menu

Tuesday 12 November 2013

ကမ္ဘောဒီးယား အလုပ်သမား ဆန္ဒပြပွဲ တစ်ဦးသေ



ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို.မှာ ဆန္ဒပြသူ အထည်ချုပ် လုပ်သားတွေနဲ. ရဲတပ်ဖွဲ. အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ရာ အနားမှာ ရပ်ကြည့်နေတဲ့ အမျိုးသမီးတဦး ကျည်ဆံထိမှန် အသက်ဆုံးခဲ့ပြီး လူအတော်များများလည်း ဒဏ်ရာ ရသွားပါတယ်။

ကမ္ဘာ့ နာမည်ကြီး ကုမ္ပဏီကြီးတွေ အတွက် အဝတ်အထည်တွေ ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ် စက်ရုံ တခုက အလုပ်သမား ရာပေါင်း များစွာဟာ ဝန်ကြီးချုပ် ဟွန်ဆန်း ရဲ့ နေအိမ်ဆီ ချီတက်သွားခဲ့ပြီး လုပ်ငန်းခွင် အခြေအနေတွေ ပိုမို တိုးတက် ကောင်းမွန်လာအောင် တောင်းဆို ဆန္ဒပြကြတဲ့ အချိန်မှာ အခုလို ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။

ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ.က မီးသတ်ပိုက်နဲ. လူစုခွဲခဲ့ရတယ်လို. အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘောဒီးယား နိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းမှာ အလုပ်သမား သိန်းပေါင်းများစွာ လုပ်ကိုင်နေကြပြီး ဒီလုပ်ငန်းဟာ နိုင်ငံရဲ့ အကြီးဆုံး ထုတ်ကုန် ဝင်ငွေ ရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။
BBC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis