menu

Tuesday 28 January 2014

တရားရေးဝန်ထမ်းအချို့၏ အဂတိလိုက်စားမှုများအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် သက်ဆိုင်ရာခွင့်ပြုမှုဖြင့် တစ်ကိုယ်တော်ဆန္ဒပြ

Photo: တရားရေးဝန်ထမ်းအချို့၏ အဂတိလိုက်စားမှုများအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် သက်ဆိုင်ရာခွင့်ပြုမှုဖြင့် တစ်ကိုယ်တော်ဆန္ဒပြ

တရားရေးဝန်ထမ်းအချို့၏ အဂတိလိုက်စားမှုများအတွက် ဇန်န၀ါရီ ၂၇ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် တစ်ကိုယ်တော်ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုကို ဒီမိုကရေစီရေး၊ စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် တရားသူကြီးအချို့၏ အကျင့်ပျက်ခြစားမှုများ၊  တရားမျှတမှုမရှိသည့် အချက်များတို့ကို ဟောပြောဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်က "ခရိုင်တရားသူကြီးအချို့ရဲ့ အဂတိလိုက်စားမှုကို ကျွန်တော်တို့ တိတိကျကျ သိလိုက်ရတဲ့အတွက် ဒီဟာကိုလူထုသိအောင် ဖော်ထုတ်ခြင်းဖြစ်ပါတယ်။ တရားရေးအဖွဲ့အစည်းတွေရဲ့ အဂတိလိုက်စားမှုကို ကျွန်တော်တို့လို သိတဲ့သူတွေက မဖော်ထုတ်ဘူးဆိုရင် ဒီမိုကရေစီစနစ်က အောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ရှိတဲ့အမှုတွေကို လိမ်ညာပြီးတော့ တရားရေးတွေက ဖျောက်ဖျက်ဖို့ကြိုးစားတဲ့ ကိစ္စကို တရားဝင်လာပြီး ဖော်ထုတ်ခြင်း ဖြစ်ပါတယ်" ဟု မီဒီယာများကို ပြောကြားသည်။

ထိုဆန္ဒပြမှုကို သက်ဆိုင်ရာ၏ ခွင့်ပြုမှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆန္ဒပြဟောပြောရာနေရာသို့ ပြည်သူများနှင့် နိုင်ငံရေးပါတီအချို့တို့မှ ပါတီဝင်များလည်း လာရောက်နားထောင်ခဲ့ကြသည်။

(ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြဟောပြောနေမှုကို ဇန်န၀ါရီ  ၂၇  ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis