menu

Thursday 21 November 2013

ဘေရွတ်ဗုံးခွဲမှုသည် အီရန်နှင့် ဟဇ်ဘိုလာတို့ကို သတိပေးခြင်းဖြစ်

Armed group says

နိုဝင်ဘာလ ၁၁။
နိုဝင်ဘာ ၁၉ရက်က လက်ဘနွန်ုနိုင်ငံ ဘေရွတ်မြို့မှ အီရန်သံရုံးအပြင်ဘက်တွင် အသေခံဗုံး နှစ်လုံးဆက်တိုက် ဖောက်ခွဲမှုများသည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်း အယ်ကေးဒါးတို့နှင့် ဆက်နွယ်နေသည့် လက်ဘနွန်လက်နက်ကိုင် တပ်ဖွဲ့က ဆိုသည်။ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်မှ ၀ါရင့်သံတမန်တစ်ဦးအပါအ၀င် ၂၃ဦး ဒဏ်ရာရပြီး လူပေါင်း ၁၀၀ကျော် ဒဏ်ရာရရှိခဲ့သည်။
ယခုဗုံးပေါက်ကွဲမှုများနောက်တွင် အစ္စရေးတို့ရှိရမည်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက စွတ်စွဲခဲ့သော်လည်း ဘက်ဘနွန်လက်နက်ကိုင် အဗ္ဗဒူလာအာဇန်အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း၊ ဆီးရီးယားသမ္မတ ဘာရှာအာဆက်ကို ထောက်ခံကူညီနေသည့် အီရန်နှင့် ဟဇ်ဘိုလာတို့ကို အသက်နှင့်သွေးသတိပေး လိုက်ခြင်းဖြစ်ကြောင်းဆိုသည်။
အီရန်သံရုံးက ပြောကြားချက်အရ အီဘရာဟင်အန်ဆာရီ အမည်ရှိ ၀ါရင့်သံမှူးတစ်ဦးနှင့် အစောင့်ငါးဦးလည်း သေဆုံးသူများထဲတွင် ပါဝင်သည်ဟု သိရသည်။
ဘက်ဘနွန်၏ မြို့တော် ဘေရွတ်တွင် ရှီယာလက်နက်ကိုင်အဖွဲ့ဟဇ်ဘိုလာတို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားကာ သေဆုံးမှုများခဲ့သည်။ မြို့၏ တောင်ဘက်ပိုင်းသည် ဟစ်ဇ်ဘိုလာလက်နက်ကိုင် တပ်ဖွဲ့များ အခိုင်အမာ အခြေချရာ နေရာများဖြစ်ပြီး ယခုနှစ်အတွင်း ကားဗုံးနှစ်ကြိမ်တိတိ ပေါက်ကွဲခဲ့သည်။ ဇူလိုင်၉ရက်နှင့်သြဂုတ် ၁၅ရက်များက ပေါက်ကွဲခဲ့သော ကားဗုံးကြောင့် စုစုပေါင်း ၂၇ဦးသေဆုံးခဲ့သည်။
Ref: Al Jazeera
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis