menu

Wednesday 30 October 2013

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား

ရန်ကုန်၊ အောက်တိုဘာ ၃၀။

လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ဦးဥတ္တမလမ်းတွင်
အောက်တိုဘာလ ၂၉ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်
တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စောနေလင်း (ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းပြည်သူ့စစ် ဌာန(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ)သည် ယမန်နေ့က ယောက္ခမ
အိမ်သို့ သွား ရောက်စဉ် ထွန်းထွန်းဝင်း (ခ) ဂဏန်းဆိုသူမှ လမ်း မဖယ်သည့်ကိစ္စနှင့် စကားများရာ စောနေလင်းမှ အသင့်ယူလာ
သော ပစ္စတိုသေနတ်နှင့် ချိန်ရွယ်ခဲ့ကြောင်းသိရ၍ ရဲတပ်ဖွဲ့မှ
ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
ထံမှ သိရသည်။


“ရပ်ကွက်ထဲမှာ ရှိတဲ့ သူ့ယောက္ခမအိမ် လာလည်ရင်း
သူ့ဇနီးနဲ့ အပြင်ထွက် လက္ဘရည်သောက်ပြီး ပြန်လာတာ၊
လမ်းထဲမှာ ကားမောင်းတား ကြမ်းတယ်ဆိုပြီး ဂဏန်းက
ဆဲလိုက်တယ်။ အဲဒီမှာ သူက သေနတ်နဲ့ထုတ်ပြီး ချိန်
တော့တာပဲ” ဟု လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက People
Power သတင်းစာသို့ ပြောကြားသည်။

၎င်းထံမှ သေနတ်နံပါတ် CZ 75 B CAL 9 Luger ၉ မမ
ပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် တစ်ခု၊ ၉ မမ ကျည်
၁၄ထောင့်တို့ သိမ်း ဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်း
ရဲတပ်မှူးရုံးမှ သိရသည်။

နယ်ကျော်ကာ ရပ်ကွက်အတွင်း တရားဝင်ကိုင်ဆောင်ခွင့်
မရှိသော ပစ္စတိုသေနတ်အား ကိုင်ဆောင်သူအား လှိုင်သာယာ
မမစ (ပ) ၁၂၅၃/ ၁၃၊ လက်နက်ပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။

ရေးသားသူ - ဝေဖြိုး

တည်ဖြတ်သူ - ဂျူးဂျူးလှိုင်

People Power

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis