menu

Tuesday 12 November 2013

ၾသစေၾတးလ် ဘုရင်ခံချုပ်နဲ့ မြန်မာ အမျိုးသမီးတွေ အကြောင်း ဆွေးနွေးခဲ့ တဲ့ နန်းခင်ဇေယျာ


Miss  International Myanmar   နန်းခင်ဇေယျာက ‘အက်တိုးပစ်အပျိုစင်’ ဆိုတဲ့ဇာတ်ကား ကို ခန့်စည်သူ၊ ဒါရိုက်တာညွန့်မြန်မာ ညီညီအောင်တို့နဲ့ ရိုက်ကူးနေပါ တယ် ။   ဒီဇာတ်ကားက ပထမဆုံး ရိုက်ကူးတဲ့ဇာတ်ကားဖြစ်သလို တစ်ခုလပ်ဆရာဝန်တစ်ယောက် အဖြစ် သရုပ် ဆောင်ရတဲ့ ဒရာမာ ဇာတ် ကား တစ်ကား ဖြစ်ပါတယ်။ ရိုက် ကူး မှု  အတွေ့အကြုံ နဲ့ ပတ်သက်ပြီး “ဒီကားမှာ ပထမ ဆုံးငိုရတဲ့အခန်းတွေ ရိုက်ရတယ်။ ဟဲဗီးတွေပေါ့။ ကိုယ်က အပြင်မှာ သွက်သွက်လက်လက် သမားတစ်
ယောက်။ စကားပြောတာကလည်း တအားမြန်တယ်။ ဆရာဝန်တစ် ယောက်ရဲ့ဇာတ်ရုပ်ဆို နူးနူးညံ့ညံ့၊ သိမ်သိမ်မွေ့မွေ့လေးပြောရတယ်။ငိုတဲ့အခါမု(ဒ်)ကို အပြည့်ထည့် ရ တယ်။ အပြင်မှာ တကယ်ဖြစ်တဲ့ အတိုင်းခံစားပြီးငိုရတယ်။ ပရိ သတ်တွေအတွက်လည်း မက်ဆေ့ ပေးတဲ့ဇာတ်ပါ။အကောင်းဆုံး ဖြစ်အောင်ကြိုး စားပါတယ်။ ပထမ ဆုံး ဇာတ်ကား ရိုက်တာဖြစ် တဲ့အတွက် အတွေ့အ ကြုံတွေရော၊ အမှတ်တရ ရောဖြစ်ပါ တယ်။ ညီမ ကြော် ငြာတွေ ရိုက်တုန်း ကမပင်ပန်းပါဘူး။ ဇာတ်ကား ရိုက် တာက ပထမဆုံးဆိုတော့ စိတ်ရော၊လူရောနှစ်ပြီး လုပ်ထားပါတယ်။ ဒီဇာတ်ပြီးရင်လည်း ညီမနဲ့ လိုက် တာလုပ်နိုင်တာလေးတွေ ကမ်းလှမ်း လာရင်ရိုက်သွားမှာပါ” လို့ပြောပါ တယ်။ နန်းခင်ဇေယျာက နိုဝင်ဘာ ၆ ရက် နေ့ကသြစတြေးလျဘုရင်ခံချုပ်Ms Quentin Bryce နဲ့ တွေ့ဆုံခဲ့ကာ မြန်မာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဆွေး နွေးဖြစ်ခဲ့ တယ်လို့ ပြောပြတာကြောင့်

   ”သူတို့ ဘက်က ညီမကိုတွေ့ဖို့ ကမ်းလှမ်းတာနဲ့ သွားဖြစ်တာပါ။ သြစတြေးလျကလပ်မှာ တွေ့ ဖြစ်ခဲ့ တာ။ NGO ကအဖွဲ့တွေလည်းပါ ပါတယ်။ မြန်မာအမျိုးသမီး ဖိုရမ် တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ် တယ်။ အခု သူက ကိုယ်တွေဖြစ် ပျက်နေတာကို သူ့အတွေ့အကြုံတွေ နဲ့ပြန်ရှင်းပြတယ်။ဒီလိုလာတဲ့ အတွက် အထောက်အပံ့တွေ လည်း အများကြီး ရစေပါတယ်။ ညီမအနေနဲ့ဒီလို တွေ့ ဆုံခွင့်ရတဲ့အတွက် တအားလည်း ဂုဏ်ယူ မိပါတယ်။ ဒီလိုဆွေးနွေးပွဲမှာ ညီမလိုလူငယ်တစ်ယောက်ကို ဖိတ်
တဲ့အတွက်လည်းတအားဝမ်းသာပါ တယ်” လို့ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis