menu

Wednesday 30 October 2013

သိန်း (၃၀၀) တန် လက်ပတ်နာရီ ခိုးယူခဲ့သူနှစ်ဦးကို ဖမ်းဆီး

ဇော်ဇော်ထွေး

ဗဟန်း ရွှေတောင်ကြားရပ်ကွက်တွင် ဖြစ်ပွားခဲ့သော သိန်း ၃၀၀ တန် လက်ပတ်နာရီတစ်လုံးနှင့် အခြား ပစ္စည်းများခိုးယူခဲ့သူ နှစ်ဦးကို ဖမ်းဆီးမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့များမှ ပူးပေါင်းဖော်ထုတ်ခဲ့ပြီး သံသယရှိထားသော ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်တွင် နေထိုင်သည့် ကိုလှမြင့်ကို အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပန်းဆိုး တန်းဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ရာတွင် ပါဝင်သည့်ဟု သတင်းရရှိထားသော ဒဂုံမြို့သစ် တွင်နေသည့် ကိုသက်နိုင်ဝင်းဆိုသူကို အောက်တိုဘာ ၂၇ ရက်က ရေလယ်ကျောက်တန်းဘုရားပေါ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါ ခိုးယူမှုမှာ အောက်တိုဘာ ၂၄ ရက်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်ကွက်ရှိ ကုမ္ပဏီ ရုံးခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ယင်းဖြစ်စဉ်တွင် ကျပ်သိန်း ၃၀၀ တန်ကြေးရှိ Breguet ရွှေရောင်နာရီတစ်လုံး၊ ဆင်းကတ်ပါ ဆမ်ဆောင်း S4 ဖုန်းတစ်လုံး၊ နိုကီရာဖုန်းတစ်လုံး၊ Apple တံဆိပ်အိုင်ပတ်တစ်လုံးတို့ ခိုးယူခံရပြီး ငွေကျပ် တန်ဖိုးအားဖြင့် သိန်း (၃၃၀) ခန့်ရှိသည်ဟု အမှုဖွင့်စဉ်က ပြောပြထားသည်။

ယင်းခိုးယူသူများအား စုံးစမ်းဖော်ထုတ်ပေးရန် နာရီပိုင်ရှင်ဖြစ်သူ ဦးမြသွင်က အမှုဖွင့်တိုင်တန်းခဲ့သဖြင့် ဗဟန်းရဲစခန်းက အမှုဖွင့်ပြီး စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ဖမ်းဆီးရမိထားသူ နှစ်ဦးကို စစ်ဆေးရာတွင်လည်း အောက်တိုဘာ ၂၄ ရက် ည ၁ နာရီက အဆိုပါနေ အိမ်အတွင်းသို့ အုတ်တံတိုင်းမှကျော်ဝင်ပြီး အသင့်ယူဆောင်လာသော သံတူရွင်းဖြင့် တံခါးဖွင့်ကာ နေအိမ်အတွင်းသို့ ၀င်ရောက်ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းမိထားသူ နှစ်ဦးထံမှ ခိုးယူသွားသော သက်သေခံပစ္စည်းများ ကို ပြည်လည်သိမ်းဆည်းခဲ့ပြီး အခြားအမှုများတွင်လည်း ပါဝင်ပါသက်မှုရှိမရှိ တိုင်ဆိုင်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ယင်းတို့ နှစ်ဦးကို ပုဒ်မ ၃၈၀ ဖြင့် အမှုတည်ဆောက်ပြီး တရားစွဲတင်သွားမည်ဟုလည်း သိရသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis