ဦးမိုးသီးဇွန် မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်မည်
ကောင်းမြတ်ကျော်
ရန်ကုန် ၊ အောက်တိုဘာ ၁၅။ ။ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွင်တရားဝင် ပါတီဝင်အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက်
ဦးမိုးသီးဇွန် သည် မြန်မာနိုင်ငံ သားအဖြစ် ပြန်လျှောက်ထား ကြောင်း
ပါတီတည်ထောင်ခဲ့သူ ဦးမိုးသီးဇွန်က ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြော သည်။
လူ့ဘောင်သစ်ပါတီကို အောက်တိုဘာလအတွင်းက တရားဝင်နိုင်ငံရေး ပါတီအဖြစ်
မှတ်ပုံတင်ရန် ဆောင်ရွက်နေချိန် တွင် ဦးမိုးသီးဇွန်က ပြောကြား
ခဲ့ခြင်းဖြစ်ပြီး ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးပါက အမေရိ
ကန်နိုင်ငံသား အဖြစ် ခံယူထား သည်ကို စွန့်လွှတ်ကာပါတီအလုပ် များကို
ဆက်လက်လုပ် ကိုင်မည် ဟု လည်း ယင်းက ထပ်မံဖြည့်စွက် ပြောသည်။
ဦးမိုးသီးဇွန်က''ကျွန်တော် အခု မြန်မာနိုင်ငံသားပြန် လျှောက်နေပါပြီ။
ရပြီဆိုရင် အ ချိန်ပြည့်ပါတီဝင်အနေနဲ့ လုပ် နိုင်မယ်။ လောလောဆယ်ပါတီ
အကြံပေးအဖြစ် လုပ်နေပါတယ်။ ပါတီမှတ်ပုံတင်ကျပြီဆိုတာနဲ့
အမေရိကန်နိုင်ငံသားကို စွန့်လွှတ် ပြီး ဒီနိုင်ငံသားခံပြီး ပါတီအလုပ် တွေ
ဆက်လုပ်မယ်။ ကျွန်တော် ဒီနိုင်ငံမှာမွေးတာ အထောက်အ ထားတွေ
အခုထိရှိပါသေးတယ်'' ဟုပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက်
တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော် က ''ကျွန်တော်တို့ မကြာခင်
ပါတီညီလာခံပြန်လုပ်ပါမယ်။ အဲဒီ့အချိန်ကျရင် ကိုမိုးသီးပြန် ပါမယ်လို့
ယုံကြည်တယ်။ အရင် ဆုံးမှတ်ပုံတင်ပြီး တရားဝင်ပါတီ အဖြစ်ရပ်တည်ဖို့လိုတယ်။
နောက် ပြီးပါတီတည်ဆောက်ရေးလုပ် ငန်းတွေလဲ လုပ်ရဦးမယ်''ဟု ပါတီ တွင်
ဦးမိုးသီးဇွန်ပြန်လည်ပါဝင် လာမှုနှင့်ပတ်သက်၍ ရန်ကုန်
တိုင်းမ်သတင်းစာ၏မေးမြန်းမှု ကိုပြောသည်။
ဦးမိုးသီးဇွန်သည် ၁၉၈၈
ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအတွင်း ရေးမှူးအဖြစ်
ဆောင်ရွက်နေ ရာမှ လူ့ဘောင်သစ်ဒီမိုကရက် တစ် ပါတီကို ၁၉၈၈ခုနှစ်အောက်တို ဘာ
၁၄ရက်တွင် ဦးဆောင် တည်ထောင်ခဲ့ပြီး တရားဝင်နိုင် ငံရေးပါတီအဖြစ် ရပ်တည်ခဲ့
သည်။
ယင်းနောက်ပါတီအဖြစ် သုံးနှစ်သာ ရပ်တည်ခဲ့ရပြီး စစ် အစိုးရ၏
ဒီမိုကရေစီအင်အား စုများကို နှိပ်ကွပ်ခဲ့စဉ် ၁၉၉၁ခု နှစ်တွင် ပါတီမှာလည်း
ထိုင်းနိုင် ငံသို့ ပြောင်းရွှေ့အခြေစိုက်ရပ်တည် ခဲ့ကာ
ယင်းကိုယ်တိုင်မှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား
များဒီမိုကရက်တစ်တပ်ဦး(ABSDF)) သို့ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းမှတစ်ဆင့် အမေရိကန် နိုင်ငံသို့ရောက်ရှိခဲ့ပြီး ယင်းနိုင်ငံ
သားအဖြစ်ခံ ယူကာ အစိုးရသစ် လက်ထက်တွင် ပြည်တွင်းသို့ပြန် လာ၍ ဒီမိုကရေစီအင်
အားစု များနှင့်တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ပြီး ယခုအခါ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှတ်ပုံပြန်တင်ရန်ကြိုးစားချိန်တွင် အမြဲ တမ်းပါတီဝင် အဖြစ်လုပ်ကိုင်နိုင် ရန် မြန်မာနိုင်ငံသားအဖြစ်ပြန် လည်လျှောက်ထားရန် စီစဉ်ထား ခြင်းဖြစ်ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment