menu

Wednesday 30 October 2013

ထိုင်းဘုရင်ဟောင်း အုတ်ဂူတူးဖော်ရေးသို့ နိုင်ငံခြား ခရီးသွား အများအပြား လာရောက်လေ့လာ

Photo: ထိုင်းဘုရင်ဟောင်း အုတ်ဂူတူးဖော်ရေးသို့ နိုင်ငံခြား ခရီးသွား အများအပြား လာရောက်လေ့လာ

အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်းရပ် လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်ရေး လုပ်ငန်းသို့ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသား ခရီးသွားများ အများအပြား လာရောက်လေ့လာမှုများ ရှိနေကြောင်း သိရသည်။

ထိုင်းဘုရင်ဟောင်း အုတ်ဂူတူးဖော်ရေး လုပ်ငန်းများအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အတွင်းမှ စတင်တူးဖော်မှုများ ပြုလုပ်ခဲ့ရာတွင် ထိုင်းနိုင်ငံသားများမှ စိတ်ဝင်စားမှုများ ရှိခဲ့ကြပြီး ထိုင်းမီဒီယာများကလည်း လာရောက်မှတ်တမ်း ရယူကာ သတင်းဖော်ပြမှုများ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ထိုင်းဘုရင်၏ အရိုးအိုး တွေ့ရှိခဲ့ကြပြီး နောက်ပိုင်း၌ ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များပါ လာရောက်လေ့လာ လည်ပတ်မှုများ ရှိခဲ့ကြောင်း ထိုင်းဘုရင်ဟောင်းအုတ်ဂူ တူးဖော်ရေးအဖွဲ့ (မြန်မာ) မှ သိရသည်။

"စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်း ခရီးသွားဧည့်သည် ၁၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံသားတွေအပြင် အမေရိကန်၊ ပြင်သစ်၊ ဟော်လန်၊ ဂျာမနီနဲ့ ဂျပန်စတဲ့ နိုင်ငံတွေကနေ လာရောက်လေ့လာ လည်ပတ်နေတာတွေ ရှိပါတယ်။ ထိုင်းနိုင်ငံက လာရောက်လည်ပတ်ကြသူ အချို့ဆိုရင် သူတို့ရဲ့ ဘုရင်အုတ်ဂူရှေ့မှာ မျက်ရည်ကျပြီး ငိုနေတာတွေ တွေ့ရပါတယ်" ဟု ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးအဖွဲ့ (မြန်မာ)မှ သမိုင်းအချက်အလက် ရှာဖွေပေးသည့် ကိုဖိုးဝေက ဆိုသည်။

ထိုင်းဘုရင်ဟောင်းအုတ်ဂူ တူးဖော်ရေး လုပ်ငန်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များမှာ ဧရာဝတီမြစ်အတွင်း အပျော်စီးသင်္ဘော တစ်စီးဖြစ်သည့် Road to Mandalay ခရီးစဉ်ဖြင့် မန္တလေးမြို့မှတစ်ဆင့် လာရောက်လည်ပတ် ကြသူများအပြင် အမရပူရသို့ လာရောက်လည်ပတ် ကြရာမှ အဆိုပါ လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း အုတ်ဂူရှိရာသို့ စိတ်ဝင်စား လာရောက်လေ့လာမှုများ ရှိနေကြကြောင်း သိရသည်။

လင်းဇင်းကုန်း သုသာန်အတွင်းရှိ ထိုင်းဘုရင်အုတ်ဂူ ရှိရာနေရာအား ထိုင်းဘုရင်ဟောင်း၏ ပုံတူရုပ်တု၊ အယုဒ္ဓယ ကျေးရွာငယ် ပုံစံနှင့် အပန်းဖြေဥယျာဉ်၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ ယိုးဒယား အစားအစာ အရောင်းဆိုင်များအပြင် အပျော်စီးကားများပါ ထည့်သွင်းပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ 

ထိုင်းဘုရင်ဟောင်းအုတ်ဂူ တူးဖော်ရေး လုပ်ငန်းသို့  လာရောက်လေ့လာနေသည့် နိုင်ငံခြားသားများအား တွေ့မြင်ရစဉ်

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis