menu

Wednesday 16 October 2013

မိမိဟာ မြန်မာ မွတ်စ်လင်မ်တွေရဲ့ ခေါင်းဆောင်မဟုတ်ပါ၊ တစ်သီးပုဂ္ဂလ Peace Maker သာ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့တဲ့ ဒိုင်းမွန်း ရွှေကြည်


20-7-2013 ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ကေသရာရာမကျောင်းတိုက်၌ ကျင်းပသော အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက် တွေ့ဆုံပွဲအပြီးတွင် ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန် ကွန်ယက် မှ ဒိုင်းမွန်းရွှေကြည်နဲ့ တွေ့ဆုံ မေးမြန်းဖြစ်တာလေးကို တင်ပြပေးသွားပါ့မယ်။

မေး ။ ။ ဒိုင်းမွန်းရွှေကြည်အနေနဲ့ ယနေ့ တွေ့ဆုံပွဲလေး အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ
ဖြေ ။ ။ ကျွန်တော့် အနေနဲ့ပြောရမယ်ဆိုရင် ဆရာတော်နဲ့ ကျွန်တော့်ကြားမှာ သိပ်ကို ရင်းနှီး ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိတယ်ဗျာ၊ နောက်ပြီး အခု ပြဿနာတွေက ဆက်တိုက် ဆိုသလို ဖြစ်နေတော့ ဆရာတော်နဲ့ တိုင်ပင်ပြီး ဒီပွဲလေးကို လုပ်ဖြစ်လိုက်တာဗျ၊ ကျွန်တော် ဆရာတော်ကိုလည်း ချစ်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် မေးစရာလေး ရှိတယ်ဗျ၊ ဒိုင်းမွန်းရွှေကြည်ကို မြန်မာ မွတ်စ်လင်မ်တွေရဲ့ ခေါင်းဆောင် တစ်ယောက်ဆိုပြီး ပြောနေတယ်ဗျ၊ ဘယ်အဖွဲ့အစည်းမှာ ပါဝင်တာလည်း ပြောပြပေးလို့ရမလားခင်ဗျ
ဖြေ ။ ။ ရပါတယ်ဗျ၊ ကျွန်တော်က ဘယ်မွတ်စ်လင်မ် အဖွဲ့အစည်းကမှ မဟုတ်ပါဘူး၊ တစ်သီးပုဂ္ဂလ Peace Maker ပါ။ ဒီနေ့ပွဲမှာ ပါဝင်တဲ့လူတွေကလည်း ကျွန်တော့် မိတ်ဆွေတွေပါ။ သူတို့လည်း ဘယ်အဖွဲ့အစည်းကမှ မဟုတ်ပါဘူး၊ ဆရာတတော် နဲ့ ကျွန်တော်တိုင်ပင်ပြီး ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန် ကွန်ယက်ဆိုပြီး လုပ်တာပါ

မေး။ ။ ဟုတ်ကဲ့ပါ၊ ဒိုင်းမွန်းရွှေကြည်ရဲ့ အရင်လုပ်ဆောင်ခဲ့မှုတွေကိုရော သိလို့ ရမလားခင်ဗျာ
ဖြေ ။ ။ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ ဘ၀ ဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး စာအုပ်ထုတ်ထားတာရှိပါတယ်။ ကျွန်တော် ယိုးဒယားဖက်ရောက်တုန်းက ငါးဖမ်းသဘောင်္ပေါ်မှာ ကျွန်တစ်ယောက်လို လုပ်ခဲ့ရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံပြန်လာပြီးမှ ဖားကန့် ဖက်သွားခဲ့တာပါ။ အဲဒီမှာ ကျွန်တော်အဆက်အသွယ်ကောင်းလေး တွေရပြီး ကျောက်စိမ်းလုပ်ငန်း စခဲ့ပါတယ်။ ကံကလည်း ကောင်းချင်တော့ ကျောက်အောင်သွားတယ်ဗျ။ ဒါနဲ့ အဲဒီခေတ်က ၀န်ကြီးနဲ့ ပေါင်းပြီး ကျွန်တော် လုပ်ကိုင်ခွင့်လေး ဖန်တီးခဲ့တာပေါ့၊ အခုလုပ်ငန်းကလည်း အောင်မြင်သွားပါပြီ။ သူလည်း အနားယူသွားပြီ။ အခုလက်ရှိ မိသားစုနဲ့ လည်းအဆင်မပြေပါဘူး၊ သူတို့ တွေက ကျွန်တော့် စိတ်မမှန် တဲ့လူဆိုပြီး အထင်လွဲမှား မှုတွေလည်း ရှိပါတယ်။

မေး ။ ။ အခု ဦးဝီရသူနဲ့ ဒိုင်းမွန်းရွှေကြည် တွေ့ဆုံခဲ့တဲ့ တစ်လျှောက်မှာ ဘာထူးခြားတာတွေ သဘောတူညီမှု ရခဲ့လဲခင်ဗျာ ပြောပေးပါဦး၊ အားလုံးသိအောင်ပေါ့
ဖြေ ။ ။ ရပါတယ်၊ ဒါက အားလုံးသိအောင် ရှင်းပြပေးရမှာပဲလေ၊ ဆရာတော် နဲ့ ကျနော် စတွေ့ကတည်းက ကျွန်တော့် စိတ်ကူးထဲမှာ ဆရာတော်ကို အရမ်း ခင်မင်မိတယ်၊ ဆရာတော်ပြောတာတွေ သံသယတွေ များတာ ကျွန်တော် သိပါတယ်။ ဆရာတော်ကို သံသယတွေပျောက်အောင် ရင်းနှီးကျွမ်းဝင်အောင် လုပ်ခဲ့တယ်၊ သူဖြစ်နေတဲ့ သံသယတွေကို ရှင်းပြခဲ့တယ်၊ အခု နောက်ဆုံး ဗုဒ္ဓဘာသာတွေ အထင်လွဲနေတဲ့ ကုရ်ဘာနီ အိဒ် အကြောင်းလည်း ရှင်းပြခဲ့တယ် သူ့ကို။

မေး ။ ။ ဟုတ်ကဲ့ ။
ဖြေ ။ ။ ဟုတ်၊ အဲဒီအကြောင်း ပြောလိုက်တော့ ဆရာတော်ရဲ့ စိတ်ထားလေးကို သူပြောပြတယ်ဗျ၊ သူက ပြောတယ်၊ ကုရ်ဘာနီ အိဒ် မှာ သားကောင် သတ်တာကို သူ့ရဲ့ မန္တလေး မစိုးရိမ် တိုက်သစ်နဲ့ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ကေသရာရာမကျောင်းတိုက် တို့မှာ ကျင်းပချင်တယ် ရမလားတဲ့၊ ကျနော်ကလည်း ပြောလိုက်ပါတယ်၊ ဆရာတော် ဆန္ဒရှိရင် ရပါတယ်၊ တကယ် ဆရာတော် ကျင်းပချင်ရင် ဆရာတော်တို့ မစိုးရိမ် တိုက်သစ် အတွက် နွား ၅ ကောင်၊ ကေသရာ ရာမ ကျောင်းတိုက်အတွက် နွား ၅ ကောင် လှူဒါန်းပါမယ်ဆိုပြီး ကျွန်တော် ကတိ ပြုလိုက်တယ်ဗျ။ အခု ကျွန်တော်နဲ့ ပါလာတဲ့ အစ္စလာမ် ဘာသာဝင်တွေကလည်း သဘောတူပါတယ်။ အဲဒီတော့ ဆရာတော်က သူ ဒီကိစ္စကို စီစဉ်မယ်ဆိုပြီး ပြောတယ်ဗျ။

မေး ။ ။ တကယ်လားဗျာ၊ သေချာရဲ့လား။
ဖြေ ။ ။ သေချာပါတယ်၊ ဆရာတော်က ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် လုပ်ဆောင်မယ်ဆိုပြီး မိန့်ပါတယ်ဗျ။ မယုံတဲ့သူများ ကျနော့် ဖုန်းနံပတ်နဲ့ ဆရာတော် ဖုန်းနံပါတို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ

မေး ။ ။ နောက်ထပ်ဖြည့်စွက်ပြောချင်တာလေးများရှိလားမသိဘူး။
ဖြေ ။ ။ ဆရာတော်ရဲ့ အကြမ်းမဖက် မေတ္တာတရားတွေကို နာခဲ့ပြီးတော့ ကျွန်တော်အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို နားလည်ခဲ့ပါတယ်။ အခုဆိုရင် ဆရာတော်ဆီကနေ ဗုဒ္ဓဘာသာကို သင်ယူနေပါတယ်။ နောက်များ အဆင်ပြေခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာကို ကျင့်သုံးသွားဖို့ လည်း ကျွန်တော် ဆန္ဒထားထားပါတယ်။

ဦးရွှေကြည်-09-73238176
09-9000747

အခွင့်အလမ်းဂျာနယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis