menu

Thursday 20 February 2014

၁၉၄၇ နှင့် ၂ဝ၁၄ ခုနှစ် ပြက္ခဒိန်တူ အရိပ်ဆိုး ဒေါ်အောင်ဆန်းစုကြည်ကို မလွှမ်းမိုးနိုင် သို့သော် ….

 

မြန်မာ့နိုင်ငံရေး သမိုင်းတွင် ရှိခဲ့သည့် အမည်းစက်များအနက် နိုင်ငံသား အချင်းချင်း ရက်စက်စွာ လုပ်ကြံခံခဲ့ရသည့် ၁၉၄၇ ဇူလိုင် ၁၉ အဖြစ်ဆိုး ကတော့ အထင်ရှား ဆုံးဖြစ်သည်။ ထိုလုပ်ကြံမှုကြောင့် တိုင်းပြည်၏ အဓိကခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အာဇာနည်ကြီး များလည်း ကျဆုံးခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၏ အရေးကြီး သောအချိန်တွင် နစ်နာမှု ကြီးမားသော အချိုး အကွေ့ တစ်ခုလည်း ဖြစ်ခဲ့ရသည်။
ယခု လက်ရှိ ၂ဝ၁၄ ခုနှစ်သည်  ၁၉၄၇ ပြက္ခဒိန်နှင့် နေ့ရက်များ တူညီမှု ရှိနေခဲ့ရာ ပြည်သူများ၏ စိုးရိမ်မှုက အမျိုးမျိုးသော အတွေး များဖြင့် ပူလောင်နေခဲ့ကြသည်။ ၁၉၄၇ ဗိုလ်ချုပ်နှင့် အာဇာနည်ကြီး များ လုပ်ကြံမခံရမီ လက်နက် တိုက်အဖောက်ခံခဲ့ရသည်။ ဤနှစ်တွင်လည်း မကြာသေးမီက လက်နက်တိုက် တစ်ခု အဖောက်ခံ ထားရသည်။ ၂ဝ၁၄ ကာလ သည်လည်း လာမည့် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေးကာလ။ သို့ဖြစ်၍ ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် အတွက်  စိုးရိမ် ပူပန်နေကြသည်က မဆန်းပါ။ ၂ဝဝ၃ ခုနှစ် မေလ ဒီပဲယင်း လုပ်ကြံမှုတွင်လည်း ကံအခွင့်ပေး၍ လွတ်မြောက် ခဲ့ရသလို ယခုအခါ အသက် အရွယ်နှင့် ကျန်းမာရေး အရလည်း ဂရုတစိုက် ပူပန်နေရချိန် လည်းဖြစ်သည်။  ထို့ ကြောင့် ၁၉၄၇  ကြမ္မာဆိုး ကြုံခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တစ်နိုင်ငံလုံး အပေါ် စွန်းထင်း ခဲ့သည့် အရိပ်ဆိုးသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း အရိပ်မိုးနေမှု ရှိ မရှိနှင့် ကြိုတင် ကာကွယ်နိုင်ရန် အတွက် နာမည်ကျော် နက္ခတ္တဗေဒ ဆရာများ ထံ မေးမြန်းခဲ့သည်များ ဖော်ပြပေးလိုက်ရပါသည်။

ဦးဇေယျာကို
(မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ်)
၁၉၄၇ ပြက္ခဒိန်နဲ့ ၂ဝ၁၄ ပြက္ခဒိန်ဟာ ရက်တွေ တူညီတဲ့ အနေအထားဟာ ထူး ခြားမှု မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန် တော် တို့က ပြီးခဲ့တဲ့ ၂ဝ၁၃ခုနှစ် ပြက္ခဒိန် ဟာ လည်း ၁၉၄၆ ခုနှစ် ပြက္ခဒိန်နဲ့ အလားတူ တူညီခဲ့တာ ရှိခဲ့တယ်။ ဒီပြက္ခ ဒိန်တွေ တူညီမှု အပိုင်းမှာတော့ ထူးခြား မှုမရှိဘူး လို့ပြောရတာ။ ၁၉၄၇မှာ ရပ် တည်ခဲ့တဲ့ ဂြိုဟ် ရပ်တည်မှု အခြေအနေနဲ့ ဒီ ၂ဝ၁၄ မှာ ရပ်တည် လာမယ့်ဂြိုဟ် ရပ်တည်မှု အခြေအနေ မှာ အများကြီး ကွဲပြားခြားနားမှု ရှိနေတယ်။ သို့သော် ငြားလည်း ထူးခြားတာက ဇွန် ၂ဝကျော် ပြီးတဲ့နောက်ပိုင်း ကစပြီး တစ်နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဇာတာခွင်အရ ကံအညံ့ ရှိနိုင်တဲ့ ဂြိုဟ် ရပ်တည်မှုတွေ ဖြစ်ပေါ်နေတယ်။ အဲဒီမှာ လည်း အနီးစပ်ဆုံး သက်သေ တစ်ခု အနေနဲ့ ဖော်ပြရရင် ပြီးခဲ့တဲ့ ၂ဝဝ၃ မေလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တွေ့ကြုံ ရင်ဆိုင်ခဲ့ရတဲ့ ဒီပဲယင်းဖြစ်စဉ်၊ အဲဒီဖြစ်စဉ် လိုမျိုး အဲဒီဖြစ် စဉ်နဲ့ တူတဲ့ ဂြိုဟ်ရပ်တည်မှု တစ်ခုကို တွေ့ရတယ်။ အဓိကက ကြာသပတေး ဂြိုဟ်၊ အဲဒီဂြိုဟ်က ၂ဝ၁၄ ဇွန် ၂ဝ ကျော်ပြီး တဲ့နောက် ပိုင်းကစပြီး ၁၂ ရာသီ ခွင်မှာ အလင်းရောင် အထွန်းတောက်ဆုံးနဲ့ အားအရှိဆုံး ကရကဋ် ရာသီခွင် ပြောင်းရွှေ့ပြီး တစ်နှစ်လောက် ရပ်တည်နေမှာဖြစ်တယ်။ ကြာ သပတေးဂြိုဟ် ကရကဋ် ရာသီခွင်ကို ရောက်ရှိမယ့် အချိန်မှာကျတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဇာတာမှာ ကြာသပတေးဂြိုဟ် သွားပြီး ရပ်တည်မယ့် အချိန်မှာ မရဏ၊ ဘာဝ လို့ခေါ်တဲ့ ကြီးမားပြင်းထန်တဲ့ ဘေးဥပါဒ် အန္တရာယ်ပေါ်တာ သို့မဟုတ် ဆေး ရုံတက်ပြီး ဆေးဝါးကုသမှု၊ ခွဲစိတ်ကုသမှုခံ ယူရတာမျိုး၊ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ ကံ အညံ့တွေ့ကြုံဖို့ အတွက် မကောင်းတဲ့ အနိဋ္ဌာရုံတွေက လွှမ်းမိုးမှုရှိ နိုင်တဲ့ဂြိုဟ် ရပ်တည်မှုဖြစ်နေတယ်။ ၂ဝ၁၄ ဇွန် ၂ဝ ကျော်ပြီးရင်တော့ ဒေါ်အောင် ဆန်းစုကြည် အတွက် သွားတာ လာတာ အစစအရာရာ အရင်ထက်ပိုပြီး ဂရု စိုက်ဖို့ လိုမှာဖြစ်တယ်။ အဲဒီမှာ ဒီပဲယင်း လိုမျိုးကြီးတော့ ထပ်တူနီးပါး တူညီ တဲ့ဖြစ်စဉ်မျိုးကြီး ဖြစ်ပေါ် ချင်မှဖြစ်ပေါ်လိမ့်မယ်။ အဲဒီမှာ နက္ခတ် ပညာအရ ပြောရမယ် ဆိုရင် ၂ဝ၁၄ မှာ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး အညံ့ရှိ ပြီး ဆေးရုံတက် ဆေးကုသခံရတာမျိုး၊ ဇွန် ၂ဝ နောက်ပိုင်းဖြစ်ပေါ်လာနိုင် တယ်။ တစ်ခုရှိတာက ကိုယ့်ကံ အညံ့ရှိရင် အဲဒါတွေကို ကျော်ဖြတ်နိုင် မှာလား။ ကံကနှိပ်စက် ဖိစီးတဲ့အတိုင်း ခံရမှာလား။ ဆန်းစစ် တွက်ချက်ကြည့်တဲ့ နေရာ မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဇာတာဟာ (၇၅)နှစ် အထက် အာယုသက် တမ်းရှည်တာကြောင့် (၇၅)နှစ် ကိုလည်း မရောက်သေးဘူး။ ၂ဝ၁၄ ဇွန် ၂ဝ နောက်ပိုင်းမှာ ဘေးဥပါဒ် အန္တရာယ် ဖြစ်တဲ့ဖြစ်စဉ်မျိုး ကြုံလာရင်လည်း လက်မတင်လေး လွတ်သွားမယ့် အနေအထားမျိုးရှိနိုင်တယ်။
နက္ခတ် ပညာအရ တွက်ချက်မယ် ဆိုရင် ကံအညံ့တွေ ရှိလာမယ်ဆိုရင် တော့ ဆေးရုံတွေ ကိုသွားပြီး အလှူ ဒါနပြုတာမျိုး၊ အထူးသဖြင့် ဒီဘက်ခေတ် မှာဆို သံဃာ့ဆေးရုံတွေ ကိုသွားပြီး ဆေးဝါး လှူဒါန်းတာမျိုး လုပ်သင့်တယ်။ ဇာတာမှာ အညံ့ရှိနေတဲ့ ကြာသပတေး ဂြိုဟ်ဖြစ်တဲ့အတွက် ကြာသပတေးနေ့ မှာ ဆေးရုံ တက်နေတဲ့ ရဟန်း၊ သံဃာတွေကို သင်္ကန်း၊ ဆေးဝါး၊ ဆေးပဒေ သာပင် စိုက်တာ လုပ်သင့်တယ်။ လူတစ်ယောက်က ဆေးရုံ တက်ရတော့မယ်၊ တစ်ခုခု ထိခိုက် ဒဏ်ရာ ရရှိတော့မယ်ဆိုရင် ဆေးရုံကို ဖြစ်မယ့် ကာလ မတိုင်ခင် ကြိုပြီး သွားလိုက်တာဖြစ်တဲ့ အတွက်ကြောင့် မြန်မာ အသုံးအနှုန်းအရ ယတြာ ကြေတယ်။ ကျိန်းကြေတယ်ပေါ့။ ကျွန်တော်တို့ အနေနဲ့ ရဲရဲဝံ့ဝံ့ပြတ်ပြတ် သားသားပြော ရဲတာကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဇာတာမှာ ဥပစ္ဆေဒ ကကံ မပါဘူး။ အဲဒီအတွက် ဗိုလ်ချုပ် လိုတော့ တစ်ပါး သူရဲ့ လက်ချက်ကြောင့် ကိုယ့်ရဲ့ အသက်၊ ခန္ဓာကြွေလွင့် ရမယ့်ကိန်းတော့မရှိဘူး။ အထိုက် အလျောက် ညံ့တာတော့ မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဇာတာခွင် မှာကျတော့ အရမ်းကို အားကောင်းပြီး အောင်မြင်မှု ပဲဖြစ်ဖြစ်၊ တိုးတက်မှု ပဲဖြစ်ဖြစ် သူ ဖြတ်သန်းတဲ့ ကာလ တစ်လျှောက်လုံး သူ့အတွက် လုံခြုံမှုပေးမယ့် ဂြိုဟ်တွေ ရှိထားတယ်။ သူ့အနေနဲ့ လုံခြုံရေး နည်းနည်း နဲ့သွားမယ်။ မသမာသူရဲ့ နှောက် ယှက်တာမျိုး ကြုံရမယ် ဆိုရင်တောင် ကပ်ပြီး လွတ်သွားမယ်။
စံ-ဇာဏီဘို
ဇာတာတစ်ခုကို စစ်ဆေးမယ်ဆိုရင် သူဟာ မြင့်မားတဲ့ အနေအထားကို ရောက်နေတဲ့ အတွက် အန္တရာယ် ရှိတာမှန်တယ်။ အန္တရာယ်က ရှိခဲ့ပြီး ပြီလေ။ ဒီပဲယင်းမှာ ရှိခဲ့တယ်။ မရှိဘူး မဟုတ်ဘူး ရှိခဲ့တယ်။ လုပ်ကြံခံရတာ။ ဘယ်သူ လုပ်ကြံသလဲတောင် တရားခံ အစစ်မပေါ်ဘူး။ ဘယ်သူလုပ်တယ်၊ ဘယ်ဝါ လုပ်တယ် မဖော်ထား ဘူး။ သွေးစွန်းခဲ့တဲ့ ပြဿနာတွေ ရှိတယ်။ ဒီပဲယင်းလိုပြဿနာမျိုး မရှိနိုင်ဘူး။ ဗေဒင်အရ ကျွန်တော် နားလည် သလောက်ပေါ့ အားလုံး ကျွန်တော်ပြောတာ ရာနှုန်းပြည့် မှန်ရမယ် လို့ မဟုတ်ဘူး။ အဲ့ဒီမှာ ဒေါ်စုရဲ့ ခြောက်တန့် ဘာဝ၊ ရှစ်တန့်ဘာဝ၊ ဆယ့်နှစ်တန့် ဘာဝရာသီစက်အ လွတ်ကြီး ဘာမှကို မရှိဘူး။ ဂြိုဟ်စီး ဂြိုဟ်နင်း အနေ အထား အရလည်း အေးတယ်။ အခြေခံ အချက်အားလုံးကို ညှိပြီးပြောမယ်ဆို ဒုက္ခရောက်စရာ ဘေး ဥပါဒ်မရှိဘူး။ စိုးရိမ်တဲ့ အကြောင်းအရာတော့ ရှိမယ်။ အဲ့ဒါ မြန်မာ့ဗေဒင်တွေ အရ သက်ရောက် ဂြိုဟ်စား လူတိုင်း မှာရှိတယ်။ နောက်ပြီး မတော်တဆ ထိခိုက်မှု မဟာရကျမ်းမှာလည်း ရှိတယ်။ နောက် အသေးစားဖြစ် တည်မှုရှိနိုင် တယ်။ ဒါပေမဲ့ တစ်စုံတစ်ရာ တစ်ယောက်က အကွက်ချ လုပ်ကြံခဲ့မယ် ဆိုရင်တော့ လုပ်ကြံသူဟာ အင်မတန် ကြီးမားတဲ့ သူပဲဖြစ်မယ်။ ရိုးရိုးတန်းတန်း လူ တစ်ယောက်က လုပ်ကြံတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒေါ်စုလို ဘုန်းကံကို လုပ်ကြံဖို့ကလည်း မလွယ်ဘူး။ ဒေါ်စုရဲ့ဘာဝ စက်တွေမှာ အညံ့အဆိုး ကင်းစင်တယ်။ ဒါပေမဲ့ အနည်းငယ်သော အတိုက်အခံတွေ၊ ကျန်းမာရေး ချူချာတာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကံကိုယုံ၍ ဆူးပုံမနင်းရ ဆိုတာ ရှိတယ်။ အကယ်၍ တိုင်းပြည် ရဲ့လုံခြုံရေးကို တစ်စုံတစ်ရာ မပေးနိုင်ရင်တော့ အဲ့ဒါ တစ်မျိုးပေါ့။ ဒါပေမဲ့ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းကမှ။ ဘယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ဒေါ်စုကို အန္တရာယ် မပြုဘူးဆိုတာ ရဲရဲရင့်ရင့် ကျွန်တော်ပြောတယ်။ ဒီအဟော မမှားစေရဘူး။ အကောင်းကို ဒေါ်စု ကဖန်တီးနိုင်တယ်။ ကောင်းခြင်း ကိုတော့ သူက ယူမယ့် လူတော့ မဟုတ်ဘူး။ ဘဝတစ်လျှောက် အတိုက်အခံတွေ ကြားထဲက ဖြတ်သန်း ရမယ့်သူ ဖြစ်တယ်။ အပြိုင် အဆိုင်တွေ၊ မနာလိုတဲ့သူတွေက သူ့နံဘေး အမြဲ ရှိနေမှာပဲ။ ၁၉၄၇ ပြက္ခဒိန်က ၂ဝ၁၄နဲ့ တူတယ် ဆိုရင်တောင် အင်္ဂလိပ် လိုပဲ တူတယ်။ မြန်မာလို ကတော့ လုံးဝမတူဘူး။ ၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ် လုပ်ကြံခံ ရသလိုမျိုး ဒေါ်စုမှာ အန္တရာယ် ရှိနိုင်သလား ဆိုပြီးထင်နေကြတယ်။ ဒီနှစ်ရဲ့ ဇူလိုင် ၁၉ မှာ ဒေါ်စု အန္တရာယ် မရှိလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဇူလိုင်လမှာ အပြောင်းအလဲ တစ်ခု ရှိမယ် မှန်းထားတယ်။ အဲဒီတုန်းက ဝန်ကြီးဌာန တစ်ခုလုံး ပြောင်းသွားပြီး ဗိုလ်ချုပ် မရှိတော့လို့ ဂဠုန်ဦးစော ပျော်နေတဲ့ ကြားက ဦးနု ကိုခေါ်ပြီး ဘုရင်ခံကနေ တစ်ခုသော အကြောင်းအရာ ပေးသလို။ အဲဒါ သွားတူလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အာဇာနည်နေ့ သေသွားတဲ့အထဲမှာ အမျိုးသမီး တစ်ယောက် မှမပါဘူး။ သွားတူ ရင်တောင် မိန်းမ တစ်ယောက်မှ သေမှာ မဟုတ်ဘူး။ ထပ်တူညီလို့ အကြောင်းအရာဆိုး တစ်ခု တူခဲ့ရင်တောင်မှ ဝန်ကြီး အဖွဲ့က လူတွေပဲ သတိ ထားရလိမ့်မယ်။ အိုင်စီအက်စ် ဦးတင်ထွဋ် ကား ဗုံးကွဲတာ မျိုးတူရင်တော့ ဝန်ကြီး အဖွဲ့တစ်ခုလုံး သတိထားပေးပါ။
ဆရာစင်္ကြာအောင်ပွင့်ခေါင်
(မနောဗေဒပညာရှင်)
၂ဝ၁၄ အတွက် ပြောရ မယ်ဆိုရင် ၁၉၄၇ ပြက္ခဒိန်နဲ့ အခု တူနေတယ် ဆိုပေမယ့် အဲ့ လို တူတာ မတူတာနဲ့ မဆိုင်ဘူး။ နေ၊ လ၊ ဂြိုဟ်စီး၊ ဂြိုဟ်သိမ်တွေ နဲ့ လည်းဆိုင် တယ်။ နောက်ပြီး လူတစ်ယောက် ရဲ့ကံကြမ္မာနဲ့ လည်းဆိုင်တယ်။ ဘုရားဟောနဲ့လည်း ပြန်ညှိရတယ်။ ကံကြမ္မာ ကျချိန် အဖျက် အမှောင့်တွေ ဝင်လာ တတ်တယ် ။ နိုင်ငံခေါင်းဆောင်တွေ လူအများ စိတ်ဝင်စားတဲ့သူ တွေကို စိတ်ဝင်စား တတ်ကြတာပဲ။ သူတို့တွေကော သာမန်လူ တွေကိုရော ဒီခုနှစ် သက္ကရာဇ် တူတယ်ဆိုတဲ့ အချက်ကြီးနဲ့ တိုင်း လို့မရဘူး။ ဘယ်လို လူမျိုးပဲဖြစ်ဖြစ် မိမိ လုပ်ရပ်အမှားတွေ လုပ်မိ တဲ့အချိန်၊ သီလသမာဓိ ကျတဲ့အချိန် ဘုန်းကံ ကျရင်ဖြစ်မှာပဲ။ ဂြိုဟ် နက္ခတ်နောက် အဖျက် ပယောဂတွေ ဆုံရင် ဖြစ်တာပဲ။ ဒီလိုပဲ ဗေဒင် လက္ခဏာအရ၊ ဂမ္ဘီရပညာအရ ဘယ်လောက်ပဲ အဆိုးဘက် ရှိပါတယ် ပြောပြော အဲ့ဒီ အပြောခံရတဲ့ လူက လုပ်ရပ်တွေ မမှားဘူး။ သီလ သမာဓိနဲ့ ပြည့်စုံနေမယ် ဆိုရင် နောက် လူအများ အကျိုးအ တွက် တံတားတွေ ခင်းမယ်။ အလှူအတန်းတွေ လုပ်မယ် စေတနာ အပြည့် လုပ်မယ်ဆိုရင် ဝင်နေတဲ့ အကုသိုလ်ကို ပြုနေတဲ့ကောင်းမှု တွေကနေ နိုင်သွားမယ်။ ၂ဝ၁၄နဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ဘာမှ ထွေထွေ ထူးထူး ဖြစ်လာနိုင်စရာ အကြောင်း ကို မရှိဘူး။ လာမယ့် ဧပြီလကစပြီး အကောင်းတွေ ဆက်တိုက်ဖြစ်လာမယ်။ ရတနာ ရွှေမိုးငွေမိုး ရွာမယ်။ ဆန်ရေစပါးတွေ ပေါကြွယ်ဝ လာမယ်။ အိမ်မရှိတဲ့ လူ က အိမ်တွေနဲ့ ဖြစ်လာမယ်။ တဲက တိုက်ဖြစ်လာမယ်။ ရွှံ့မြေက ကွန်ကရစ် လမ်းကြီးတွေဖြစ်လာမယ်။ မြေအောက် သယံ ဇာတတွေပေါ ကြွယ်ဝလာမယ်။ အဓိကက ကမ္ဘာ့နိုင်ငံတွေ ရဲ့ အလယ်မှာ မြန်မာဆိုတာ ရေပန်းစားလာမယ်။ နိုင်ငံခေါင်းဆောင် တွေနဲ့ ပတ်သက်လို့ ကြီးကြီးမားမား ပြောင်းလဲနိုင် တာမျိုး မရှိသလို နိုင်ငံရေး အနေနဲ့ လည်း ဘာမှကြီးကြီးမားမား ပြောင်းလဲနိုင်တာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီတိုင်းပြည်က ဗုဒ္ဓဘာသာရဲ့ အထူးလွှမ်းမိုး ခြင်း ခံထား ရတယ်။ ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်မှုကြောင့် ဘာမှ အဆိုးဘက် မှာ ကြီးကြီးမားမား ဖြစ်လာစရာ အကြောင်း မရှိဘူး။ တစ်ခုပဲ။ အထက်ကလည်း မဟုတ် ဘူး။ အလယ် ကလည်း မဟုတ်ဘူး။ ဟိုးအောက်ခြေ ကနေပြီး အဖျက်အမှောက် စုန်းပြူးတွေ ပေါ်လာတတ်တယ်။ ဒါလည်း ကြီး ကြီးမားမားတော့ မဟုတ်ပါဘူး။ အကောင်း တစ်ထောင်ဆို အဆိုး တစ်ရာ၊ အကောင်း တစ်ရာဆို အဆိုးတစ်ဆယ် ဒီလောက်တော့ ဖြစ်လာစရာ အကြောင်း ရှိတယ်။ ဒါကလည်း လူ့အဖွဲ့စည်း မှာ ပဲဖြစ်ဖြစ် အိမ်ထောင် တစ်ခုမှာပဲဖြစ်ဖြစ် အဆိုးအကောင်း ကအ မြဲဒွန်တွဲနေတဲ့ သဘောပါပဲ။ နိုင်ငံနဲ့ ချီပြီး ပြောရရင်လည်း ထို နည်း၎င်းပဲ။
ကြည်ဖြူသျှင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊  ဗဟိုကော်မတီဝင်၊ ပြန်ကြားရေးကော်မတီ)
အစ်မတို့ အနေ နဲ့ကတော့ အမေ (ဒေါ်အောင်ဆန်း စုကြည်)ရဲ့ လုံခြုံရေး ကို ဒီ့ထက်ပိုပြီး ပြည့်ပြည့်စုံစုံ လေး ထားစေချင်တယ်။ တကယ်ကို အမေ့အတွက် ပြီးပြည့် စုံသော လုံခြုံရေးကောင်းတွေ ရှိစေချင် တယ်။ ဒါပေမဲ့ အမေစုရဲ့ သဘောကိုက ဒီလမ်းခရီး က အမေ့အတွက် အန္တရာယ် ရှိတယ် မသွားပါနဲ့ဆို ရင်တောင်မှ သွား တတ်တဲ့ ခေါင်းဆောင် တစ်ဦး။ အစ်မတို့ပါတီက လူပဲဖြစ်ဖြစ် ပြည်သူ တစ်ယောက်အနေနဲ့ အစ်မဆို ပါတီဝင်တစ်ဦး လည်း ဖြစ်တယ်။ ပြည်သူ တစ်ယောက် လည်းဖြစ် တယ်။ ပြီးပြည့်စုံတဲ့ လုံခြုံရေး ရှိစေချင်တယ်။ ဒါပေမဲ့ အမေသည် ဘယ်တော့မှ အဲဒီလိုနေမှာ မဟုတ်ဘူး။ ပြောမယ် ဆိုလို့ရှိရင် အခုလက်ရှိ ရှိတဲ့ လုံခြုံရေးတွေတောင် မှ ပါတီက တကယ့်ကို လိုအပ်မယ် ထင်လို့ထားလို့သာ ရှိနေတာ။ အမေကတော့ ဘယ်လောက်ပဲ သူ့ကို အန္တရာယ် ရှိတယ်ပြောပြော ထားပါတော့ ဗေဒင်တွေ ကဟော ရင်လည်း အမေက ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီအတိုင်း ပဲသွားမှာပဲ။ လုံခြုံရေးကတော့ တိုးမြှင့်မှာ မဟုတ်ဘူး။ အစ်မတို့ ကတော့ စိုးရိမ်မှုက အမြဲတမ်း ရှိနေ တယ်။ ဘာကြောင့် လဲဆိုတော့ အစ်မတို့ တိုင်းပြည်မှာ တစ်ချိန်က ဗိုလ်ချုပ်လို ခေါင်း ဆောင် မျိုးရှိခဲ့တယ်။ ဒီ ဗိုလ်ချုပ် မရှိတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုး ဘယ် သူ ထွက်ခဲ့ လဲ။ ဘယ်သူမှ မရှိဘူး။ အခု အမေစု ရှိတယ်။ အမေစုရဲ့နောက်မှာ ဒီလို ခေါင်းဆောင်မျိုး ပေါ်ထွက်ဖို့က ဘယ်ကာလမှန်း မသိဘူး။ အရမ်းတန်ဖိုး ရှိတဲ့ ခေါင်းဆောင်ဖြစ်တဲ့ အတွက် အစ်မ အရမ်းစိုးရိမ်တယ်။ ဒါပေမဲ့ အစ်မ ယုံကြည်တယ်။ အမေစုကို တော်ရုံ လုပ်ကြံဖို့ မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေ့ ရဲ့မေတ္တာ၊ အမေ့ရဲ့ တိုင်းပြည် အပေါ်ထားတဲ့ မေတ္တာ၊ အမေ့ရဲ့တိုင်းပြည်အပေါ် ထားတဲ့ စေတနာ အရမ်းကြီးတယ်။ အမေ့ရဲ့သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ဒါတွေ ကလည်း ပြောမယ်ဆို စောင့်ရှောက် မှုတွေ အများကြီး ရှိလာမှာပါ။ ပြီးခဲ့တဲ့ ခရီးစဉ်တွေ မှာလည်း အမေစုက အရမ်း အန္တရာယ် ကြီးပါတယ် ဆိုတဲ့ ခရီးစဉ်တွေက အစ သူများတွေ တားတဲ့ကြားက အမေက သွားခဲ့တယ်။ ဒါပေမဲ့ အန္တရာယ် ကင်းကင်းနဲ့ ပြန်လာနိုင်တယ်။ အစားအသောက် ပိုင်းမှာတော့ အမေစု နားမှာ အန်တီနိုင် (ခ)ဒေါက်တာ ဒေါ်တင်မာအောင် ရှိတယ်။ နောက်ပြီးတော့ အမေနဲ့ပတ် သက်ပြီး အစားအသောက် ကျွေးတဲ့လူတွေ ကလည်း ပြောမယ်ဆို စနစ်တကျ နဲ့ သူ့ဘာသူ ရှိပြီး သားပါ။ အမေက အစားအသောက် နည်းတယ်။ လုပ်တဲ့ အလုပ် ထက်စာရင် စားတာ တော်တော်နည်းတယ်။ ဒီ အစားအသောက် နဲ့ပတ်သက်ပြီး အစ်မ ထင်တယ် အနား မှာရှိတဲ့ တာဝန် ယူရတဲ့ လူတွေက ဂရုစိုက်မှာပါ။ ဒါပေမဲ့ ဂရုစိုက်နေတဲ့ ကြားထဲက အမေက စား တာ အရမ်းနည်းတယ်။ ဒီ့ထက် ပိုစားစေချင်တယ်။ အာဟာ ရဖြစ်အောင်ပေါ့ ။ လုံခြုံရေး အနေနဲ့ကတော့ အစ်မ ထင်တယ် ထပ်တိုးမှာ မဟုတ်ဘူး။ အမေ ကလည်း လက်ခံမှာ မဟုတ်ဘူး။ အမေ ကလည်း ဗိုလ်ချုပ်လို စိတ်ဓာတ် မျိုးပဲ။ ဗိုလ်ချုပ်တောင်မှ အဲဒီ့အချိန် တုန်းက ဗိုလ်ချုပ်ကို စိုးရိမ်လို့ လုံခြုံရေးကို ထပ်တိုးဖို့ ပြောတာ လက်မခံဘူး။ အမေရဲ့လုံခြုံ ရေးနဲ့ ပတ်သက်ပြီး တိုးမြှင့်ဖို့တော့ အမေက တိုးမြှင့်ချင်မှာ မဟုတ်ဘူး။ တိုးမြှင့်မယ် ဆိုရင် အစ်မတို့ သိပ်ဝမ်းသာမှာပေါ့။  အခုဟောတဲ့ ဗေဒင်တွေက နိဂုံးချုပ် မှာတော့ ဗေဒင်ဆရာ တွေရဲ့ အမြင်က အစ နောက်ဆုံးမှာတော့ အမေ့ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်တွေကြောင့် နောက်ဆုံးကျ သီသီလေး လွတ်မှာပါ။ နောက်ပြီးတော့ ဗေဒင် ဆိုတာက အစ်မ တို့အရင် ဆရာ ဆရာတော်ကြီးတွေ ဟောတာကို ကြားဖူးတာပေါ့။ ဒီလူငယ်ဟာ အခုသေမယ် ဆိုပြီးတော့ ရက် အတိအကျ ဟောတာတောင် ကောင်းမှု ကုသိုလ် လုပ်တဲ့ အတွက်ကြောင့် သေဘေး က လွတ်သွားတယ်။ ဒါက အတိတ်ကံ ကို ကြည့်ပြီးဟောတာပေါ့။ လက်ရှိ ပစ္စုပ္ပန်မှာ ဖြစ်တဲ့ ကံကြောင့် အပြောင်းအလဲ ရှိတာပေါ့။ အမေ့ရဲ့ ကံက တိုင်းပြည်ရဲ့ ကံနဲ့ အများဆုံး ဆိုင်ပါတယ်။ အမေစု တစ်ယောက်ထဲ ကံမဟုတ်ပါဘူး။ တိုင်းပြည် အတွက် ကံကောင်းချင်ရင် အမေ့ ကျန်းမာရေးကောင်း ဖို့ ရှေ့ဆက်ပြီး အမေစု တိုင်းပြည် အတွက် အကောင်းဆုံး လုပ်နိုင်အောင် အားလုံး ဝိုင်းပြီး ဆုတောင်းကြရမယ်။ ဒီလိုမျိုး လုပ်ကြံမှု၊ မတရားမှုတွေ မရှိအောင် အားလုံးက ဝိုင်းပြီး ကူညီသင့်တယ်။
သုတလင်း၊ ဖိုးလပြည့်၊ ဇေဝေယံ
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis