menu

Tuesday, 12 November 2013

ရုရှားနိုင်ငံရှိ သစ်တောတစ်ခုတွင် ရှားပါး အနက်ရောင် သားပိုက်ကောင် တွေ့ရှိ


ရုရှားနိုင်ငံ အရှေ့တောင်ပိုင်းရှိ တောအုပ် တစ်ခုတွင် ရှားပါးသော အနက်ရောင် သားပိုက်ကောင် မျိုးစိတ်ကို ခရီးသွား ဇနီးမောင်နှံ နှစ်ဦးက တွေ့ရှိခဲ့ပြီး ဗီဒီယို မှတ်တမ်းတင် ရိုက်ကူး ခဲ့ကြကြောင်း သိရသည်။

၎င်းစုံတွဲသည် အဆိုပါ သားပိုက်ကောင် များကို ရိုက်ကူးခဲ့သော ဗီဒီယို တိပ်ခွေကို You Tube ဝက်ဘ်ဆိုက်ပေါ်သို့ တင်ခဲ့ရာ ရုရှားနိုင်ငံ တစ်ဝန်းရှိ အင်တာနက် သုံးစွဲသူများ အကြားတွင် ချက်ချင်း ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ သားပိုက်ကောင် မျိုးစိတ်သည် အလွန်ရှားပါးပြီး သြစတြေးလျ နိုင်ငံ တစ်လျှောက်တွင်သာ တွေ့ရလေ့ ရှိကြောင်း သိရသည်။

ထို့အပြင် Saratov ဒေသမှ ဒေသခံများသည် ၎င်းသတ္တဝါ မျိုးစိတ်ကို ယခင်နှစ်ကလည်း ရှာဖွေတွေ့ရှိ ခဲ့ဖူးကြောင်းနှင့် အများအားဖြင့် ၎င်းတို့အား နွေဦးရာသီနှင့် နွေရာသီတွင် အများဆုံး တွေ့ ရှိရကြောင်း သတင်းဌာန တစ်ခု၏ ထုတ်ပြန်ချက် အရ သိရသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis