menu

Thursday 21 November 2013

အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်၍ ၆ ဦးသေ၊ ၆ ဦးဒဏ်ရာရ

နေပြည်တော်၊ နိုဝင်ဘာ ၂၁

၂၀-၁၁-၂၀၁၃ ရက်နေ့ ၀၁၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ စလင်းမြို့နယ်၊ လက်ပကျင်းရွာ၊ လက်ပကျင်းချောင်းအနီး၊ မိုင်တိုင်အမှတ်(၇/၇)တွင် စလင်းမြို့နယ်၊ ရွှေတွင်းတူးရွာနေ အေးမင်းထိုက်(၃၆)နှစ်မောင်းနှင်သော ဈ/xxxx နီဆန်း(အပြာရောင်)(၆)ဘီးယာဉ်သည် သစ်အခြားသား ဆိုဒ်စုံ(၂၀)ချောင်း၊ ၀ါး(၅၀၀)လုံး၊ သစ်/၀ါးတင်သည့်အလုပ်သမား ၁၃ ဦး တင်ဆောင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ချောင်းအဆင်းလမ်းယာဘက်ခြမ်း(၈)ပေခန့်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက် ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် စလင်းမြို့နယ်၊ ကူတိုတောင်ရွာနေ ဦးမြင့်အောင်(၃၅)နှစ်ပါ ကျား (၆)ဦးသည် သစ်ဝါးများပိ၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး စလင်းမြို့နယ်၊ ကူတိုတောင်ရွာနေ ဦးမြင့်သိန်းထွန်း(၃၄)နှစ်ပါ ကျား(၂)ဦးတွင် ဦးခေါင်းစုတ်ပြဲ၊ ခါးဖူးရောင်ဒဏ်ရာများရရှိခဲ့သဖြင့် စလင်းဆေးရုံမှမကွေးတိုင်းပြည်သူ့ဆေးရုံသို့လည်းကောင်း၊ စလင်းမြို့နယ်၊ ကူတိုတောင်ရွာနေ အောင်မင်းထိုက်(၂၇)နှစ်ပါ ကျား (၄)ဦးတွင် ၀ဲ/ယာဒူးနာကျင်ဒဏ်ရာ၊ ခြေဖ၀ါးပွန်းပဲ့၊ ၀ဲလက်ခလယ်၊ ၀ဲလက်နာကျင်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် စလင်းဆေးရုံသို့လည်းကောင်း အသီးသီးတင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်ခြင်မောင်းနှင်သူ အေးမင်းထိုက်အား လင်းဇင်းနယ်မြေရဲစခန်းယာဉ်(ပ)၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis