menu

Tuesday 28 January 2014

ကလေးရဲ့ ကျောင်းထမင်းဘူး ထဲမှာ ဘာတွေ ထည့်ပေးမလဲ

Photo: ကလေးရဲ့ ကျောင်းထမင်းဘူး ထဲမှာ ဘာတွေ ထည့်ပေးမလဲ

မိဘတွေ အလုပ်များပြီး အချိန်ရှားတဲ့ ယနေ့ခေတ်ကာလထဲမှာ သားငယ် သမီးငယ်လေးတွေရဲ့ နေ့လယ်စာဟာ ဆားဓါတ်နဲ့ သကြားများပြီး အာဟာတန်ဖိုးနည်းတဲ့ အမြန်စာ၊ အလွယ်စာ၊ အမှိုက်သရိုက်စာ၊ ဆီကြော်စာ၊ ကြွပ်ကြွပ်ဝါးစားစရာများ၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာများ ဖြစ်လို့နေတတ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေ့လည်စာ Healthy Lunch ဖြစ်ဖို့ ဒါလေးတွေ ထည့်ပေးပါ။ အခုလိုအချိန်က စာမေးပွဲရာသီ ဆိုတော့ ပိုပြီး ဂရုစိုက်ဖို့ လိုတာပေါ့နော်။

၁။ မုန်လာဥနီ

မုန်လာဥနီဟာ ကလေးတွေ အတွက် ဗီတာမင်ဗီနဲ့ ဘီတာကယ် ရိုတင် ကြွယ်ဝတဲ့ နံပါတ်တစ် အစားအစာ ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ အမြင်သန်စွမ်းဖို့ မျက်စိ အားကောင်း စေတဲ့ ဗီတာမင်တွေ ပေါ့။ ဒါ့အပြင် အရိုးတွေကို သန်မာစေတယ်။ လူများတဲ့ကျောင်းလို နေရာမျိုးမှာ ရောဂါ ပိုးတွေ မကူးစက်လွယ်ဖို့ ခန္ဓာကိုယ် ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေး နိုင်ပါတယ်။ ပြီးတော့ မုန်လာဥနီမှာ ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ အပင်ထွက် အာဟာရ တစ်မျိုးဖြစ်တဲ့ လိုင်ကိုပင်း ပါဝင်ပါတယ်။ သတင်းကောင်း က မုန်လာဥနီ ဟာ ကလေးတွေ အစိမ်းအတိုင်းစား လို့ရတယ် ဆိုတာပါပဲ။ ကလေးတွေ နှစ်သက်မယ့် ပုံသဏ္ဌာန်လေး တွေ လှီးဖြတ် ပေးနိုင်ပါတယ်။သတိပြုရန် - မုန်လာဥနီမှာ ပိုးသတ် ဆေး အကြွင်း အကျန်များ ကပ်ငြိနေ နိုင်တဲ့အတွက် အော်ဂဲနစ် မုန်လာဥနီ ကိုသာဝယ်ယူပါ။ ရေစင်စင် ဆေးပါ။

၂။ ဒိန်ချဉ်

ဒိန်ချဉ်ဟာ ပိုတက်စီယမ် ကြွယ်ဝတဲ့ ထိပ်တန်း အစားအစာဖြစ် ပြီး ပိုတက်စီယမ်ဟာ ကလေးငယ် တွေရဲ့ နှလုံး၊ ကြွက်သားနဲ့ အရိုးတွေ အတွက် အဓိက အာဟာရဖြစ်ပါတယ်။ ဈေးကွက်ထဲက ဒိန်ချဉ်တွေဟာ သကြားတွေ အလွန်အကျွံ ထည့်ထား ကြပါတယ်။ အချိုမပါတဲ့ ဒိန်ချဉ်ကို ဝယ်ပြီး သင်ကိုယ်တိုင် အချို(သကြား) ကို အနည်းငယ် ထည့်ပေးခြင်း၊ ဒါမှမဟုတ် ဒိန်ချဉ်ထဲမှာ သီးစုံဒိန်ချဉ် သဘောမျိုး ချိုတဲ့ သစ်သီး လေးများ စိတ်ပြီး ထည့်ပေးခြင်းက ပိုကောင်း ပါတယ်။

၃။ အစေ့အဆန်များ

နေကြာစေ့လှော် (ဗီတာမင်-E) ဖရုံစေ့လှော် (သံဓာတ်) နှင့် အစေ့ အဆန်များ (ဗီတာမင် E နှင့် အိုမီဂါ -3 အဆီအက်စစ်များ) Raisins (ပိုတက်စီယမ်) တို့ ကြွယ်ဝတဲ့ ထိပ် တန်း အစားအစာများ ဖြစ်ပါတယ်။ ဒါပေမယ့် အစေ့အဆန် များဟာ ဆီနဲ့ကြော် ထားတာမျိုး မဖြစ်သင့်ဘဲ လှော် ထားတာမျိုးကို စားပါစေ။ ချော့ကလက် ကလည်းပဲ စူပါစား စရာဖြစ်လို့ အသင့် အတင့် ထည့်ပေး ပါ။

၎။ ဗီတာမင် C ကြွယ်ဝသော အစားအစာများ

ဗီတာမင် C ဟာ ကလေးတွေ အအေးမိခြင်းကို ကာကွယ်ပေးပါ တယ်။ ကီဝီသီး၊ လိမ္မော်သီး၊ ငရုတ် ပွသီးတို့မှာ ဗီတာမင် C ကြွယ်ဝပါ တယ်။ မာလကာသီး မှာတော့ အဲဒါ တွေထက်တောင် ဗီတာမင် C ပိုမိုပါဝင် ပါတယ်။

၅။ ကန်စွန်းဥ

ကန်စွန်းဥဟာ ဈေးချိုပြီး အာဟာရ ဓာတ်မြင့်မား ပါတယ်။ ကန်စွန်းဥမှာ ပိုတက်စီယမ်က ငှက်ပျောသီး ထက်တောင် ပိုမိုပြီး ဗီတာမင် A နှင့် ဘီတာ ကယ်ရိုတင်းများစွာ ပါဝင်ကာ နှလုံး၊ အရိုး၊ ကြွက်သား၊ မျက်လုံး၊ ကိုယ် ခံအားစနစ်တို့ အတွက် ကောင်းမွန် ပါတယ်။ ကန်စွန်းဥ ကို ကလေးတွေ နှစ်သက်မယ့် ပုံစံ အမျိုးမျိုးဖြင့် လုပ်ကျွေးလို့လည်း ရပါတယ်။ ဥပမာ- ကန်စွန်းဥယို၊ ကန်စွန်းဥအလွှာပါး အကြွပ်ကြော်။

၆။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ စွမ်းအားပြည့် အာဟာရ ဓာတ်များ ပါဝင်ပြီး တစ်ခါစား ပမာဏ အတွင်းမှာ အင်တီ အောက်စီးဒင့် နှင့် ဗီတာမင် E ၊ လိုင်ကိုပင်း တို့ပါဝင်မှု အမြင့်မား ဆုံးဖြစ် ပါတယ်။

၇။ ကုလားပဲ

ကုလားပဲဟာ ဈေးချိုပြီး ဗီတာမင် B6 ကြွယ်ဝပါတယ်။ ၄င်းဟာ သွေးတွင်း သကြား ပမာဏကို ထိန်းပေးပြီး ရောဂါတွေကို လည်း တိုက်ထုတ် ပေးပါတယ်။ ကုလားပဲ မကြိုက်တဲ့ ကလေးတွေ အတွက် စားချင်စဖွယ် ဖြစ်အောင် ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ပြီး ကျွေးပါ။

၈။ အစိမ်းရောင် အရွက်ဖားဖား ဟင်းသီး ဟင်းရွက်များ အစိမ်းရောင်အရွက်ဖားဖား ဟင်းရွက်တွေမှာ အာဟာရနဲ့ ဗီတာမင် မျိုးစုံ ကြွယ်ဝ လှပါတယ်။ ပိုးသတ်ဆေး မကြွင်းကျန် စေဖို့ ရေစိမ်ထားပြီး စင်အောင် ဆေးဖို့တော့ မမေ့ပါနှင့်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis