menu

Sunday 17 November 2013

မူးယစ်ဂိုဏ်းနှင့် ပူးပေါင်းသည့်ရဲအရာရှိများ လူသတ်မှုများ ထုတ်ဖော်ဝန်ခံ

နိုဝင်ဘာ ၁၇။ 

မက္ကဆီကိုတွင် မူးယစ်ဂိုဏ်းနှင့်ပူးပေါင်းခဲ့သော ရဲအရာရှိ နှစ်စ်ဒါဇင်ခန့်၏ ၀န်ခံထွက်ဆိုချက်အရ နိုင်ငံအတွင်း တိတ်တဆိတ် အသတ်ခံခဲ့ရသူများ၏ အလောင်းများ ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ အသတ်ခံရသူများ မြုပ်နှံ့ရာ
 နေရာ သည် တစ်နေရာတည်းမဟုတ်ဘဲ ရှစ်နေရာအထိ ရှိခဲ့ပြီး ခုအချိန်အထိ အလောင်းပေါင်း ၁၈လောင်းအထိ ပြန်ဖော်နိုင်ပြီဟု သိရသည်။ 

လွန်ခဲ့သော တစ်ပတ်က စစ်ဘက်ဆိုင်ရာနှင့် ဗဟိုရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မစ်ခ်ျချော့ကန်မှ ရဲများကို ဆေးစစ်ခြင်း၊ မူးယစ်ဂိုဏ်းနှင့် ပတ်သတ်မှု ရှိမရှိ စုံစမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုအခါ ရဲအရှိ ၂၂ဦးသည် မူးယစ်ဂိုဏ်းနှင့် ပေါင်းကာ လာဘ်စားခြင်း၊ မူးယစ်ဆေးဝါ ရောင်းချခြင်း၊  သတင်းပေးခြင်းများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ယခု တွေ့ရှိသည့် အလောင်းများတွင် ပါးစပ်ထဲသို့ တစ်စုံတစ်ခု ထိုးထည့်ထားခြင်း၊ နှိပ်စက်ခံထားရခြင်း စသော လက္ခဏာ များကို တွေ့ရသည်။ အများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုသမီးအလောင်း တစ်ခုသာ ပါသည်။

မျိုးဆက်သစ် မူးယစ်ဂိုဏ်း၏ နှိပ်စက်သတ်ဖြတ်မှု ခံထားရသည့် အလောင်းများထဲမှ နှစ်ဦးသည် ရဲဘက်မှ အေးဂျင့်များ ဖြစ်သည်ဟု 
 ပြောကြားသည်မှအပ ကျန်သူများကိုမူ မည်သည်မည်ဝါ ဖြစ်ကြောင်း အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဟု အာဏာပိုင်များက ဆိုသည်။ ယင်းဒေသတွင် မျိုးဆက်သစ်ဂိုဏ်းနှင့် တန်ပလာသူရဲကောင်းများ ဟူသည့် ဂိုဏ်းနှစ်ဂိုဏ်း အကြား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ 

မက္ကဆီကို သမ္မတ Enrique Pena Nieto က အတိတ်နှင့် မတူသော ကိုင်တွယ်မှုများကြောင့် နိုင်ငံအတွင်း လူသတ်မှု များမှာ
 လျော့ကျလာကြောင်း၊ သို့သော်လည်း ရဲဌာနများတွင် လာဘ်စားမှုများသည် အမြစ်တွယ်လျက် ရှိနေသေးကြောင်း၊ ရဲအရာရှိ အချို့မှာ မူးယစ်ဆေး ဖြန့်ဖြူးသူများ ဖြစ်နေသေးကြောင်း ဆိုထားသည်။ 

Ref: AFP

နိုဝင်ဘာ ၁၇။
မက္ကဆီကိုတွင် မူးယစ်ဂိုဏ်းနှင့်ပူးပေါင်းခဲ့ေ
သာ ရဲအရာရှိ နှစ်စ်ဒါဇင်ခန့်၏ ၀န်ခံထွက်ဆိုချက်အရ နိုင်ငံအတွင်း တိတ်တဆိတ် အသတ်ခံခဲ့ရသူများ၏ အလောင်းများ ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ အသတ်ခံရသူများ မြုပ်နှံ့ရာ
နေရာ သည် တစ်နေရာတည်းမဟုတ်ဘဲ ရှစ်နေရာအထိ ရှိခဲ့ပြီး ခုအချိန်အထိ အလောင်းပေါင်း ၁၈လောင်းအထိ ပြန်ဖော်နိုင်ပြီဟု သိရသည်။

လွန်ခဲ့သော တစ်ပတ်က စစ်ဘက်ဆိုင်ရာနှင့် ဗဟိုရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မစ်ခ်ျချော့ကန်မှ ရဲများကို ဆေးစစ်ခြင်း၊ မူးယစ်ဂိုဏ်းနှင့် ပတ်သတ်မှု ရှိမရှိ စုံစမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထိုအခါ ရဲအရှိ ၂၂ဦးသည် မူးယစ်ဂိုဏ်းနှင့် ပေါင်းကာ လာဘ်စားခြင်း၊ မူးယစ်ဆေးဝါ ရောင်းချခြင်း၊ သတင်းပေးခြင်းများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ယခု တွေ့ရှိသည့် အလောင်းများတွင် ပါးစပ်ထဲသို့ တစ်စုံတစ်ခု ထိုးထည့်ထားခြင်း၊ နှိပ်စက်ခံထားရခြင်း စသော လက္ခဏာ များကို တွေ့ရသည်။ အများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုသမီးအလောင်း တစ်ခုသာ ပါသည်။

မျိုးဆက်သစ် မူးယစ်ဂိုဏ်း၏ နှိပ်စက်သတ်ဖြတ်မှု ခံထားရသည့် အလောင်းများထဲမှ နှစ်ဦးသည် ရဲဘက်မှ အေးဂျင့်များ ဖြစ်သည်ဟု
ပြောကြားသည်မှအပ ကျန်သူများကိုမူ မည်သည်မည်ဝါ ဖြစ်ကြောင်း အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဟု အာဏာပိုင်များက ဆိုသည်။ ယင်းဒေသတွင် မျိုးဆက်သစ်ဂိုဏ်းနှင့် တန်ပလာသူရဲကောင်းများ ဟူသည့် ဂိုဏ်းနှစ်ဂိုဏ်း အကြား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

မက္ကဆီကို သမ္မတ Enrique Pena Nieto က အတိတ်နှင့် မတူသော ကိုင်တွယ်မှုများကြောင့် နိုင်ငံအတွင်း လူသတ်မှု များမှာ
လျော့ကျလာကြောင်း၊ သို့သော်လည်း ရဲဌာနများတွင် လာဘ်စားမှုများသည် အမြစ်တွယ်လျက် ရှိနေသေးကြောင်း၊ ရဲအရာရှိ အချို့မှာ မူးယစ်ဆေး ဖြန့်ဖြူးသူများ ဖြစ်နေသေးကြောင်း ဆိုထားသည်။

Ref: AFP
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis