုင်ငံရေးသမားတိုင်းဟာ အာဏာ မက်ကြပါတယ် ။ ထုတ်ပြောတာနဲ့ မပြောတာပဲကွာခြားပါတယ် ။ အာဏာဆိုတာ တစ်နည်းအားဖြင့် လုပ်ပိုင်ခွင့်ပါပဲ ။ ဒီအာဏာတွေ လုပ်ပိုင်ခွင့်တွေကို ပြည်သူတွေအတွက်အသုံးမချပဲ ကလပ်ကကောင်မလေးတွေကို ဟိုတယ်ခေါ်ဖို့ နေရာမှာ အသုံးချတာမျိုးမဟုတ်ရင် ဒီစိန်ဘယက်လေး အိမ်လာပို့ လိုက်လေဆိုတဲ့နေရာမှာ အသုံးချတာမဟုတ်ရင် နိုင်ငံရေးသမားတိုင်း အာဏာမက်သင့်တယ်လို့  ကျွန်တော်မြင်ပါတယ် ။

Q အခြေခံဥပဒေကိုပြင်ဆင်ခွင့်ရမယ်ဆို ဦးသံချောင်းအနေနဲ့ ဘယ်လိုအချက်တွေကို ပြင်ဆင်စေချင်ပါသလဲခင်ဗျာ ။

A ဟုတ်ကဲ့ ။ ပြင်ဆင်ရမယ့်အချက်တွေများစွာရှိပါတယ် ခင်ဗျ ။ ပထမဆုံး ပြင်ဆင်မှာက ဥပဒေပြုရေးပါ ။ အခုလက်ရှိမှာက ဥပဒေပြုရေးကို ပြည်သူ့ လွှတ်တော်က အဓိကချုပ်ကိုင်ထားသလိုဖြစ်နေပါတယ် ။ အဲ့ဒါကြောင့် လွှတ်တော်အသီသီးကနေ ဥပဒေတွေ လိုရင်လိုသလိုပြဌာန်းနိုင်အောင် အခြေခံဥပဒေကို ပြန်လည်ပြန်ဆင်သွားပါမယ် ။ ပြီးတော့ ပြည့်သူလွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်ဆိုတဲ့ လွှတ်တော်သုံးရပ်အပြင် သံဃာလွှတ်တော်ဆိုပြီး လွှတ်တော်တစ်ရပ်ကိုလည်း တိုးချဲ့  ဖွဲ့ စည်းနိုင်ဖို့  ပြင်ဆင်သွားပါ့မယ် ။ ဒါမှသာ သံဃာတော်တွေအနေနဲ့  ဥပဒေ တွေကို လွယ်လင့်တကူ ချမှတ်ထုတ်ပြန်နိုင်မှာပါ ။

Q လွှတ်တော်မှာ တပ်မတော်က အမတ်နေရာ ၂၅ ရာခိုင်းနှုန်းယူထားတာနဲ့ ပတ်သတ်ပြီးတော့ ရော ဘယ်လိုသဘောရပါသလဲခင်ဗျာ ။ ဒီ ၂၅ ရာခိုင်နှုန်းဟာ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အနှောက်အယှက်အတားအဆီးတစ်ခု ဖြစ်လာနိုင်ပါသလား ။

A ဒါကို ကျွန်တော်လုံးဝ မစိုးရိမ်ပါဘူး ။ ဒီ ၂၅ ရာခိုင်နှုန်းကို ကျွန်တော် ကျောထောက်နောက်ခံပြုထားတဲ့ ဖေ့ဘုတ်ရပ်ဝန်းမှာ တစ်မတ်သား လို့ ခေါ်ကြပါတယ် ။ ဒါဟာ တစ်ကျပ်မပြည့်တာပါ ။ အဲ့ဒိတော့ ဒီကျပ်မပြည့်တဲ့ သူတွေဟာ အနှောက်အယှက်အတားအဆီး တစ်ခုဖြစ်နေလိမ့်မယ်လို့  ကျွန်တော် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး ။ ကျွန်တော်ဆိုလိုတာက သူတို့ က ၂၅ ရာနှုန်းပဲရှိပြီး ကျန် ၇၅ ရာနှုန်းက ကျွန်တော်နဲ့ အတူရှိနေလိမ့်မယ် ဆိုတဲ့သဘောပါ ။

Q သံဃာတော်တွေနိုင်ငံရေးထဲ ဝင်လာတာနဲ့ ပတ်သတ်ပြီး ဦးသံချောင်း အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ ။

A ကြိုဆိုပါတယ် ။ ကမ္ဘာကြီးမှာ ယဉ်ကျေးမှုခြင်း ယုံကြည်မှုခြင်း ဝါဒခြင်း ဟာကူးလူးဆက်ဆံနေကြတာ ကြာပါပြီ ။ အဲ့ဒိတော့ သံဃာ့အလုပ်ရယ် လူအလုပ်ရယ်လို့  ခွဲခြားမနေသင့်ပါဘူး ။ သံဃာတွေက နိုင်ငံရေးလုပ်ပြီး လူတွေကတရားဟောဖို့  ကြိုးစားရပါ့မယ် ။

Q မြန်မာနိုင်ငံရဲ့  နိုင်ငံရေးနဲ့ ပြည်တွင်းရေးတွေမှာတရုတ်နိုင်ငံရဲ့ ဝင်ရောက်စိုးမိုးချင်နေတဲ့ အနေအထားကို ဘယ်လိုလျော့ချပစ်သင့်ပါသလဲ။ အိမ်နီးချင်းနိုင်ငံတွေအပေါ်ကို ဘယ်လို ဗျူဟာ သံတမန်နည်းတွေနဲ့ ရေရှည်ဆက်ဆံသွားမလဲသိချင်ပါတယ်

A အတိုဆုံးပြောရရင်တော့ စီးပွားရေးပါပဲ ။ ကိုယ့်နိုင်ငံက ချမ်းသာနေရင် ဘယ်နိုင်ငံကမှနှိမ့်ချလို့ မရပါဘူး ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ကိုထိပါလာမှာလည်း ပူစရာမရှိတော့ပါဘူး ။ ငွေရှိရင် ခေတ်မှီစစ်လက်နက်တွေနဲ့  တပ်မတော်ကိုပံပိုးပေးနိုင်ပါတယ် ။ လိုအပ်ရင် နိုင်ငံတကာက ကြေးစားစစ်သည်တွေကိုတောင် ဌားလို့ ရပါတယ် ။ ပြီးတော့ တရုတ်နိုင်ငံ ။ တရုတ်ရဲ့ အင်အားကို ပျော့သွားအောင် လုပ်ရပါမယ် ။ သူတို့ အင်အားချိနဲ့ လာရင် အာရှနဂါးဆို ပြီး လူတွင်ကျယ် လုပ်နိုင်တော့မှာမဟုတ်ပါဘူး ။

အဲ့ဒိတော့ ကိုလိုနီခေတ်က အင်္ဂလိပ်တွေရဲ့ ဗျူဟာအတိုင်း ဘိန်းကျွန်ဖြစ်အောင်လုပ်ပါမယ် ။ တရုတ်နိုင်ငံကို သုံးနှစ်စီမံကိန်းချပြီး ဘိန်းဖြူ နဲ့ တစ်ခြားသောမူးယစ်ဆေးဝါးတွေကို အချိုသာဆုံးဈေးနှုန်းနဲ့ တင်သွင်းဖြန့် ချီပါမယ် ။ လိုအပ်ရင် အလကားနီးပါးဈေးနဲ့ ကို ဖြန့် ပစ်မှာပါ ။ သူနိုင်ငံသားတွေ ရဲ့  ဘိန်းဝယ်လိုအား မြင့်တက်လာတဲ့အချိန်ကြမှ ကြိုက်ဈေးနဲ့ ဈေးကွက်ကို ထိန်းပြီး သူ့ နိုင်ငံရဲ့  ဝယ်လိုအားထက် လျှော့ပြီး ဖြန့် သွားပါ့မယ် ။ ဒါမှ တရုတ်ပြည်ဟာ မြန်မာနိုင်ငံကို အမြဲတမ်း ဘိန်းလိုအပ်ချက်ကြောင့် အောက်ကျို့ ဆက်ဆံနေရမှာပါ ။ ဒီနည်းလမ်းအတိုင်းပဲ တစ်ခြား အာဆီယံနိုင်ငံတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ ။ ငါးနှစ်အတွင်း စင်္ကာပူနိုင်ငံကိုမှီရမယ်ဆိုတာ ကျွန်တော့်အတွက် ရယ်စရာအကောင်းဆုံးပျက်လုံးပါပဲ ။ ကျွန်တော်သာ သမ္မတရာထူးကိုရခဲ့ရင် ၃ နှစ်အတွင်း စင်္ကာပူကို ကျော်ဖြတ်နိုင်ရုံမက တစ်ချိန်က ဒေသတွင်းနိုင်ငံတွေမှာ အောက်ကျခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံကို ဒေသတွင်း စူပါပါဝါ နိုင်ငံဖြစ်အောင် လုပ်ဆောင်သွားမှာပါ ။

Q လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် ဦးသံချောင်းရဲ့ အဓိကပြိုင်ဘက်ဟာ ဒေါ်အောင်းဆန်းစုကြည်လား ဦးရွှေမန်းလား ။

A မောင်ထိန်လင်းပါ ။

Q ဟုတ်ကဲ့ ။ အဲ့ဒိအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ ။ ဦးသံချောင်းအနေနဲ့ သူကိုဖြတ်ကျော်နိုင်မယ်ထင်ပါသလား ။

A ဘာမှထူးပြီး ပြင်ဆင်စရာစရာ မရှိပါဘူး ။ မောင်ထိန်လင်း ဟာ ကုလားပါလို့  သတင်းလွှင့်လိုက်ရင် သူ့ ဘာသာ ကိစ္စပြတ်သွားပါလိမ့်မယ် ။

Q နောက်ဆုံးမေးခွန်းပါ ။ ဒီနေရာကနေ ပြည်သူတွေကို ဦးသံချောင်းအနေနဲ့ ဘာပြောချင်ပါသလဲ ။

A အများကြီး မပြောချင်ပါဘူး ။ ကျွန်ုပ်ကို မဲ ပေးဖို့  သင်တာဝန်ယူပါ ။ သင့်အနာဂတ်ကို ကျွန်ုပ်တာဝန်ယူပါ့မယ် ။ ဒါပါဘဲ ။

အခုလိုအချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

ဟုတ်ကဲ့ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ် ။

MK MEDIA

https://www.facebook.com/presidentmgthanchaung?hc_location=timeline

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis