menu

Thursday 10 October 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ကျား၊ မခွဲခြားခြင်းမရှိဆိုသည့် အချက်ကို ချိုးဖောက်ထားဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


နေပြည်တော်၊ အောက်တိုဘာ ၈

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမျိုး သား ၂၅ ရာခိုင်နှုန်း၏ သဘောတူညီ ချက်ရမှ ပြင်ဆင်နိုင်မည် ဆိုခြင်းသည် အခြေခံဥပဒေပါ ကျား၊ မခွဲခြားခြင်း မရှိ ဆိုသည့် အချက်ကို ချိုးဖောက်ခြင်း ဖြစ် ကြောင်း (NLD)ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
”ဥပဒေကနေပြီးတော့ ကျား၊ မ ခွဲ ခြားခြင်းကို လက်မခံဘူးဆိုလို့ရှိရင် ဖွဲ့ စည်းပုံ အခြေခံဥပဒေ အတွင်းက တချို့ သော ပုဒ်မတွေရဲ့ ကျား၊ မခွဲခြားခြင်းရဲ့ အကျိုးဆက် ကို ဖြစ်စေတာကို ဘာလို့ လက်ခံနေသလဲလို့ မေးရမှာပဲ။ ဒါ ကြောင့်မို့လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြောင်းကိုပြောင်းရမယ်။ ပြောတော့ သာ ဖွဲ့စည်းပုံအခြေခံဥပဒေ က ကျား၊ မ မခွဲခြားဘူးလို့ ဆိုတယ်။ တချို့ပုဒ်မ တွေမှာ ကြည့်လိုက်ရင် ကျား၊ မခွဲခြား ခြင်းရှိတယ်” ဟု ၄င်းက ပြောသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစု ကြည်က ”ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်လို့ရှိရင် ၇၅ ရာခိုင်နှုန်းကျော် ရရမယ်။ ၇၅ ရာခိုင်နှုန်းကျော် ရရမယ် ဆိုတော့ တပ်မေ တ်ာကိုယ်စားလှယ်တွေ က သဘောတူမှ ဖြစ်မယ်။ တပ်မတော် ကိုယ်စားလှယ်ထဲမှာ အမျိုးသမီး ဘယ် နှယောက်ပါလဲ။ တစ်ယောက်မှ မပါ ဘူး။ အဲဒါကအမျိုးသားတွေက ဆုံးဖြတ် မယ်ဆိုတဲ့ ပုံစံဖြစ်မနေဘူးလား။ ဒါ ကျား၊ မ ခွဲခြားခြင်းမဟုတ်ဘူးလား” ဟု မေးခွန်းထုတ်သည်။

ကျား၊ မခွဲခြားခြင်းကို ဖွဲ့စည်းပုံ အရ လက်မခံဟုဆိုလျှင် ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ရမှာဖြစ်ကြောင်း၊ ဖွဲ့ စည်းပုံအတွင်း ရှေ့နောက်မညီ ဖြစ်နေ ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျား၊ မခွဲခြားခြင်းမရှိဟုဆိုလျှင် အမျိုး သားတွေကိုသာ ယခုဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်နိုင်ရေး မပြင်နိုင်ရေးကို သြ ဇာပေးထားသလဲ ဆိုသည့်ကိစ္စ မှာ ပြန် မေးရမည့် ကိစ္စဖြစ်ကြောင်း ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီး စုစုပေါင်း ၉၆    ဦးရှိသည့်အနက် အမျိုးသမီး ပြည် ထောင်စုဝန်ကြီး တစ်ဦးနှင့် ဒုတိယဝန် ကြီး ၅ ဦးသာ ပါဝင်ပြီး ပြည်ထောင်စု လွှတ်တော၌ ကိုယ်စားလှယ် ၆၅ဝ ခန့် တွင်လည်း အမျိုးသမီး ကိုယ်စားလှယ် ၃ဝ ဦးခန့်သာ ပါဝင်သည်ကို တွေ့ရ သည်။ နိုင်ငံတစ်ဝန်း လွှတ်တော် အသီး သီးရှိ တပ်မတော် သားကိုယ်စားလှယ် ၃၈၆ ဦးတွင် အမျိုး သမီးတပ်မတော်သား ကိုယ်စားလှယ် တစ်ဦးမျှ ပါဝင်မှုမရှိပေ။
ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ”တပ်မတော်ထဲက အမျိုးသမီးတွေကို လွှတ်တော်ကိုယ် စားလှယ်အဖြစ် မထည့်လာဘူး ဆိုတဲ့ အနေအထားမှာ အမျိုးသမီးတွေကို အထင်သေးတဲ့ အမြင်ရှိနေတာ ထင်ရှား နေပါတယ်။ ဒီလိုပဲ ရိုးရိုးလေးသုံးသပ် လို့ ရပါတယ်။ အမှန်က စစ်တပ်ထဲမှာ အမျိုးသမီးစစ်သမီးတွေ အများကြီး ရှိ တယ်လေ။ စစ်သမီးတွေ ရှိပါသော် လည်းပဲ အမျိုးသားများကို ယုံကြည်စိတ် ချရသော အမျိုးသား တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ခန့်အပ်ခြင်းသည် အမျိုးသမီးများအပေါ် ယုံကြည်မှုမရှိ ခြင်းလို့ပဲ မှတ်ယူရပါမယ်။ ဒီတပ်မတော် သားတွေကို ခန့်ထားတဲ့အာဏာပိုင်တွေ အနေနဲ့က အမျိုးသမီးများကို ထည့် သွင်း မစဉ်းစားဘူးဆိုတာ ပေါ်လွင်တာ ပေါ့” ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အနေဖြင့်ကိုယ်တွေ့ကြုံရသည့် ခွဲခြား ဆက်ဆံခံရခြင်းကို ”ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ထဲမှာ ကျွန်မက ဥပဒေ ဒေါက်တာဘွဲ့ ကို နိုင်ငံခြားက ရခဲ့တဲ့ အမျိုးသမီး၊ ဒါပေမဲ့ ကျွန်မက အမျိုး သမီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မ ကို ဥပဒေရေးရာ ကော်မတီထဲမှာ ထည့် မထားဘူး။ ဥပဒေအခြေခံပညာ မရှိတဲ့ သူတချို့ကိုတော့ ထည့်ထားတယ်။ အဲဒီ လို ကျွန်မလို နိုင်ငံခြားက ဥပဒေ ဒေါက်တာဘွဲ့ရတဲ့လူကို လွှတ်တော်ထဲ က ဥပဒေရေးရာကော်မတီမှာ မထည့် ထားခြင်း ဟာ ကျွန်မအမျိုးသမီးဖြစ်ခြင်း ကြောင့် အဲဒီလို ခွဲခြားပါတယ်လို့ ကျွန်မ က အဲဒီလို အမြဲတမ်းယုံကြည်နေတယ်” ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားတက္က သိုလ်မှ ဥပဒေပါရဂူဘွဲ့ရသူ အရေ အတွက် ၁ဝ ဦးပင် မရှိသည့် အခြေ အနေတွင် မိမိကဲ့သို့ လွှတ်တော်ကိုယ် စားလှယ် ဥပဒေပညာ ရှင်ကို မည်သည့် ဥပဒေပြု ကော်မတီအဖွဲ့ဝင် အဖြစ် တာ ဝန်ပေးမှု မရှိခြင်းသည် အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံ သည့် ရှက်ဖွယ် အကောင်းဆုံး သက် သေလုပ် ရပ်ပင် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံမှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်အရေအတွက်မှာ အနည်းဆုံး နိုင်ငံ ဖြစ်သည်။ အမျိုးသမီး များအပေါ် နည်းအမျိုး မျိုးဖြင့် ခွဲခြား ဆက်ဆံခြင်းမပြုသည့် နိုင်ငံတကာ SEDOL စာချုပ်ကိုလည်း ၁၉၉၇ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးထားခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်းအမျိုး သမီးများကို ခွဲခြားဆက်ဆံခြင်း မပြု ကြောင်း အတိအလင်း ဖော်ပြထား သည်။
စိုင်းနောင်
Popular Myanmar Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis