menu

Saturday 28 September 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်မကျေသေး ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

Photo: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်မကျေသေး ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၆

သက်တမ်း ၂၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် အလုပ်တာဝန်များ မကျေပွန်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ငွေရတု သဘင်အခမ်း အနားတွင် ပြောကြားသည်။
“ကျွန်မတို့ရဲ့ တာဝန်တွေ ကျေပွန်ပြီလားဆိုတော့ အမှန်တော့ မကျေပွန်သေးပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးဘဲ ဒီမိုကရေစီ စံနှုန်းများ အနည်းငယ် တိုးတက်လာသည့် အခြေအနေ ရှိသော်လည်း ပြည်သူတို့၏ လူနေမှုဘဝများမှာ တိုးတက်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်စုကြည်က ပြောကြားသည်။
NLD ပါတီသည် လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစားသည့် ပါတီမျိုး မဖြစ်စေချင်သော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရချင်သည်ဟု ၎င်းကဆိုသည်။
NLD ပါတီ နာယကဖြစ်သူ ဦးတင်ဦးကမူ “NLD ပါတီဟာ အရင်ရွေးကောက်ပွဲတုန်းကလို မဲအများကြီးရဖို့ မလွယ်တော့ဘူး” ဟု The Voice နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။

၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို NLD ပါတီက မဲဆန္ဒနယ် ၄၈၅ နေရာ ဝင်ပြိုင်ရာ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ သည်။

၁၉၈၈ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မှတ်ပုံတင်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀  ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၁၉၉၅ ဇူလိုင်လတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီက ကျင်းပသည့် အမျိုးသားညီလာခံကို NLD ပါတီက တက်ရောက်ခဲ့ပြီး NLD က တင်သွင်းသည့်အချက် ၁၃ ချက်ကို မဆွေးနွေးသဖြင့် အမျိုးသားညီလာခံမှ နုတ်ထွက်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီသည် ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာ အနိုင်ရခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis