menu

Thursday 20 March 2014

ကိုယ့်ကိုကိုယ် ဖော်ချွတ်ရိုက်မှ နာမည်ကြီးမယ်ဆိုတဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူးလို့ဆိုတဲ့ မော်ဒယ် မိုးမြင့်သဇင်


၂၀၁၀ခုနှစ်ရဲ့အကယ်ဒမီဗန်းကိုင် တစ်ယောက်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာလည်း ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက်လာရတဲ့ မော်ဒယ်လ် မိုးမြင့်သဇင်ကို လတ်တလော အနုပညာ လှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘မိုးမြင့် အခုလတ်တလောမှာတော့ ဓာတ်ပုံတွေ လောက်ပဲ ရိုက်ဖြစ်နေပါတယ်။ အခု သင်္ကြန်နားနီးတော့ သင်္ကြန်အတွက် ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ဖြစ်ပါတယ်။ ဒါပေမဲ့သိပ်အများကြီးတော့ မရိုက်ဖြစ်ဘူး။ ရိုက်ခဲ့ပြီးသမျှ ၁၂ကားလောက်တော့ ရှိမယ်။ ဒီလ၂၉ရက်နေ့မှာ လေယဉ်ပျံပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားရိုက်ဖို့ ရှိပါတယ်။’လို့ သူမက ပြောပါတယ်။
ခုနောက်ပိုင်း အလွယ်တကူနာမည်ကြီးဖို့အတွက် ဖော်ချွတ်ပြီး ဓာတ်ပုံအရိုက်ခံလာကြတဲ့ သူတွေရှိလာတဲ့အပေါ် သူမက ‘မော်ဒယ်ဆိုတာ သူ့မှာ ကန့်သတ်ချက်ရှိတယ်။ သတ်မှတ်ချက် ရှိတယ်။ ဒါပေမဲ့ ငါနာမည်ကြီးချင်လို့ဆိုပြီး ကိုယ့်ကိုကိုယ်တော့ ဖော်ချွတ်ရိုက်မှ နာမည်ကြီးမယ်ဆိုတဲ့ မော်ဒယ်တွေကိုတော့ မိုးမြင့် လုံးဝအထင်မကြီးဘူး။ ဘာပဲပြောပြော မော်ဒယ်လ်ဆိုတဲ့ ဂုဏ်သိက္ခာ ရှိတဲ့၊ နာမည်ရှိတဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် မိုးမြင့်တို့ ကိုယ်တိုင်လည်း ကြိုးစားခဲ့ရတာပါပဲ။ ဖေ့ဘွတ်ပေါ်ကနေ ပုံတွေတင်ပြီး နာမည်ရလာတဲ့ မော်ဒယ်လ်တွေကတော့ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့နော်။
ဖော်တယ်ဆိုတာကလည်း သူ့အကန့်အသတ်နဲ့သူတော့ ရှိတယ်။ ဒါအနုပညာ အလုပ် လုပ်နေကြတာ။ ဒါပေမဲ့ မြန်မာနိုင်ငံမျက်စိနဲ့ တရားလွန်ကြီးဖြစ်လာအောင် လုပ်ပြီးမှ ကိုယ့်ကိုကိုယ်နာမည် ကြီးမယ်ဆိုရင်တောင် မိုးမြင့်ကတော့ ဘယ်တော့မှ အဲဒီလိုမျိုးလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် Free Style ဖြစ်အောင်နေမယ်ကွာ။ ဒီလိုမျိုးကြီး ကန့်သတ်ပြီး  ဘောင်တွင်းပြီးနေရမယ်လို့ မိုးမြင့် မဆိုလိုဘူး။ သူ့ရဲ့လိုက်လျောညီထွေမှု ဆိုတာရှိတယ်။ တစ်ချို့ကျတော့ သက်သက်ကြီး လုပ်ရိုက်တာ။ အဲဒီလိုသူတွေကိုတော့ မိုးမြင့်ရှုံ့ချပါတယ်’တဲ့။

Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis