menu

Friday 24 January 2014

ဗီယက်နမ်နိုင်ငံလုပ် အသေးစား ရေငုပ်သဘော် ရေချစမ်းသပ် မောင်းနှင်

Photo: ဗီယက်နမ်နိုင်ငံလုပ် အသေးစား ရေငုပ်သဘော် ရေချစမ်းသပ် မောင်းနှင်

ဟိုချီမင်း ၊ ၂၄-၁-၂၀၁၄

ဗီယက်နမ် နိုင်ငံသား စက်ပြင် အင်ဂျင်နီယာ တစ်ဦးမှ ကိုယ်ပိုင် တည်ဆောက် ခဲ့သော အသေးစား ရေငုပ်သင်္ဘော ကို ရက်သတ္တပတ် ကြာ ရေချစမ်းသပ် ခုတ်မောင်းမှု ပြုလုပ်ခဲ့ရာ ၄င်း၏ လုပ်ငန်းများကို အပြည့်အ၀ အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ကြောင်း ဇန်န၀ါရီ ၂၃ ရက် Xinhua သတင်းတစ်ရပ် အရ သိရသည်။

ဗီယက်နမ် နိုင်ငံ မြောက်ပိုင်း Thai Binh ပြည်နယ်ရှိ စက်မှု အင်ဂျင်နီယာ ကုမ္ပဏီ တစ်ခု၏ အကြီးအကဲ Nguyen Quoc Hoa သည် အဆိုပါ အသေးစား ရေငုပ်သင်္ဘော ကို တစ်ဦးတည်း ဆောက်လုပ် တပ်ဆင် ခဲ့ကြောင်းနှင့် ၄င်း၏ အတွင်းပိုင်း စက်ကိရိယာ အစိတ်အပိုင်း များအားလုံး မူလ ဒီဇိုင်း ရေးဆွဲ ထားသည့်အတိုင်း ကောင်းမွန်စွာ ဆောက်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေငုပ်သင်္ဘော စမ်းသပ် ခုတ်မောင်း နေစဉ်အတွင်း လျှပ်စစ်ဓာတ်အား ပေးစနစ် ၊ အောက်ဆီဂျင် ထောက်ပံ့မှု စနစ် ၊ လေသန့်စင် စနစ် နှင့် ရေဒါ စနစ်များ အပါအ၀င် အတွင်းပိုင်း စက်ပစ္စည်း စနစ်များကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း ၊ ရေငုပ်ရာတွင် ခေတ်မီ လေမဲ့ တွန်းကန်နည်းပညာ ကို အသုံးပြု ခဲ့ကြောင်း နှင့် ၄င်း ရေငုပ်သင်္ဘောသည် ၁၂ တန် အလေးချိန် ရှိပြီး ရေအနက် မီတာ ၅၀ တွင် ၁၅ နာရီအတွင်း ၈၀၀ ကီလိုမီတာ (၄၉၇-မိုင်) အထိ မောင်းနှင် ရောက်ရှိ နိုင်ကြောင်း Hoa က ပြောကြား ခဲ့သည်။

၎င်း ရေငုပ်သင်္ဘောကို မြစ်တွင်း သို့မဟုတ် ရေတိမ်ပိုင်းတွင် အရပ်ဘက် လုပ်ငန်းများ ဖြစ်သည့် ရေကြောင်းဆိုင်ရာ သဘာဝ အရင်းအမြစ် သုတေသန နှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပုံစံ ရေးဆွဲ တည်ဆောက် ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis