menu

Thursday 21 November 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ပတ်သက်၍ အနုပညာရှင် တို့၏ သဘောထား

 

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဂဃနဏ လေ့လာကြည့် လျှင် လုပ်ထုံး လုပ်နည်း များအရ ပြု ပြင်၍ မရလောက်အောင် စီမံ ရေးသား ထားသည်ကို တွေ့ရပါ သည်။ ဓမ္မဟောင်း ကျမ်းတွင်လည်း ထာဝရ ဘုရား ကမန်တော်မော ရှေကို လူသားတို့ အကျိုးငှာ ပညတ်တော် တရား ၁ဝပါး ချမှတ် ပေးခဲ့ဖူးသည်။ ပြုပြင်၍ မရ စကောင်းသော ထိုပညတ်တော် ၁ဝပါးကိုပင် ထာဝ ရဘုရား ကိုယ်၌က သားတော် သခင် ယေရှုအား ကာလဒေသပေ ယောဂနှင့် အညီလောက ကို ထပ်မံစေလွှတ် ၍ ထို ပညတ် တရား တို့၏ အနှစ်ချုပ်  ‘မေတ္တာ တရားဖြင့်သာ’ လောက၏ အကျိုး၊ လူအဖွဲ့အစည်း ၏ စည်းနှောင်မှုသည် တည်တံ့နိုင်မည်ဖြစ် ကြောင်း သတင်းကောင်း ပျံ့နှံ့စေ ခဲ့လေ၏။ ဤသည်မှာ ပညတ်များ၊ ဥပဒေများ၊ ဝိနည်း စည်းကမ်းများ ထက် စေတနာ အတွင်း သဘောတ ရားကသာ ပိုမို အရေးကြီးပြီး ဥပဒေ၊ ပညတ်ချက် များက ပုဂ္ဂိုလ် ၊ကာလ၊ ဒေသ၊ ပယောဂတို့နှင့် အညီသာဖြစ် သင့်ကြောင်း ဆိုပါသည်။ ယခင်က အာဏာ ဆိုသည်မှာ ထိပ်တန်း အဖွဲ့ အစည်းတွင်သာ ရှိပြီး ယခု ဒီမိုကရေ စီ လူ့ အဖွဲ့အစည်း တွင်ကား အာဏာ သည် ပြည်သူလူထု ထံမှသာ ဆင်း သက် ရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု ပရိသတ်၏ စိတ်ဆန္ဒ အတိုင်း အာဏာ တစ်ခုထိ ဖမ်းစား၊ ဆွဲဆောင်နိုင်ကြသည့် အနုပညာရှင် များ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သော သဘောထား များကို လည်း ဖော်ပြ လိုက်ပါသည်။
ပြည်သူတွေက လိုအပ်လို့ ပြင်ချင် တာကို လျစ်လျူရှုလို့ မသင့် …
ဇင်ဝိုင်း
“ဒီ ၂ဝဝ၈ အခြေခံ ဥပဒေကို ပြည်သူတွေက လိုအပ်လို့ ပြင်ချင် တာကို လျစ်လျူရှုလို့ မသင့်တော်ပါ ဘူး။ ဒီမိုကရေစီ အတွက် နိုင်ငံသား တစ်ယောက် အနေနဲ့ပြင်ဖို့ လိုအပ် လို့ တောင်းဆို ကြတာပါ။ ပြင်ရမယ့် လူကြီးတွေ ကလည်း နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ သူတွေပါပဲ။ ဒါကတစ် တိုင်းပြည်လုံး အဆင်ပြေဖို့၊ ပြည် သူ ပြည် သားတွေ အဆင်ပြေဖို့ လုပ် ဆောင်နေတာပါ။ ပြင်မယ် ဆိုရင် နိုင်ငံနဲ့ လူမျိုး မျက်နှာကို ထောက် သင့်တယ်။ ပြင်သင့်တာကို ပြင်ပြီး အကောင်းဆုံး လုပ်စေချင်တယ်။ လုပ် တာ မလုပ်တာထက် လုပ်သင့်တယ် ထင်လို့ ပြောကြတာပဲ”

 ပြောင်းလဲ မှုတိုင်းမှာ သူ့ရဲ့ (အင်ပရက်ရှင်)ဆို တာ ရှိတယ် …
ဆွေဇင်ထိုက်
“အလုပ် မဖြစ်ရင်တော့ ပြောင်း ရမယ်။ ဒါသေချာတယ်လေ။ ဒါပေမဲ့ ပြောင်းရမယ့် နေရာမှာ ချက်ချင်း ကြီး “က” ကြီးကနေ “ယ” “ပ” ကနေ “င” ဖြစ် သွားအောင် ပြောင်း သွားတာမျိုး ကြီးကတော့ မဖြစ်ဘူးလေ။ စိတ်ထဲ မှာတော့ ပြောတာပေါ့။ ပြောင်းလဲ မှုတိုင်းမှာ သူ့ရဲ့ (အင်ပရက်ရှင်) ဆို တာ ရှိတယ်။ ပရဟိတ သမားအနေ နဲ့ကတော့ အသေ အပျောက်၊ အပွန်း အပဲ့၊ အထိအခိုက် မရှိနိုင်သလောက် အဲဒီလို အချိန် အခြေနေမျိုးပြောင်းလဲ တာမျိုး ဖြစ်တာကောင်းတယ် လို့ လက်ခံ ထားကြတယ်။ အထိ အခိုက်၊ အပွန်း အပဲ့၊ အသေအပျောက် နည်း နိုင်သမျှ နည်းအောင် လုပ်နိုင်ရင် တော့ အကောင်းဆုံးပဲ”
၂ဝ၁၅ ခုနှစ်ပြီး မှ ပြင်ရင်တော့ မဖြစ်နိုင်တော့ဘူး …
ဆောင်းဦးလှိုင်
“လူမှုရေး သမား တစ်ယောက် အနေနဲ့ ၂ဝ၁၅နှစ် မတိုင်ခင် အမြန် ဆုံး ပြင်စေချင်တယ်။ ၂ဝ၁၅ ခုနှစ်ပြီး မှ ပြင်ရင်တော့ မဖြစ်နိုင်တော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ မရအောင် ဖြစ်နေတဲ့ အချက်ကို အဓိ က ပြင်စေချင်တယ်။ ၂ဝဝ၈ ဖွဲ့စည်း ပုံ ဥပဒေတွေကို ပြင်ခဲ့ရင် ကျွန် တော်တို့ တိုင်းပြည် က ပိုပြီး လွတ်လပ် မျှတပြီး ဒီမိုကရေစီ စံချိန်နဲ့ ပို ကိုက်သွားမယ်။ မဟုတ်ရင်တော့ သူ တို့စိတ်တိုင်းကျ လုပ်၊ စိတ်တိုင်းကျ ပြောရင်တော့ ဒီအတိုင်းပဲ ဆက်သွား မှာပဲ။ ၂ဝဝ၈ အခြေခံ ဥပဒေ နဲ့ ပတ် သက် ပြီး ထောက်ခံမဲ ကိုလည်း ကျွန် တော် မထည့်ခဲ့ပါဘူး။ ပြည်သူလူထု တွေ ပြင်စေချင်တာ အကုန်လုံးပါပဲ။ အစကနေ ပြန်ပြင်ဖို့ ဆိုတာ အချိန်က တအားကို လိုအပ် မယ်။ အချိန် ကို နောက်ပြန်ဆွဲ သလိုဖြစ်မယ်။ ဒါ ကြောင့် အရင်ဆုံး ပြည်သူ တောင်းဆို တဲ့ ဖြစ်သင့်တဲ့ အချက်ကို အရင်ဆုံး ပြင်စေချင်တယ်”
ပြည် သူမကြိုက်တဲ့ ကိစ္စမှန်သမျှကို
ပြုပြင် ပြောင်းလဲသင့်တယ် …
မိုးဝင်း
“ပြုပြင်သင့်တာ ပြုပြင်ရမယ် ပြောင်းလဲသင့်တာ ပြောင်းလဲရမယ် လို့ထင်ပါတယ်။ ဘာကြောင့်လဲ ဆို တော့ လူအများစု ရဲ့ ကိစ္စဖြစ်နေပါ တယ်။ သဘောထား ကိုလည်း ပွင့်လင်း မြင်သာစွာ သိဖို့ လိုပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲ သင့်တာ ကိုတော့ ပြုပြင်ပြောင်းလဲပေးဖို့ လို အပ်ပါတယ် လို့ ထင်ပါတယ်။ ပြည်သူ မကြိုက်တဲ့ ကိစ္စမှန် သမျှကို ပြုပြင် ပြောင်းလဲ သင့်တယ်လို့ ထင်တယ်။ ခေတ်က လဲပြောင်းလည်းခဲ့ပါပြီ။”
ပြင်သင့်တဲ့နေရာတွေမှာ
ပြင်ဖို့တော့ လိုမှာပါ…
ရွှေဂျော်ဂျော်
“ပြင်စရာတော့ အများကြီးရှိ မယ် ထင်တာပဲ။ ကြားနေ ရတာတွေ အရ ပြင်စရာတွေ ရှိဦးမှာပါ။ ပြင် သင့်တာကတော့ ပြင်ရမှာပေါ့။ မပြင်ရင် နောက် Formal တွေ အကုန် လုံး ဆက်တိုက်တွေ မှားကုန် မှာပေါ့။ အကုန်လုံး မဟုတ်ဘူး ဆိုရင် တောင် ပြင်သင့်တဲ့နေရာတွေ မှာ ပြင်ဖို့တော့ လိုမှာပါ”
အများဆန္ဒ အရလိုက်လျောညီထွေ
မရှိတာလေးတွေရှိနိုင်တယ် …
မြင်မိုးအောင်(တေးရေး)
ဖွဲ့စည်း ပုံပြင်တာတော့ မဖြစ် မနေ ပြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ ဒါက အရင် အစိုးရ လက်ထက် က စိတ်ကြိုက် ဆွဲထားတာ ဆိုတော့ ခုခေတ် ကာလ အနေ အထား နဲ့ အများ ဆန္ဒ အရ လိုက်လျော ညီထွေ မရှိတာလေးတွေ ရှိနိုင်တယ်။ ဒါပေမယ့် အရမ်း အကဲဆတ်ပြီး တစ်ယောက် နဲ့ တစ်ယောက် လို အပ်တာထက် ပိုအငြင်း ပွားနေ ရင်တော့ ရလဒ်က ကောင်းမှာ မဟုတ်ဘူး။ တစ်ယောက် နဲ့တစ်ယောက် ညှိညှိနှိုင်းနှိုင်းလေး နဲ့ မျှမျှတတ စဉ်းစားကြဖို့ လိုမယ်လို့ တော့ မြင်ပါတယ်။
ကောင်းလာဖို့အတွက်
ပြောင်းလဲ သင့်တယ် …
စောဖိုးခွား(တေးရေး၊တေးဆို)
“ပြောင်းလဲသင့်တယ်လို့ ကျွန် တော် စိတ်ထဲမှာ ခံယူထားတယ်။ ဘာကြောင့် ပြောင်းလဲသင့်လဲ ဆိုရင် ကောင်းလာဖို့ အတွက် ပြောင်းလဲ သင့်တယ်။ ဆိုးတယ် မပြောဘူး။ အားလုံးက တောင်းဆိုနေတဲ့ ပြောင်း လဲမှုနဲ့ ပတ်သက်တဲ့ အတွက် ပြောင်း လဲစေချင်ပါတယ်”
ပေါ်ပြူလာအဖွဲ့
Popular Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis