menu

Tuesday 28 January 2014

Samsung Galaxy Gear 2 ကို ကွေးကောက်မျက်နှာပြင်နှင့် ထုတ်ဖော်ပြသမည်

Photo: Samsung Galaxy Gear 2 ကို ကွေးကောက်မျက်နှာပြင်နှင့် ထုတ်ဖော်ပြသမည်

Samsung Galaxy Gear ပြီးတော့ ဒုတိယမြောက် ထွက်ရှိလာမယ့် Samsung ရဲ့ စမတ်နာရီ Gear 2 ကို ကွေးကောက် မျက်နှာပြင်နဲ့ မြင်တွေ့ ရမှာ ဖြစ်ကြောင်း သိရ ပါတယ်။ 

Samsung Galaxy S5 နဲ့တွဲဖက်အသုံးပြုနိုင်မယ့် ပစ္စည်း ဖြစ်ပြီး Galaxy Round တို့လို ကွေးကောက်နိုင်မယ်လို့ ဆိုပါတယ်။ တောင်ကိုရီယား အခြေဆိုက် ZD Net က ထုတ်ဖော်ပြောကြားတဲ့ သတင်းပါ။ Samsung တို့ တရားဝင် ပြောဆိုတဲ့ သတင်း မဟုတ်သေး ပါဘူး။ ဒီဇီုင်းအားဖြင့် လည်း ပြောင်းလဲပြီး ပါဝင်မယ့် Feature နဲ့ နည်းပညာများလည်း သိသိ သာသာ တိုးတက်ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။ အမျိုးအတွက်၊ အမျိုးသမီးအတွက် ဆိုပြီး ခွဲထွက်နိုင်ချေ ရှိမရှိတော့ မသိရပါဘူး။ ကင်မရာ အရည်အသွေး၊ CPU အရည်အသွေး အပြင် မျက်နှာပြင် အရည်အသွေး အားလုံးကို အဆင့်မြင့်တင်ထားမှာ ဖြစ်ပါတယ်။ 

Flexible OLED မျက်နှာပြင်ကို အသုံးပြုမယ်လို့ ဆိုလိုထားခြင်း ဖြစ်ပါတယ်။ လက်ရှိ Samsung Galaxy Gear ဟာ မြန်မာပြည်မှာ ၂သိန်း၇သောင်း ဝန်းကျင် နဲ့ ပေါက်ဈေးရှိနေပြီး Samsung Galaxy Gear 2 က ယင်းထက် ပိုမို ဈေးကြီးနိုင်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm ) 

Smart Pro Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis