menu

Tuesday 12 November 2013

မြန်မာ့လွှတ်တော်တွင်းနှင့် နိုင်ငံရေး အခြေအနေများကို နက္ခဗေဒ ပညာရှင်များ ကြိုတင် ဟောကိန်းထုတ်

Mars


 ရန်ကုန် နိုဝင်ဘာ ၁၂။
၂၀၁၄ နှစ် တန်ခူးလ၌ အင်္ဂါဂြိုလ်သည် ကန်ရာသီ စိတ္တရ နက္ခတ်ပထမအပတ်တွင် နောက်ပြန်ဆုတ် လျက်ရှိနေသည့် အတွက်ကြောင့် လွှတ်တော်အတွင်း မတည်မငြိမ်ဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်များ နာမကျန်း ဖြစ်ရန်ရှိကြောင်း ယခုနှစ်ထုတ် မြန်မာဝိသုဝ မန္တလေး မဟာ သင်္ကြန်စာတွင် ဖော်ပြထားသည့်အပြင် သင်္ကြန်ကာလ၌ ခိုက်ရန်ပွဲများနှင့် သွေးထွက်သံယိုများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ပြောကြားသည်။
“၂၀၁၄ သင်္ကြန်မှာ သွေးထွက်သံယိုဖြစ်ဖို့ ရှိတယ်။ အုပ်ချုပ်သူ အစိုးရနဲ့ ပါတီအတွင်း အင်္ဂါသားသမီးတွေ အတွက်  ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာဖို့ရှိတယ်” ဟုဦးဇေယျာကိုက ပြောကြားသည်။
အင်္ဂါဂြိုလ်သည် ဖောက်ပြန်သည့် ဖြစ်စဉ်သည် ၄၇ နှစ်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိကြောင်း တိုင်းပြည် အရေးများ နက္ခတ်ဖြင့် တွက်ချက်သည့် အခါတွင် အင်္ဂါဂြိုလ်အား တွက်ချက်ရကြောင်း သိရသည်။
“၁၉၆၇ ခုနှစ် မတ်လ ၉ ရက်နေ့ကနေပြီး မေလ ၂၆ရက်နေ့ တစ်ခါဖြစ်ဖူးတယ်။ အခု ၂၀၁၄ မှာ အင်္ဂါဂြိုလ်က ဖောက်ပြန်တာက ၄၇ နှစ်ကြာပြီးတော့မှ ပြန်ဖြစ်တာ”ဟု ဦးဇေယျာကိုက ဆိုသည်။
ယင်းကဲ့သို့  ဖောက်ပြန်သည့် အခါတွင် အင်္ဂါဂြိုလ်သည် ကမ္ဘာနှင့် အနီးဆုံးတွင် ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ၊ ဘဏ္ဍာရေး ဆိုင်ရာများတွင် အနှောက်ယှက် ဖြစ်စဉ်များ ဖြစ်ရန်ရှိနေသည့်အပြင်
“အင်္ဂါဂြိုလ်ဟာ တပ်ပိုင်းဆိုင်ရာတွေမှာ ကောင်းတဲ့ဂြိုလ်လို့လည်း ပြောလို့ ရသလို မကောင်းတဲ့ ဂြိုလ်လို့လည်း ပြောလို့ ရတယ်”ဟု ဆက်လက် ပြောသည်။
ဆရာကြီးမင်းသိင်္ခ၏ သုံးတန်ပေါ်နိစ် တွက်နည်းအရ ဆရာမင်းသင်္ခတပည့် ၂၁ ရာစု မင်းသိမ်းခိုင်က“၂၀၀၄မှာ မြန်မာနိုင်ငံ အနေ့နဲ့ မကောင်းတာလေးတွေ တွေ့တတ်တယ်။ အင်္ဂါ သားသမီးတွေ အနေနဲ့ ညံ့တတ်တယ်။ နိုင်ငံအနေနဲ့လည်း မကောင်းတာ ဖြစ်တတ်တယ်။ ဆန်၊ ဆီ၊ ဆား တွေအနေနဲ့လည်း မကောင်းဘူး။ တိုင်းရင်းသား ညီကို မောင်နှမတွေ အခန့်မသင့်တာတွေ ဖြစ်တတ်တယ်”ဟု ပြောသည်။
လမ်းကြောင်းလွဲကာ ဖောက်ပြန်သည့် အတွက်ကြောင့် အရှေ့တောင် အာရှတွင် အင်အားပြင်း ငလျင် လုပ်နိုင်ကြောင်း နက္ခတ်ပညာရှင်များက တွက်ချက်ထားသည်။
နှင်းနွယ်
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis