menu

Sunday 17 November 2013

မရမ်းကုန်းမြို့နယ်(၉)မိုင်ခွဲအနီးတွင် ယာဉ်(၂)စီးမျက်နှာချင်းဆိုင် တိုက်မိ၍ (၁)ဦးသေ(၇)ဦးဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

၁၆.၁၁.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းအတိုင်း (၁၀)မိုင်ကုန်းဘက်မှ (၈)မိုင်ဘက်သို့ အောင်သူ (ဘ)ဦးဆန်းဦး၊
ဗဟန်းမြို့နယ်နေသူ မောင်းနှင်လာသော ၉ဂ/------ ဆလွန်း
အနက်ရောင်ကိုယ်ပိုင်ယာဉ်သည် (၉)မိုင်ခွဲမှတ်တိုင်အနီးအရောက် တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ ကိုနေလင်းစိုး(ဘ)ဦးသန်းစိုး၊ အင်းစိန်မြို့နယ်နေသူမောင်းနှင်လာသော 9B/------ ပရိုဘောက်အဖြူရောင်အငှားယာဉ်အား တိုက်မိသဖြင့်
ယာဉ်(၂)စီးတွင် ကာလတန်ဖိုးငွေကျပ်သိန်း(၅၀)ခန့်ပျက်စီးဆုံးရှုံး
သွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုနေလင်းစိုးနှင့်ယာဉ်ပေါ်ပါ ကိုဇော်မင်းထွန်း၊ ကိုဇင်မင်းဦး၊ ကိုအောင်ဆန်းဦး၊ မဖြူနှင်း၊ ကိုအောင်ကိုဝင်း၊ မဇာဇာဖြိုးတို့တွင် ဖူးယောင်ပေါက်ပြဲဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီး၌ အတွင်း/အပြင်လူနာများ(မစိုးရိမ်ရ)အဖြစ်ကုသရပြီး မစန်းမြ(ဘ)ဦးအောင်ရွှေ၊ မြောက်ဥက္ကလာပမြို့နယ်နေသူတွင် ဦးခေါင်း၊မျက်နှာ စုတ်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့သဖြင့် ၉ဂ/------ ယာဉ်မောင်း အောင်သူအား မရမ်းကုန်း
မြို့မရဲစခန်း ယာဉ်(ပ)၈၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့်
အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis