menu

Thursday 26 September 2013

STARS & MODELS INT'L မှ Miss ခင်လပြည့်ဇော် နှင့်ပတ်သက်ပြီး အသရေဖျက်ရန်ကြံရွယ်ခြင်းမဟုတ်ကြောင်း ဦးဝေယံအောင်မှ ဖြေရှင်းချက်

Photo: " အသရေဖျက်ရန်ကြံရွယ်ခြင်းမဟုတ်ကြောင်း 
ဦးဝေယံအောင်မှ ဖြေရှင်းချက် "

STARS & MODELS INT'L မှ ဂျွန်လွင်က Miss ခင်လပြည့်ဇော် နှင့်ပတ်သက်ပြီး

"  ဦးဝေရန်အောင် (National Director , Miss Supranational Myanmar,Miss Grand Myanmar) ဖြစ်ပြီး လိပ်မူထားသည့်  Email မှာ missmyanmar.org@gmail.com ဖြစ်သည်။အောက်ပါရေးသားချက်များသည် Stars and Models Agency နှင့်  ခင်လပြည့် ဇော်တို့ အား တိုက်ရိုက်အသရေဖျက် ရန်ကြံရွယ် ဖန်တီးထားသည့် ရေးသားချက်များသာ ဖြစ်ကြောငိး အသိပေးလိုပါသည်။"

အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး Miss Supranational Myanmar,Miss Grand Myanmar ရဲ့ Organizer ဦးဝေယံအောင် (National Director) ကို ပေါ်ပြူလာမှ ဆက်သွယ်မေးမြန်းကြည့်တော့ 

"မနက်က ကိုဂျွန်လွင် ကျနော့်ဆီဖုန်းဆက်လာတယ်၊ ကျနော် ပြောချင်တာက missmyanmar.org နဲ့ပို့တာ ၊ ကျနော်တို့ တရားဝင်သုံးတာ အဲဒီအကောင့်မဟုတ်ပါဘူး၊ သုံးလည်းမသုံးဘူး ၊ Miss မြန်မာလို့ သုံးပိုင်ခွင့်မရှိဘူး၊ miss မြန်မာကို Hello Madam ကပိုင်တာ၊ စင်ကာပူကိုမေးလ်ပို့လိုက်တယ်လို့ စွပ်စွဲတယ်၊ တကယ်တော့ အဲ့ဒီပြဿနာမပေါ်ခင်က ခင်ဝင့်ဝါနဲ့ ကိုဂျွန်လွင် နဲ့ ပြဿနာအရင်ပေါ်ခဲ့တယ်၊ ခင်ဝင့်ဝါက သူတို့အေဂျင်စီက မော်ဒယ်ဆိုတာ အစကမသိခဲ့ဘူး၊ နောက်မှသိခဲ့ရတယ်။ 

ခင်ဝင့်ဝါက ကျနော်တို့နဲ့ ၁ နှစ် စာချုပ်ရှိတယ်။ အဲဒီ စာချုပ်ထဲမှာ ပါတဲ့စည်းကမ်းချက်က ခင်ဝင့်ဝါ ဒီစာချုပ် ၁ နှစ်အတွင်း  ဘယ်မော်ဒယ်အေဂျင်စီမှ လွှမ်းမိုးမှုမရှိရဘူးအချက်ပါတယ် ၊ အဲဒါကို ခင်ဝင့်ဝါက ကိုဂျွန်လွင်တို့ အေဂျင်စီကို လျှော်လိုက်တယ်။ အဲဒီအပိုင်းက ကျနော်တို့နဲ့ဆိုင်တဲ့ အပိုင်းမဟုတ်တော့ ဝင်လည်းမပါဘူး။

သတင်းနောက်တစ်ခုထပ်ထွက်တာက ကျနော်တို့ဘက်က ကိုဂျွန်လွင်ရဲ့ Miss ခင်လပြည့်ဇော်ကို နှောင့်ယှက်တဲ့ ကိစ္စနဲ့ ဒီနေ့မနက် သူက ဖုန်းဆက်လာတယ်။ ဘယ်သူက ကြားကနေပြီး ဝင်နှောင့်ယှက်တယ် မသိဘူး၊ အရင်က ပြဿနာကို သိလို့လုပ်တာလား မသိဘူး၊ ကျနော်လည်း မပြောတတ်တော့ဘူး။ အဲဒီအထဲမှာလဲ ဝေယံအောင် နာမည်ပဲပါတယ်။ ကျနော်တို့က နှစ်ယောက်ဆိုတော့ ဘာပဲလုပ်လုပ်နှစ်ယောက် စလုံးတိုင်ပင်ပြီးမှ လုပ်တယ်။ ကျနော်တို့ကို တိုက်ခိုက်တာဖြစ်မှာပါ၊ ကျနော်တို့က အဲသလို လုပ်ရမယ့်လူတွေမှမဟုတ်တာ " လို့ပြောပြခဲ့ပါတယ်။
" အသရေဖျက်ရန်ကြံရွယ်ခြင်းမဟုတ်ကြောင်း

Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis