menu

Wednesday 30 October 2013

မဟာဓာတ်အားလိုင်း ပျက်ကျမှုကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်

ရန်ကုန်၊ အောက်တိုဘာ ၂၉
တစ်နိုင်ငံလုံးနှင့် ချိတ်ဆက်ထားသည့် မြောင်းတကာ-ရွှေတောင် ၂၃၀ KVA မဟာဓာတ်အားလိုင်း ပျက်ကျမှုကြောင့် အောက်တိုဘာလ ၂၉ ရက် ည ၆ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ မြန်မာတစ်နိုင်လုံးတွင် တစ်နာရီဝန်းကျင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမောင်မောင်လတ်က ပြောကြားသည်။
ယင်း ဓာတ်အားလိုင်း ပျက်ကျမှုမှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာနှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် မြောင်းတကာ-ရွှေတောင်မြို့ အကြားရှိ မဟာဓာတ်အားလိုင်းတွင် ဖြစ်ပြီး ပျက်ကျရခြင်း အကြောင်းရင်းကို မသိရှိရသေးကြောင်း၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း အဆိုပါ ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ထပ်မံပြောကြားသည်။
“ညအချိန်မှာ လျှစ်စစ်မီး အသုံးများတာ ဆိုတော့ အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး လေတိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ အခုတော့ ပြန်ကောင်းသွားပါပြီ၊ ပျက်ချိန် မိနစ် ၅၀ လောက်ရှိမယ်။ ဒါပေမဲ့ တစ်လိုင်းချင်း ပြန်တင်ရတာမို့ တချို့မြို့တွေမှာတော့ တစ်နာရီ၊ တစ်နာရီခွဲလောက် ကြာနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်အနီးရှိ သာယာကုန်း လျှပ်စစ် ဓာတ်အားပေးရုံရှိ မိုးကြိုးလွှဲ (LA) ချို့ယွင်း ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်အားဖြန့်ဖြူးရေး စနစ်ပြတ်တောက်မှု (System Break Down) ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအားလုံး လျှပ်စစ်မီးများ တစ်နာရီကျော်ကြာ ပြတ်တောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis