menu

Thursday 31 October 2013

အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ



ဖလမ်း အောက်တိုဘာ ၃ဝ

ချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။

''ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တူးဖော်ခွင့်ကိုလည်း မကြာခင်မှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်'' ဟု လာလ်းရမ်းပမ်းနာက ပြောသည်။


ဓာတ်ပုံများတွင် တွေ့ရှိချက်အရ ¤င်းကျောက်မျက်များသည် ပတ္တမြားကဲ့သို့အစိမ်းရောင်သန်းကာ ကြည်လင်နေပြီး အခြားသောအရောင်များဖြင့် ခြယ်သကာ အလှပစ္စည်းနှင့် အိမ်တွင်းအလှဆင်မြန်းရာတွင် အဓိကအသုံး ပြုလျက်ရှိကြသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ တောင်ကြောတစ်ခုတွင် Chrysoprase ကျောက်မျက်အမြောက်အမြား ထွက်ရှိနိုင်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ ကျော်ခန့်ဖြင့် ပေါက်ဈေးရှိသည်ဟု သိရသည်။

(ထန်းငါ)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis