menu

Tuesday 15 January 2013

လဒနဲ့ ကက်ကင်း (မာဂျေ)

လွင်ကိုတိတ် / မြန်မာတိုင်း(မ်)လွင်ကိုတိတ် / မြန်မာတိုင်း(မ်)
"အစ်ကိုကြီး သတင်းထူးတစ်ခုကြားပြီးပြီလား"လို့ တပည့်မောင်ဆိတ်သိုးက အမေးတော်ရှိလာရင်ပဲ
"သတင်းတွေက ထူးတာတွေများလွန်းလို့ ဘာတွေမှန်းကို မသိတော့ပါဘူးကွာ၊ ကဲ ပြောဘာတွေ
ကြားလာပြန်လို့လဲ"
"ကြားလာတာမဟုတ်ဘူး။ မြင်လာတာဗျ။ ရွှေတိဂုံဘုရားပေါ်မှာ လဒ (လင်းတ)တွေ နားနေလို့"
"အဲဒါကို သတင်းလို့ခေါ်တယ်လား။ ဟာဟာဟ၊ ဒီလိုဆောင်းတွင်းမှာ တိဘက်ကုန်းမြေမြင့်နဲ့
ဟိမ၀န္တာမှာ အအေးဓာတ်လွန်ကဲလို့ အဲဒီကငှက်တွေ ဆောင်းခိုရင်း ရာသီဥတုနွေးတဲ့ပင်လယ်ဘက်
ဆင်းလာတာလေ၊ ဒါများ အထူးအဆန်းလုပ်လို့"
"အစ်ကိုကြီးကသာ မထူးတာ၊ ဗေဒင် ဆရာတွေကတော့ ထူးတယ်ဆိုပြီး ဟောစာတမ်းတွေ အများ
ကြီး ထွက်လာပါ ပေါ့လား"

"ဘာလဲ၊ ဘုရားပေါ်မှာ လဒနားလို့ အတိတ်နိမိတ် မကောင်းဘူးတို့၊ မကောင်းတဲ့အပြောင်းအလဲရှိနိုင်
တယ်တို့၊ အင်္ဂါထောင့်နဲ့ သောကြာထောင့်မှာ နားလို့ သောကြာသားနဲ့ အင်္ဂါသမီးတို့ အတွက်
မကောင်းဘူးတို့၊ နေပြည်တော် က ဘုရားမှာ မနားဘဲ ရန်ကုန်က ရွှေတိဂုံ ပေါ်နားလို့ ပြည်သူတွေ
အတွက်လည်း ထိခိုက်နိုင်တယ်တို့ ဆိုတာတွေ မဟုတ်လား"
"အာလာလာ၊ ခင်ဗျားကြီးက ဒါတွေဘယ်လိုလုပ်သိနေတာလဲ"
"ငါ့မိန်းမက ထွက်သမျှဂျာနယ် အကုန်ဝယ်ဖတ်၊ သူ့သမီး ကျောင်းလိုက်ပို့ရင်း မိဘချင်းလည်း လေ
ကန်နေကျ၊ ငါ့မှာ ဘာသတင်းဂျာနယ်မှ ၀ယ်စရာမလိုဘူး။ ညနေအိမ်ပြန်ရင်ကို မာဂျေရေဆိုပြီး
သူပြောတာနားထောင်ရုံနဲ့ အကုန်သိရတယ်။ ရွှေတိဂုံမှာနားလို့ ရွှေလဒလို့ ခေါ်သင့်ကြောင်း လူကြီး
တစ်ယောက်က တောင်ပြောသေးသတဲ့"
"တော်သေးတာပေါ့။ ကျွန်တော့အိမ် ပေါ်လာနားရင် ဒီကောင်တွေ ဆိတ်လဒ ဖြစ်မှာ။ ကဲ..ရွှေတိဂုံ
ဘုရားမှာ လဒ နားတဲ့အပေါ် ခင်ဗျားကြီးရဲ့ အမြင်လေး ပြောပြစမ်းပါ"
"မောင်ဆိတ်သိုးရယ်၊ ငါပြောပြီးပြီ လေ။ လဒတွေ မိုင်ထောင်ချီပျံရင်း အတောင်ညောင်းလို့ ၀င်နား
တာပေါ့။ အဆိုတော်ခင်မောင်တိုးသာရှိသေးရင် လဒတို့ရဲ့ မိုင်ထောင်ချီခရီးစဉ်ဆိုပြီး သီချင်းတောင်
ထွက်လာနိုင်သေးတယ်။ အရင်ကလည်း ရွှေတိဂုံဘုရားပေါ် ကျားတက်ဖူးတာပဲ။ တိုင်းပြည်က
ဘာဖြစ်သွားလို့လဲ။ တက်တဲ့ကျားပဲ သေသွားတာ လေ။ သီချင်းတောင် ထွက်လာသေးတယ်။
ရွှေတိဂုံဘုရားမှာ ကျားတက်တာ ငါးရက်ကြာ၊ ဂေါ်ရာတွေ သေနတ်နဲ့ ၀ိုင်းပစ်တာ ကျားစင်းစင်း
သေဆိုပြီး"
"ဒါဆိုလည်း အရင်က ဘာလို့ ဘုရားမှမနားဘဲ ခုမှနားရသလဲဗျာ"
"ဒါတော့ မင်းယောက်ဖ လဒတွေကို သွားမေးမှပဲသိတော့မယ်။ တိရစ္ဆာန်ပဲကွ၊ သူ့ဟာသူ နားချင်တဲ့
နေရာ နားမှာပေါ့။ မင်းကို ငါ တစ်ခုပြောပြမယ်။ လဒဆိုတဲ့ အမျိုးက သစ်ပင်မြင့်မြင့်တွေပေါ်မှာ
အသိုက်လုပ်နေတဲ့ အကောင်တွေ။ သူတို့ မှာ ငါတို့နိုင်ငံထဲရောက်တော့ နားစရာ သစ်ပင်မြင့်မြင့်က
တစ်ပင်မှမရှိတော့လို့ ဘုရားအမြင့်ကိုပဲ သစ်ပင်အမြင့် အမှတ်နဲ့ နားရတာနေမှာပေါ့။ လွန်ခဲ့တဲ့ ၁၀
နှစ်လောက်ကလည်း သန်လျင်ဘက် မှာ လဒတွေပျံရင်း အတောင်ညောင်း ပြီး ပြုတ်ကျဖူးတာပဲ။
အဲဒီတုန်းကလည်း ၀ိုင်းဖမ်းပြီးတိရစ္ဆာန်ရုံပို့ခဲ့ကြတာပဲလေ"
"ဒါဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့တို့၊ သစ်ပင်တွေမခုတ်ဖို့တို့ကို အစ်ကိုကြီး ပြောချင်တာ
လား"
"ဟေ့ကောင်၊ ငါကဘာမှမပြောဘူး နော်။ မင်းဟာမင်း ထင်ရာတွေမေးပြီး ထင်ရာတွေ လျှောက်ရေး
မလို့ မဟုတ်လား။ မင်းရေးချင်ရင် တိရစ္ဆာန်တောင် နေချင်သလို မနေရတဲ့ မြန်မာဂျာနယ် လောက
ဆိုပြီး ရေး"
"ဟီး ဟီး၊ ဒီလိုပဲကြံဖန်ပြီး ရေခပ်မလို့လေ။ သူများတွေဆို အစိုးရဆီက ခပ်လိုက်၊ နိုင်ငံတကာဆီက
ခပ်လိုက်နဲ့ ရေကိုလျှံနေတာပဲ"
"မင်းတို့မလဲ တွေ့လိုက်ရင် ဒီလိုချည်း ဆိုသလို ဖြစ်နေတယ်။ မနေ့ကပဲ ငါ့တူ က အင်န်ဂျီအိုတစ်ခု
ထောင်ပြီး နိုင်ငံခြား အထောက်အပံ့ရှာမလို့ဆိုပြီး လာပြောသွားသေးတယ်"
"အစ်ကိုကြီးတူကိစ္စ အသာထားပြီး ဒီလ ဒတွေနဲ့ပတ်သက်လို့ ဗေဒင်ဟော ကိန်းတွေ ထွက်နေတဲ့
အပေါ်ရော"
"ပြောပြီးပြီလေ။ နောက်ကို မနားစေချင်ရင် လက်ဖြောင့်တပ်ဖွဲ့ထားပြီး လာတာနဲ့ ပစ်ချချင်ပစ်ချ၊
ဒါမှမဟုတ် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာထဲသို့ ၀င်ရောက် ကျူးကျော်က မျက်ရည်ယိုဗုံးဖြင့်
(အဲလေ) ပစ်ခတ်ဖမ်းဆီးခြင်းခံရမည် ဆိုတဲ့ ဆိုင်းဘုတ်ကို ဘုရားပေါ်ထောင် ထားပေါ့"
"ဟာဗျာ..လဒက စာမှမဖတ်တတ် တဲ့ဟာကို။ ပြီးတော့ အဲဒီလိုပစ်ခတ်လိုက်လို့ လဒတွေ ဒဏ်ရာရ
သွားရင် ဆေးပြန်ကုပေးရမယ့် စရိတ်ကနည်းတာမဟုတ်ဘူး။ တော်ကြာ တောရိုင်းတိရစ္ဆာန်
ကာကွယ်စောင့်ရှောက်ရေးအသင်း တွေ ဘာတွေကပါ ဆန္ဒပြချင်ပြနေကြဦးမှာ။ ကဲဗျာ နောက်ဆုံး
တစ်ခုမေးမယ်။ အခု ဗေဒင်ဆရာတွေက ဘုရားပေါ် လဒတွေနားတဲ့ကိစ္စတော့ ဟောကိန်း တွေ
ထုတ်နေကြပြီ။ ဒီဟောကိန်းတွေ ကြေပျက်အောင် အစ်ကိုကြီးသာ ဗေဒင်ဆရာဆို ဘယ်လိုယတြာ
ချေမလဲ"
"မင်းကတော့ကွာ၊ ပြောလေ ကဲလေ ပါလား။ ငါသာဗေဒင်ဆရာဆိုရင် လဒ နဲ့ ကက်ကင်းကျတဲ့
ဒေသသားတွေကို ခေါ်ပြီး ဘုရားပေါ်တက်ခိုင်းမယ်ကွာ။ အိမ်ကို သူခိုးမခိုးအောင်ဆိုပြီး သူခိုးနဲ့
ပြောင်းပြန် ကြက်သွန်ကို အိမ်တံခါးဝမှာ ချိတ်တာမျိုးပေါ့"
"ဒီနေ့တစ်နေ့လုံး ခင်ဗျားပြောသမျှ ထဲမှာ ဒါကမှ အနှစ်ဗျ။ ဘာတဲ့ လဒနဲ့ ပြောင်းပြန် ကက်ကင်း
ဖြစ်တဲ့ ဒေသက လူတွေကို ဘုရားပေါ်တက်ခိုင်းဟုတ်လား။ ကျေးဇူးအများကြီး တင်တယ်ဗျာ၊
ပထမံဆရာဂျေ၏ ရွှေတိဂုံဘုရားပေါ် လဒ နားခြင်းအပေါ် ယတြာဆိုပြီး မြန်မာတိုင်း(မ်)မှာရေးလိုက်
တော့မယ်" ဆိုပြီး နှုတ်တောင်မဆက်ဘဲ သုတ်သုတ်သုတ် သုတ်နဲ့ ပြန်သွားလေရဲ့။
လူတွေများ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း တော့ မစဉ်းစားဘူး။ ဒီလဒကိစ္စပဲ စဉ်းစား
နေကြတယ်။
အင်း တိုင်းပြည်ကတော့ ကောင်းစားဦးတော့မှာပဲ။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis