menu

Saturday 28 September 2013

တယ်လီနောကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr.Jon Fredrik Baksaas နှင့် တွေ့ဆုံခြင်း


လက်ရှိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိကဏ္ဍမှ ရင်းနှီးမြှုပ်နှံရန်ဖော်ဆောင် ထားပြီး အော်ပရေတာလုပ်ကိုင်ခွင့်များ နော်ဝေနိုင်ငံမှ တယ်လီနောကုမ္ပဏီနှင့် ကာတာနိုင်ငံမှ အူရီဒူးကုမ္ပဏီတို့က ရရှိ ထားသည်။ လက်ရှိတွင် ယင်းတို့အနေဖြင့် လုပ်ငန်းများလုပ်ကိုင်ရန် ဆက်သွယ်ရေးဥပဒေကို စောင့်ဆိုင်းလျက်ရှိသည်။ ယင်းတို့အနက် နော်ဝေနိုင်ငံ တယ်လီနောကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တာဝန်ကို ထမ်းဆောင်လျက် ရှိ သည့် Mr.Jon Fredrik Baksaas နှင့် ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာတို့ တွေ့ဆုံ မေးမြန်းခဲ့သည် များကို စာဖတ်ပရိသတ်များအတွက် တင်ပြလိုက်ပါသည်။

(အယ်ဒီတာ)

မေး - တယ်လီနောရဲ့ မိုဘိုင်းအော်ပရေတာလုပ် ငန်းတွေ ဘယ်တော့လောက်စတင်နိုင်မလဲ။

ဖြေ - လက်ရှိတယ်လီနောအနေနဲ့ ဆက်သွယ် ရေးဥပဒေကိုစောင့်နေပါတယ်။ ဆက်သွယ်ရေး လိုင်စင်ကျပြီး ရှစ်လအတွင်း လုပ်ငန်းတွေစတင် နိုင်မယ်။

မေး - ဆက်သွယ်ရေးဥပဒေထွက်ပြီးမှ လုပ် မယ်လို့ပြောတယ်။ အခုဆက်သွယ်ရေးဥပဒေမှာ အော်ပရေတာတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာလုပ်ကိုင် ခွင့်တွေကို ထည့်သွင်းထားတာ တွေ့ပါတယ်။ တကယ်လို့ ဥပဒေက ပြဋ္ဌာန်းတဲ့ အချက်တွေ နဲ့ တယ်လီနောကပေါ်လစီနဲ့ မကိုက်ညီဘူးဆိုရင် ဘယ်လိုမျိုးလုပ်သွားမှာလဲ။

ဖြေ - တယ်လီနောအနေနဲ့ အစိုးရကို တယ်လီနောရဲ့ View ကိုပြောပြီးသွားပြီ။ ထွက်လာ တဲ့ဆက်သွယ်ရေးဥပဒေအတိုင်း လုပ်ဆောင် သွားမယ်။


မေး - အခုတယ်လီနောအနေနဲ့ ဆက်သွယ်ရေး ဥပဒေမထွက်ခင် ကြားကာလမှာ ဘာတွေလုပ် သွားဖို့ရှိပါသလဲ။

ဖြေ - အခုကြားကာလမှာတော့ ပြည်တွင်းက ဝန်ထမ်းတွေခန့်ထားမှုအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်။ နောက်တစ်ခုကတော့ တယ်လီနော (စတေရှင်)တွေကို ဘယ်နေရာတွေမှာ ဆောက် မယ်ဆိုတာတွေကို လုပ်ဆောင်နေပါတယ်။ လိုင် စင်ရတာ နဲ့ လုပ်ငန်းစတင်နိုင်အောင် ဆောင် ရွက်နေပါတယ်။

မေး - အော်ပရေးရှင်းပိုင်းမှာ တရုတ်နိုင်ငံရဲ့ HUAWEI ကုမ္ပဏီနဲ့ လုပ်မယ်လို့ပြောတယ်။ ဘာကြောင့် သူတို့နဲ့တွဲပြီးလုပ်ရတာလဲ။

ဖြေ - တယ်လီနောကတော့ HUAWEI နဲ့ အယ်လ်ရစ်ဆန်ပေါင်းပြီးတော့ လုပ်တာပေါ့။ တယ်လီနောရဲ့ မိုဘိုင်းအော်ပရေတာလုပ်တဲ့ နိုင်ငံ တိုင်းမှာပူးပေါင်းပြီးတော့လုပ်တယ်။HUAWEI က သူတို့နဲ့ဆားဗစ်Delivery လုပ်တဲ့အပိုင်းမှာ အရမ်းကောင်းတယ်။HUAWEI လက်ရှိ နော် ဝေနိုင်ငံမှာလဲ ရေဒီယိုပိုင်းတွေမှာလုပ်ဆောင် နေတာတွေရှိတယ်။ ဘယ်နိုင်ငံမှာကြည့်ကြည့်HUAWEI နဲ့Sony Errison နဲ့ ကမ္ဘာ့ပေါ်မှာ ရေဒီယိုထုတ်လွှင့်အပိုင်းတွေ ဈေးကွက်ဝေစုက ရာခိုင်နှုန်း ၅ဝစီရှိနေတယ်။

မေး - လက်ရှိတယ်လီနောနဲ့ HUAWEI နဲ့ ပူးပေါင်းပြီးလုပ်ခဲ့တာကတော့ တစ်ပိုင်းပေါ့။ အခု အမေရိကလိုနိုင်ငံမှာတော့ HUAWEI ကလုံခြုံ ရေးအကြောင်းပြချက်နဲ့ ထွက်သွားရပြီ။ အဲဒါ ကြောင့် အခုတယ်လီနောကလဲ HUAWEI နဲ့ ပေါင်းလုပ် တယ်ဆိုတော့ မြန်မာနိုင်ငံပြည်သူတွေ က လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး စိုး ရိမ်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုပြင် ဆင်မှုတွေကိုဆောင်ရွက်ထားလဲ

ဖြေ - HUAWEI နဲ့ အမေရိကန်မှာဖြစ်တာ ကတော့ တခြားနိုင်ငံရေးဆိုင်ရာအကြောင်း အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ တခြားအ ကြောင်းပြချက်တွေလဲဖြစ်နိုင်ပါတယ်။ အခုတယ် လီနောကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ် လိုအကြောင်း ပြချက်မှ မပါဝင်ဘူး။ တယ်လီ နောကတော့ ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံရဲ့ဥပဒေတွေ အတိုင်း လိုက်နာဆောင်ရွက်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့မေးခွန်းတွေကိုတော့ မဖြေပေးနိုင် ပါဘူး။

မေး - အခုတယ်လီနောအနေနဲ့ မြန်မာလုပ် သားတွေကို စပြီးခန့်နေပြီလို့ပြောတယ်။ ဒါပေမဲ့ မြန်မာလုပ်သားတွေရဲ့ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ် ထားလဲ။ တကယ်အလုပ်ခန့်ပြီဆိုရင် မြန်မာ လုပ်သား တွေက အောက်ခြေလုပ်ငန်းတွေပဲရနိုင် မယ့်သဘောမျိုးလား။

ဖြေ - လုပ်ငန်းအမှန်တကယ်စပြီဆိုရင်တော့ တခြားနိုင်ငံကနည်းပညာရှင်တွေနဲ့ ပေါင်းပြီး တော့လုပ်ချင်လုပ်မယ်။ ဒါပေမဲ့ နှစ်ကာလအ လိုက် ပြည်တွင်းကလုပ်သားတွေနဲ့ပဲပူးပေါင်း ဆောင်ရွက်နိုင်အောင်စီစဉ်သွားမယ်။ ပြည်တွင်း က မြန်မာ နိုင်ငံသားတွေအပြင် ပြည်ပနိုင်ငံတွေ မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကိုပါ ဦးစားပေးပြီး ရွေးချယ်သွားမယ်။ လုပ်ငန်းစရင်တော့ မြန်မာ လုပ်သားတွေက အောက်ခြေကပဲစတင်ရမယ်။ ဒါပေမဲ့ အဲဒီနေရာမှာပဲရပ်တန့်မနေအောင် လို အပ် တဲ့ Training ပိုင်းတွေကို တယ်လီနောဘက် ကနေ ဖြည့်ဆည်းပေးသွားမှာတွေရှိပါတယ်။ ပြည်တွင်းလုပ်သားတွေကိုပဲ ဦးစားပေးမှာပါ။ တစ်နေ့ကျရင်တော့ မြန်မာပြည်မှာရှိတဲ့ တယ် လီနောကို မြန်မာနိုင်ငံသားပဲ ဦးဆောင်နိုင်အောင် အကူအညီ တွေပေးသွားမှာပါ။

မေး - လုပ်သားအင်အားကို ဘယ်လောက်ခေါ် သွားဖို့ရှိလဲ။

ဖြေ - လုပ်ငန်းစပြီဆိုတာနဲ့ အနည်းဆုံး၃၀၀၀ လောက်ခေါ်မယ်။ အခုလဲပြင်ဆင်နေပါတယ်။ နောက်တစ်ခုကတော့ မိုဘိုင်းအရောင်းတွေအ တွက်တော့ ရဝဝဝဝကျော်လောက်ခေါ်သွားမယ်။

မေး - အခုတယ်လီနောအနေနဲ့ လုပ်ငန်းခွင်ရှိ ရင် ဆင်းမ်ကတ်ဈေးနှုန်းတွေ၊ ဖုန်းပြောဆိုခတွေ ကို ဘယ်လိုမျိုးသတ်မှတ်ထားလဲ။ အတိအကျ လေးသိချင်ပါတယ်။

ဖြေ - ဖုန်းပြောဆိုခတွေကိုတော့ လက်ရှိအ ချိန်မှာအတိအကျပြောဖို့ မတတ်နိုင်သေးပါဘူး။ လိုင်စင်ရရှိတဲ့အပေါ်မှာ အများကြီးမူတည်ပါ တယ်။ အဲဒီအချိန်မှ အတိအကျပြောနိုင်ပါတယ်။သေချာတာတစ်ခုပြောနိုင်တာကတော့ အခု လိုင်စင် ရပြီး လုပ်ခွင့်ရတော့မယ်ဆိုရင် ဈေးကွက် ထဲမှာ လူတိုင်းတတ်နိုင်တဲ့ဈေးနှုန်းဖြစ်မှာပါ။ ဝယ်နိုင်တဲ့ဈေးနှုန်းဖြစ်မှာပါ။ အရင်တုန်းက ပြော ခဲ့တဲ့အတိုင်း တစ်မိနစ်ကို ၂၅ကျပ်နှုန်းထက်မပို တဲ့ဈေးနှုန်းကို သတ်မှတ်မှာပါ။ အဲဒီထက်နည်း နိုင်ပါ တယ်။ ကြိုတင်ငွေဖြည့်တဲ့စနစ်ကိုပဲ သွားမှာ ပါ။ လူတိုင်းတတ်နိုင်တဲ့ဈေးဖြစ်ပါမယ်။ နောက် ပိုင်းကျရင်တော့ မိုဘိုင်းနဲ့ပတ်သက်တဲ့ဝန်ဆောင် မှုတွေအားလုံးကိုဆောင်ရွက်သွားမယ်။ ဥပမာ- Mobile Banking, Mobile Farmer, Mobile Health နဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာလုပ်ငန်း တွေ ကို လုပ်ကိုင်သွားမယ်။

မေး - ရင်းနှီးမြှုပ်နှံမှုကိုလဲ ဘယ်လောက်အ တိုင်းအတာအထိရင်းနှီးသွားမလဲ။ ဘယ်လိုပုံစံ မျိုးနဲ့လုပ်သွားမလဲ။

ဖြေ - ရင်းနှီးမြှုပ်နှံမှုအပိုင်းကတော့ နှစ်အလိုက် တိုးမြှင့်ရင်းနှီးမြှုပ်နှံမှုတွေရှိသလို တစ်ခါတည်း ပမာဏများများကို ရင်းနှီးသွားဖို့ရှိပါတယ်။ လက် ရှိတော့ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ကိုတော့ ပြောပြလို့မရသေးပါဘူး။ မြန်မာ နိုင်ငံ အတွက် ကြီးမားတဲ့ဘတ်ဂျက်တစ်ခုတော့ရည် မှန်းထားတာရှိပါတယ်။ လုပ်ငန်းစမယ်ဆိုရင် တော့ ရင်းနှီးမြှုပ်နှံမှုက များနေမယ်။ လက်ရှိ တယ်လီနောအနေနဲ့က စတော့အိတ်ချိန်းမှာ တင်ထားတဲ့အတွက် လိုင်စင်ရပြီးတာနဲ့ ဘယ် လောက် ပမာဏကို မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံ သွားမယ်ဆိုတာကို ချပြသွားပါမယ်။

မေး - လက်ရှိမြန်မာနိုင်ငံကို လာပြီးရင်းနှီးမြှုပ် နှံတဲ့သူတွေပြောတာကတော့ အခြေခံအဆောက် အအုံမရှိတာ။ လျှပ်စစ်မီးမရတာတွေက အခက် အခဲဖြစ်တဲ့ အဲဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေမလုပ် တော့ဘဲ ပြန်ထွက်သွားကြတယ်။ အခု တယ်လီ နောအနေနဲ့ ဘယ်လိုစီစဉ်ထားလဲ။

ဖြေ - လျှပ်စစ်ကိစ္စကတော့ တယ်လီနောရင်း နှီးမြှုပ်နှံထားတဲ့ အာရှဒေသတွင်းနိုင်ငံတွေမှာ တွေ့ကြုံနေကျဖြစ်ပါတယ်။ အခုအသုံးပြုမှာ တော့ Renewable ကိုသုံးဖို့စီစဉ်နေတယ်။ နောက် တစ်ခုကတော့ ဒီဇယ်ကိုသုံးမယ်။ လက်ရှိမြန်မာ နိုင်ငံမှာ က လျှပ်စစ်မီးက ပြဿနာအကြီးကြီးလို့ ထင်ရပါတယ်။ တယ်လီနောအနေနဲ့ အာရှဒေသ တွင်းမှာ ရင်းနှီးတုန်းကလဲ မြန်မာနိုင်ငံလိုပဲကြုံ တွေ့ခဲ့ရတယ်။ အထူးသဖြင့် ပါကစ္စတန်နိုင်ငံ လိုပဲ။ တယ်လီနောအနေနဲ့ကတော့ အဲဒီလို မျိုး အတွေ့အကြုံတွေရှိပြီးသားပါ။ အဲဒီအားနည်း ချက်တွေကနေ ဘာပြန်လုပ်လို့ရမနိုင်မလဲ။ အဲဒီ လိုမျိုးလုပ်ယူသွားမှာပါ။

မေး - လက်ရှိမြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော် ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့်ကို တယ်လီနောအ ပြင် အခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ အူရီဒူးကလဲ ရရှိခဲ့တယ်။ အဲဒါကြောင့် အူရီဒူးကို ဘယ်လို မြင်လဲ။

ဖြေ - အူရီဒူးမှာ အားသာချက်ရှိသလို၊ တယ်လီနောမှာလဲ အားသာချက်ရှိတယ်။ ပြိုင် ဘက်ကိုတော့လေးစားမှုရှိပါတယ်။ အူရီဒူးက လဲ ကျွန်တော်တို့ကို လေးစားမယ်လို့မျှော်လင့် တယ်။

မေး - ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတော်ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနဲ့တွေ့ခဲ့တော့ ဘယ်လို သဘောတူညီမှုတွေ လုပ်ခဲ့သေးလဲ။

ဖြေ - ဒုတိယသမ္မတနဲ့တွေ့တာကတော့ အသေးစိတ်ပြောပြလို့မရပါဘူး။ အစိုးရကတော့ သူတို့ဆီ(မြန်မာနိုင်ငံ)မှာ မိုဘိုင်းဖုန်းတွေအများ ကြီးလိုအပ်နေတယ်လို့တော့ ပြောတယ်။ မြန်မာ နိုင်ငံမှာ မိုဘိုင်းဖုန်းဈေးကွက် ဖွံ့ဖြိုးဖို့အတွက် အဓိက ဆွေးနွေး ခဲ့တယ်။ အဲဒီရည်မှန်းချက်ကိုပဲ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆွေးနွေး ခဲ့ပါတယ်။ အစိုးရကိုတော့ ကတိပေးခဲ့တာတစ်ခု တော့ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာ နိုင်ငံမှာရှိတဲ့လူတိုင်း မိုဘိုင်းဖုန်းရစေရမယ်ဆို တာပါပဲ။ အဲဒီ အတိုင်း ဆောင်ရွက်သွားမယ်။ လက်ရှိ တယ်လီနောအနေနဲ့ အာရှဒေသတွင်း ငါးနိုင်ငံမှာလုပ်ဆောင်နေတယ်။ အခုမြန်မာနိုင်ငံ ကတော့ တယ်လီနောရဲ့ ခြောက်နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံတွေ မှာ တယ်လီနော ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေကို ကြည့်ပြီး သိနိုင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis