ရဲမွန်၊ အောင်မြင်ရဲဇော်၊ ရန်ကုန်၊ စက်တင်ဘာ-၂၇
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီတံဆိပ်အမှတ်အသား ဖြစ် သော ခွပ်ဒေါင်းပုံအား
ပြည်သူအချို့က မွတ်ဒေါင်း ဟု ပြောဆိုနေကြခြင်းအပေါ် အဖွဲ့ချုပ်နာယက
ဦးတင်ဦးက စက်တင် ဘာ ၂၇ ရက်တွင် ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံး၌
ပြုလုပ်သောအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ငွေရတုအခမ်း အနား
အပိတ်မိန့်ခွန်း၌ တုံ့ ပြန်ပြောဆိုခဲ့ သည်။
အလေးအနက်
"အခုလည်း
ရှေ့ဆက်ပြီး ပြောရ မယ့်ကိစ္စထဲမှာ ကျွန်တော်တို့ရဲ့ အဖွဲ့ချုပ် ကို အချို့က
ပြောနေတယ်။မွတ်ဒေါင်း ဖြစ်သွားပြီ။မွတ်ဒေါင်းဖြစ်သွားပြီလို့ ပြောနေတယ်။
မှတ်ထားပါ။ အဘိုး၊ အဘွားတွေ ကိုင်ထားတဲ့ အလံတော် ခွပ်ဒေါင်းဟာ အဖွဲ့ချုပ်
ခွပ်ဒေါင်းအနေ နဲ့ပဲ သွားမယ်လို့ အလေးအနက်ပြု ပြောချင်ပါတယ်"ဟု ၎င်းက ဆိုသည်။
ခွပ်ဒေါင်းအမှတ်တံဆိပ်သည်
ကျောင်းသားသမဂ္ဂအဆက်ဆက်က ကိုင်ဆွဲခဲ့သည့် အလံတော်တံဆိပ်လည်း ဖြစ်ပြီး
လွတ်လပ်ရေးတိုက်ပွဲကိုလည်း ခွပ်ဒေါင်းအလံဆွဲကိုင်၍ တိုက်ပွဲဝင် ခဲ့ရာ
အောင်မြင်ခဲ့သောကြောင့် ဘိုး ဘေး များကို ရိုသေဂုဏ်ပြုသောအားဖြင့်
ယင်းတံဆိပ်ကို အသုံးပြုရခြင်းဖြစ် ကြောင်း ဦးတင်ဦး က ပြောဆိုသည်။
"ကျွန်တော်တို့
အဖွဲ့ချုပ်ရဲ့ တံဆိပ် ဟာ ကျောင်းသားသမဂ္ဂအဆက် ဆက်က အဘိုးတွေ၊
အဘွားတွေကိုင်ဆွဲ လာတဲ့ အလံတော်ရဲ့ တံဆိပ်ဟာ ခွပ်ဒေါင်းပါ။
လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်အချိန်ထိ
ဒီခွပ်ဒေါင်းအလံကိုပဲ ဆွဲပြီးတော့ နယ်ချဲ့တွေကို တော်လှန် တယ်။
ဖက်ဆစ်တွေကို တော်လှန် တယ်။ လွတ်လပ်ရေးတိုက်ပွဲအတွက် လုံးပန်းတယ်။
အောင်မြင်ခဲ့တယ်။ အဲဒီ ခေတ်က ဖခင်ကြီးများ၊ မိခင် ကြီးများကို လေးစားရိုသေ
ဂုဏ်ယူသောအားဖြင့် ကျွန်တော်တို့ အဲဒီတံဆိပ်ကို ယူထား တယ်"ဟု
ခွပ်ဒေါင်းတံဆိပ် အသုံးပြုရ ခြင်း အကြောင်းရင်းကို တုံ့ပြန်ရှင်းလင်း
ပြောကြားခဲ့သည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment