menu

Wednesday 30 October 2013

ဖြူး ၁၁၅မိုင်တွင် ဗုံးလန့်

ရန်ကုန်၊ အောက်တိုဘာ ၃၀။   
ရန်ကုန်၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ် နေပြည်တော်အမြန်လမ်းမကြီးဘေး ၁၁၅မိုင်ယာဉ်ရပ်နားစခန်း၏ FeeL စားသောက်ဆိုင်အနီးရှိ တွင် ယခုညနေ၅နာရီခန့်၌ ဗုံးထည့်ထားသည်ဟု ယူဆရသော ပိုင်ရှင်မဲ့ ကြွတ်ကြွတ်အိတ်အနက်တစ်လုံးကို တွေ့ရှိခဲ့ ကြောင်း ၁၁၅မိုင်ရှိ စားသောက်ဆိုင် တစ်ဆိုင်တာဝန်ရှိသူတစ်ဦးက PeoplePower သို့ ဆက်သွယ်ပြောကြားသည်။

”သက်ဆိုင်ရာ လုံခြုံရေးတွေ လာစစ်ဆေးတော့ ဗုံးမဟုတ်ဘူးဆိုတာသိရတယ်”ဟု၎င်းကဆိုသည်။

ယင်းသတင်းထွက်ပေါ်ခြင်းကို ဖြူးမြို့မ ရဲစခန်းသို့ အတည်ပြုမေးမြန်းရာ ပြီးခဲ့သောအောက်တိုဘာလ ၉ ရက်နေ့က စာတိုက်ရှေ့တွင်ဗုံးတွေ့သည့် ဖြစ်စဉ်သာ နောက်ဆုံးဖြစ်စဉ်ရှိကြောင်းတာဝန်ရှိ ရဲအရာရှိတစ်ဦး က ပြန်လည်ဖြေကြားသည်။

ယခုညနေခြောက်နာရီအထိ ဖြူးတွင် ဗုံးလန့်သည့် သတင်းပေးပို့မှု မရှိ၍ သီခြားအတည်ပြုချက်မပေးနိင်ကြောင်းပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပဲခူးတွင် ယခုလဆန်းပိုင်းအတွင်း တောင်ငူမြို့တွင် ဗုံးပေါက်ပွဲမှုဖြစ်ပေါ်ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ ရန်ကုန်မန္တလေး လမ်းမပေါ်ရှိ ဖြူးမြို့နယ်တွင်လည်း Light Truckကားပေါ်တွင် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိခဲ့သည်။

ဇေနွေထွန်း၊ မောင်မျိုး
People Power

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis