menu

Thursday 20 February 2014

သူကိုယ်တိုင်ထိန်းချုပ်မောင်းနှင်နေတဲ့ အဝေးထိန်းရဟတ်ယာဉ် ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေး


နယူးယော့ခ်မြို့ က အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်ဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ သွေးပျက်ထိတ်လန့် စရာမတော်တဆမှုတစ်ခုမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူကိုယ်တိုင်အဝေးထိန်းကိရိယာ နဲ့ ထိန်းချုပ်မောင်းနှင်နေတဲ့ အဝေးထိန်းရဟတ်ယာဉ်ရဲ့ ၂ ပေ ရှည်လျားတဲ့ ပန်ကာဒလတ်တွေနဲ့ ဦးခေါင်းကို ထိခိုက်မိပြီး အသက်ဆုံးရှုံးခဲ့ရတာပါ။ Roman Pirozek လို့ ခေါ်တဲ့ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကောင်လေးရဲ့ လည်ပင်းကို အဝေးထိန်းရဟတ်ယာဉ်ရဲ့ ပန်ကာဒလတ်တွေက ပိုင်းဖြတပစ်ခဲ့တာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး ခေါင်းပြတ်သေဆုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူ့ အဖေကိုယ်တိုင်သင်ပေးခဲ့တဲ့ အဝေးထိန်းရဟတ်ယာဉ်မောင်းရတာ ၀ါသနာပါတဲ့ Pirozek ဟာ ဘရွတ်ကလင်းပန်းခြံက ၀ါသနာတူ အဝေးထိန်းရဟတ်ယာဉ်မောင်းသူတွေ မျက်စိရှေ့ မှာတင် အဖြစ်ဆိုးနဲ့  သေဆုံးခဲ့ရပါတယ်။
ခေတ်မှီအဝေးထိန်းရဟတ်ယာဉ်တွေဟာ အနည်းဆုံး ပေါင်ချိန် ၄၀ခန့် ရှိပြီး နေ့ တိုင်းဆိုသလို ပျက်ကျမှုတွေ၊မတော်တဆမှုတွေရှိတယ်လို့ ဘရွတ်ကလင်းအဝေးထိန်း ရဟတ်ယာဉ်ဝါသနာရှင်များအသင်း တည်ထောင်သူ တစ်ယောက်က New York Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် အဝေးထိန်းရဟတ်ယာဉ်ပျက်ကျမှု အများစုဟာ အဝေးထိန်းကိရိယာချို့ ယွင်းချက် နဲ့ တည်ဆောက်ပုံဆိုးရွားမှု၊ တို့ ကြောင့် ဖြစ်လေ့ရှိပြီး ထိန်းချုပ်မောင်းနှင်သူက သူ့ ထိန်းချုပ်နိုင်မှုအရည်အချင်းထက်ကျော်လွန်တဲ့ စတန့်  တစ်ခုခုကို ပြုလုပ်တဲ့အခါမျိုးမှာ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလို လူသေစေနိုင်လောက်တဲ့အထိ ဆိုးဆိုးရွားရွားမတော်တဆမှုမျိုးတော့ မကြုံဖူးဘူးလို့ ဝါသနာရှင်တစ်ယောက်က ပြောကြားပါတယ်။
Roman Pirozek ဟာ အဝေးထိန်းရဟတ်ယာဉ်အလှပြမှုတွေကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး ဒီမတော်တဆမှုဟာလည်း ရဟတ်ယာဉ်ကို အလှပြပျံသန်းဖို့ ထိန်းချုပ်နေတုန်း ဖြစ်သွားခဲ့တာလို့  သိရှိရပါတယ်။

Ref:newser.com
Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis