menu

Tuesday 12 November 2013

ရခိုင်ပြည်သွားမယ့် OIC အဖွဲ့ကို ဒီကနေ့ ဆန္ဒပြမယ်

Organization of Islamic Cooperation အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ပြီး ရခိုင်ပြည်နယ်နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာနေရာတွေ သွားရောက်ကြမှာကို နိုဝင်ဘာ ၁၂ရက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အခုတပတ်အတွင်းမှာလာ ရောက်ဖို့ရှိနေတဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဖြေရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေ အနေတွေကိုသိရှိနိုင်အောင် စီစဉ်ပေးနိုင်ဖို့ အတွက်သာ လာရောက်တာဖြစ်ပြီး OIC ရုံးခန်းဖွင့်လှစ်ရေးနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ သမ္မတရုံးပြန်ကြားရေးဝန်ကြီး ဦရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့ညနေပိုင်းက ဖော်ပြထားပါတယ်။

ဒီကနေ့ ဆန္ဒပြမယ့် အခြေအနေနဲ့ပတ်သက်ပြီး ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုနိုင်ဝင်းထွန်း (နောင်တော်လေး)က အခုလိုပြောပါ တယ်။

OIC က ကျနော်တို့သတင်းကြားတဲ့ရက်က ၁၄ရက်နေ့ခင်ဗျ၊ သူတို့ကလာတဲ့အခါမှာ ရခိုင်ပြည်ကိုသွားမယ်၊ မြန်မာနိုင်ငံသားဥပဒေဟာ အစ္စလာမ်မစ်တွေကို ကန့်သတ်ထားတဲ့အတွက် သူတို့ရဲ့ စွပ်စွဲချက်နဲ့ မြန်မာပြည် အစိုးရကို တွန်းအားပေးသွားမယ်ဆိုတဲ့ ပုံစံမျိုးတွေ ကျနော်တို့သတင်းတွေမှာ တွေ့ရတာကိုး၊ ဒါကြီးကတော့ အချုပ်အချာအာဏာကို ထိပါးတယ်လို့ ယူဆတယ်ပေါ့ဗျာ၊ ကျနော်တို့ကတော့ မနက်ဖြန် ၁၂ရက်နေ့ပြမယ်၊ မလာသေးခင်မှာ ပြလိုက်တဲ့အခါ ကျနော်တို့က မလာစေချင်ဘူးဆိုတာ သူတို့ကို သိသွားစေချင်တယ်၊ ကျန်တဲ့သူတွေက လာတဲ့နေ့တွေမှာ ရွှေတိဂုံမှာ ပြမဲ့သူရှိတယ်၊ နယ်မြို့မန္တလေးတွေမှာလည်း ပြမယ့် သူတွေရှိတယ်။


ဆန္ဒပြပွဲပြီးတဲ့နောက်မှာ ၁၉၈၂ မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အများပြည် သူသိအောင် ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ကိုနိုင်ဝင်းထွန်းက ပြောပါတယ်။

မြန်မာသမ္မတပြောခွင့်ရသူ ဦးရဲထွဋ်ရဲ့ပြောဆိုချက်အရ အခုလိုနိုင်ငံတကာ အဖွဲ့အစည်းတွေ လာရောက်လေ့လာတဲ့အတွက် နိုင်ငံတကာမှာဖြန့်ချီနေတဲ့ မမှန်သတင်းတွေကို ချေပနိုင်မှာဖြစ်ပြီး ပြည်သူများအနေနဲ့ နိုင်ငံရဲ့ပုံရိပ် နောက်ပြီး နိုင်ငံတော်အစိုးရရဲ့ ပဋိပက္ခဖြေရှင်းရေး လုပ် ငန်းစဉ်အပေါ် ထိခိုက်စေမယ့် ကိစ္စတွေ မလုပ်မိဖို့ လိုအပ်တဲ့အကြောင်း ဦရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ ရှိမရှိဆိုတာ မသိရသေးပေမယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိသလို နိုဝင်ဘာလ (၁၆) ရက် နေ့မှာတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း ရေဒီယို သြစတြေးလျသတင်းထောက် မြတ်မိုး က ပေးပို့ထားပါတယ်။

အီးယူအကြီးအကဲတွေလည်း မြန်မာကို ကူညီဖို့ လာရောက်လည်ပတ်ဖို့ရှိ

ဥရောပသမဂ္ဂ အီးယူရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ Catherine Ashton ဦးဆောင်တဲ့အဖွဲ့ မြန်မာနိုင်ငံကို မနက်ဖြန် လာရောက်ဖို့ရှိပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အားပေးကူညီမှုတွေ လုပ်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။

အီးယူ-မြန်မာ အလုပ်အမှုဆောင်အဖွဲ့မှာ ပူးတွဲလုပ်ဆောင်ဖို့အတွက် Catherine Ashton က မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ငြိမ်းချမ်းရေး ကိစ္စအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံရေး၊ လူ့အခွင့်အရေး၊ အခြေခံလွပ်လပ်ရေးနဲ့ နိုင်ငံတကာ ဆက်သွယ်ရေးဆိုင်ရာကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Catherine Ashton ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဝန်ကြီးတွေအပါအဝင် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။

ဒီခရီးစဉ်အတွင်း ပုဂ္ဂိလ လုပ်ငန်းဆိုင်ရာ ကဏ္ဍမှာ နှစ်နိုင်ငံကြား အကြမ်း သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း ဥရောပ ကော်မရှင်က ပြောကြောင်း UPI သတင်းအရ သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis