menu

Thursday 20 February 2014

စပါးကြွေးတောင်းမယ့် ထိုင်းလယ်သမားတွေ ထွန်စက် အစီး ၅၀၀ ဖြင့် သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေ

Photo: စပါးကြွေးတောင်းမယ့် ထိုင်းလယ်သမားတွေ ထွန်စက် အစီး ၅၀၀ ဖြင့်
သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေ

 ဘန်ကောက် ဖေဖေါ်ဝါရီ ၂၀ 

စပါးဖိုး မရရှိသေးသော Sing Buri ခရိုင်မှ လယ်သမား တစ်ထောင်ပတ်ဝန်းကျင်ခန့်သည် ဆန္ဒပြရန် ထွန်စက် အစီး ၅၀၀၊ မော်တော်ဆိုင်ကယ် အစီး ၁၅၀ တို့ဖြင့် ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။ 
လယ်သမားများက လိုအပ်လျှင် ဘန်ကောက်မြို့တွင် ကာလရှည်ကြာ နေထိုင်ပြီး ဆန္ဒပြရန် ရည်ရွယ်ထားပြီး ၄င်းတို့၏ အဓိက လိုအပ်ချက်ဖြစ်သော စပါးဖိုးငွေ မရပါက အစိုးရကို နှုတ်ထွက်ပေးရန် ဆက်လက်ဆန္ဒပြ တောင်းဆိုရန် ရည်ရွယ်ထားကြောင်း သိရသည် ။ ""ကျနော်တို့ ရရမဲ့ စပါးကြွေး မရမချင်း ကျနော်တို့ ဒီဘန်ကောက်ကနေ မခွာဘူးလို့ ဆုံးဖြတ်ထားပါတယ် ""ဟု ယခုချီတက်လာသော လယ်သမားဆန္ဒပြပွဲကို ဦးဆောင်သူ Chada Thaiseth ကပြောသည် ။

 ယနေ့ထပ်မံချီတက် ရောက်ရှိလာသော လယ်သမားများသည် ထိုင်းလယ်သမားကွန်ယက် ဥက္ကဌ Rawee Rungruang ဦးဆောင်သော ကုန်သွယ်ရေးဝန်ကြီးဌာန အနီးက ဆန္ဒပြလယ်သမားများနှင့် သွားရောက် ပူးပေါင်းခဲ့သည် ။ ထိုင်းဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် အစိုးရသည် လယ်သမားများကို စပါးဖိုးပေးချေရမည့် ဘတ်ငွေ သန်းပေါင်း 1၁သိန်း ၃ သောင်း ကို ပေးရန် ပျက်ကွက်နေခဲ့သည်မှာ ၅ လကျော် ကြာမြင့်နေပြီ ဖြစ်သည်။ 

ထိုင်းအစိုးရ၏စပါးအပေါင်ခံသည့် စီမံကိန်းသည် 2 နှစ်ကာလအတွင်း အဂတိ လိုက်စားမှုနိုင်ငံတော်ငွေကြေးဆုံးရှုံးမှုများ ဖြစ်နေစေခြင်းကို သိသော်လည်း စီမံကိန်းကို မရပ်ဆိုင်းခဲ့သလို အကတိလိုက်စားမှုဖြစ်ရပ်များကို ဖေါ်ထုတ်အရေးယူရန် ပျက်ကွက်ခဲ့သောကြောင့် စီမံကိန်း ဥက္ကဌ ၀န်ကြီးချုပ်ယင့်လတ်ခ်ကို တာဝန်ပျက်ကွက်မှုဖြင့် စွဲချက်တင်ရန် ထိုင်းအမျိုးသားအကတိလိုက်စားမှု ကာကွယ်ရေးနဲ့ နှိမ်နင်းရေးကော်မရှင်က ဖေဖေါ်ဝါရီလ ၁၈ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည် ။

 KYL 
Ref: Bangkok Post

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis