menu

Thursday 21 November 2013

ကမ္ဘာ့ ဈေးအကြီးဆုံး ကား ဖြစ်လာသည့် Lamborghini Veneno

Photo: ကမ္ဘာ့ ဈေးအကြီးဆုံး ကား ဖြစ်လာသည့် Lamborghini Veneno

အီတလီ Lamborghini မှ နောက်ဆုံး ဖန်တီးလိုက်တဲ့ပြိုင်ကား ဖြစ်ပါတယ။် Lamborghini Veneno လို့ အမည်ပေးထားပါတယ်။ Bugatti, Porsche နဲ့ Ferrari တို့က ၎င်းတို့ နောက်ဆုံးထွက် ပြိုင်ကားတွေ နဲ့ ဈေးကွက် ဝင်ရောက်လာသလို အားကျ မခံ ထပ်မံ ဝင်ရောက်လာသူကတော့ Lamborghini ရဲ့  Veneno အမည်ရ ပြိုင်ကားပဲ ဖြစ်ပါတယ်။ သူ့ကို ကမ္ဘာ့ဈေး အကြီးဆုံး ကား ( The World Most Expensive Production Car) အဖြစ် သတ်မှတ် လိုက်ပါတယ်။

အင်ဂျင်အရွယ် ၆.၅ လီတာ၊ V ဆလင်ဒါ ၁၂ လုံးပူးကို အသုံးပြုထား ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၇၅၀ ဝန်းကျင်ပါ။ ဒီတော့ ၂.၈ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ Accelearation တင်နိုင်မယ် ဆိုရင် တကယ် အံ့သြစရာပါပဲ။ အမြန်ဆုံး Nonstop က တစ်နာရီ ၂၂၁ မိုင် နှုန်းပါ။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး ပြေးတဲ့ ပြိုင်ကားစာရင်းထဲကို ပါဝင်လာအုံးမှာ ဖြစ် ပါတယ်။ Bugatti တုန်းက အင်ဂျင်အရွယ် ၈ ထောင်ကျော် ပြီး မြင်းကောင်ရေအား တစ်ထောင်ကျော်မှာ တစ်နာရီ မိုင် ၂၅၀ ကျော် တင်နိုင်တာပါ။ ဒီတော့ Lamborghin ရဲ့  အရွယ်သေး အင်ဂျင် မှာတင် Speed အမြန်တင်နိုင်တဲ့ စွမ်းဆောင်ရည်ဟာ သာမန် ပြိုင်ကားတွေ ထက် သိသိသာသာကို ပိုနေပါတယ်။ Lambo မှ ထုတ်ဖော်မပြသတဲ့ နည်းပညာ တစ်ခုပါ။

မော်တော်ယာဉ်ကို ကာဘွန်ဖိုက်ဘာနဲ့ပဲ တည်ဆောက်ထားပါတယ်။ ပေါ့ပါးမှု အတွက် ရည်ရွယ်ပြီး ကားရဲ့  စုစုပေါင်း အလေးချိန်က ၃၁၉၀ ပေါင် ရှိပါတယ်။ တံခါး ၂ ပေါက် ၂ ယောက်စီး ပြိုင်ကားပါ။ လ အနည်းငယ် အတွင်း အမိုးပွင့် Veneno ကိုလည်း ထုတ်လုပ် ဖန်တီးအုံးမယ်လို့ ဆိုပါတယ်။ လောလောဆယ် ဖန်တီးထားတဲ့ Lamborghini Veneno က စက်ရုံထုတ်မဟုတ်ပဲ တစ်စီးချင်းစီအတွက် အင်ဂျင်နီယာ၊ ဗိသုကာ ပညာရှင်တို့ရဲ့  လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီတော့ တစ်စီးရဲ့  တန်ဖိုးက အမေရိကန်ဒေါ်လာ ၄ သန်းပါ။ အော်ဒါ စနစ်နဲ့ Lamborghini သို့ မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
အောင်ခမ်း ( smart.com.mm )

http://www.smart.com.mm/index.php?option=com_content&view=article&id=18658:lamborghini-veneno&catid=137&Itemid=647

http://www.smart.com.mm/index.php?option=com_content&view=article&id=18658%3Alamborghini-veneno&catid=137&Itemid=647

Smart Pro Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis