menu

Thursday 26 September 2013

အခြေခံဥပဒေပြင်ရေး ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ အဖွဲ့နှင့် သမ္မတဦးသိန်းစိန် ဆွေးနွေး

အမေရိကန်သမ္မတဟောင်း Jimmy Carter နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ)

ရန်ကုန်၊ စက်တင်ဘာ ၂၅

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သည့် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ သီးခြားတွေ့ဆုံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကူညီရန် ဆွေးနွေးကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အမေရိကန်သမ္မတဟောင်း၊ ဖင်လန် သမ္မတဟောင်းနှင့် နော်ဝေ ဝန်ကြီးချုပ်ဟောင်းတို့ ပါဝင်သည့် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ၏ The Elders ကိုယ်စားလှယ် အဖွဲ့နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံစဉ် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတွင် ပါဝင်ကူညီရန် ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။
“ကော်မရှင်ဥက္ကဋ္ဌနဲ့ ဂျင်မီကာတာအဖွဲ့ ဒီနေ့တွေ့တယ်။ အသေးစိတ်တော့ မထုတ်ပြန်ဘူး” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်တို့ စက်တင်ဘာလ ၂၅ ရက်နေ့၌ ရန်ကုန်မြို့တွင် တွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲနှင့် ရှစ်လေးလုံး ငွေရတု လုပ်ငန်းစဉ် သုံးရပ်ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ထုတ်ပြန်ကြေညာသည်။



ဂျင်မီကာတာ ဦးဆောင်သည့် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့သည့် အစိုးရ ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများကို တွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့သည် ၎င်းတို့၏ ခရီးစဉ် အသေးစိတ်နှင့် အစီအစဉ်များကို စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis