menu

Thursday 20 February 2014

မြောက်ဥက္ကလာပတံတားပေါ်မှမီးရထားသံလမ်းသို့ ကားတစ်စီးပြုတ်ကျ ယာဉ်မောင်းမှာသေဆုးံ

Photo

ရန်ကုန်-ဖေဖေါ်ဝါရီ ၂၀

ယနေ့ နံနက် အစောပိုင်း၂း၀၀ ခန့် က မြောက်ဥက္ကလာပမြို့ နယ်ရှိမြောက်ဥက္ကလာပတံတားပေါ်မှမီးရထားသံလမ်းသို့ 
ကားတစ်စီးပြုတ်ကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာယာဉ်မောင်းမှာသေဆုံးခဲ့ပြီးယာဉ်နောက်လိုက်နှင့်အပေါင်းအပါ ၅ ဦးမှာ မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ )အဖြစ်တက်ရောက်ဆေးကုသမှုခံယူနေကြာင်းသိရသည်
၂၃၅ ယာဉ်လိုင်းမှ ယာဉ်အမှတ် ဆ/---BM အမျိုးအစားယာဉ်မှာ မြောက်ဥက္ကလာဘက်မှကန်ဘောင်သိုသွားရန်
မောင်းနှင်လာစဉ်အရှိန်လွန်ကာတံတားအောက်သို့ ပြုတ်ကျခဲ့ပြီးယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"သူတို့ က ကားသမားတွေနဲ့ စပါယ်ယာတွေ ပဲအရက်မူးပြီးမောင်းတာအရှိန်မထိန်းနိုင်လို့ ဒီလိုဖြစ်တာပါ"ဟု မြောက်ဥက္ကလာယာဉ်ထိန်းရဲရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်ဖြစ်စဉ်အတွက်ယာဉ်မောင်း-- အား (ပ)၁၀/၂၀၁၄ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ /၃၀၄(က)ဖြင့်မြောက်ဥက္ကလာပစခန်းမှအမှုဖွင့်အရေးယူထားသည်။ZWY
 
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis