menu

Thursday 26 September 2013

ယာဉ်ထိန်းရဲမှ ဆိုင်ကယ်စီးသူအား တွန်းလှဲ၍ ဖမ်းဆီးမှုဖြစ်ပွား



စစ်ကိုင်းမြို့၊ မြို့မဈေးအနီးရှိ မီးပွိုင့်တွင် စစ်ကိုင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ Surprise Check ပြုလုပ်နေစဉ်အတွင်း ဆိုင်ကယ်စီးဦးထုပ် မဆောင်းသော ဆိုင်ကယ်တစ်စီးအား ကြမ်းတမ်းစွာ တွန်းလှဲကာ ဖမ်းဆီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်ထိန်းရဲ၏ စာနာစိတ်ကင်းမဲ့ပြီး ဥပဒေမဲ့စွာ ကြမ်းတမ်းစွာ တွန်းလှဲမှုကြောင့် အဆိုပါဆိုင်ကယ်မှာ လမ်းမပေါ်တွင် မှောက်သွားပြီးနောက် စီးနင်းလာသူ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဆိုင်ကယ်မောင်းနှင်လာသူမှာ အမျိုးသားလူငယ်တစ်ဦးဖြစ်ပြီး အနောက်မှထိုင်၍ လိုက်ပါလာသူမှာ အမျိုးသမီးငယ်တစ်ဦး ဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ဖြစ်ပွားစဉ်အချိန်တွင် ရိုက်ကူးပြီးတင်လိုက်သော ဗီဒီယိုဖိုင်သက်သေများအရ သိရသည်။ အဆိုပါ ဆိုင်ကယ်သည် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသေြာေ
ကာင့် ယာဉ်ထိန်းရဲများမှ ဖမ်းဆီးပုံရသည်ဟု ယူဆရသည်။

"ဒီမြင်ကွင်းတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အောက်ခြေမှာ ပြည်သူကို လူလိုမမြင် အာဏာကို အလွန်အကျွံ့ အသုံးပြုနေတဲ့ ယနေ့လက်ရှိ မြင်ကွင်းတွေပါ..။ လမ်းမှား၍ဖြစ်စေ၊ ဆိုင်ကယ်ဦးထုပ်မဆောင်း ၍ဖြစ်စေ ခေါ်ယူ ပညာပေး ဒဏ်ရိုက်ရမည့်အစား ယခုကဲ့သို့ ဥပဒေမဲ့ အနိုင်ကျင့် လုပ်ဆောင်ခြင်းဟာ ဝန်ထမ်းတဦးရဲ့ လုပ်ပိုင်ခွင့်ကို အလွန်အကျွံလုပ်ဆောင် ဥပဒေမဲ့ လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်..။ ပြည်သူ့အခွန်စား ဝန်ထမ်းများရဲ့ ပြည်သူကို အလုပ်အကျွေး ပြုရမယ့်အစား ယခင် ခေါက်ရိုးကျိုးလာတဲ့ အာဏာရှင်ဆန်ဆန် ပြုမူနေကြတဲ့ မြင်ကွင်းတွေကို အထက်အာဏာပိုင်တွေ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်လှပါတယ်" ဟု ပြည်သူတစ်ဦးက ယခုဖြစ်စဉ်နှင့်ပတ်သတ်ပြီး အင်တာနက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

Than Lar Waddy Times

ဗီဒီယိုဖိုင်အား ကြည့်ရှုလိုပါက https://www.facebook.com/photo.php?v=478371338937606 တွင် ကြည့်နိုင်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis