menu

Sunday 17 November 2013

လှည့်ကင်း ဆောင်ရွက် နေသည့် ရဲအရာရှိနှင့် အဖွဲ့အား အုပ်စုဖွဲ့ လူငယ်တစ်စုမှ လမ်းပိတ်ဆို့၍ ရိုက်နှက်

နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင် ယခုလ ၁၄ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့် က နယ်မြေလှည့်ကင်းဆောင်ရွက်လျက်ရှိသော ရဲအရာရှိနှင့်အဖွဲ့အား အုပ်စုဖွဲ့ လူငယ်တစ်စုမှ လမ်းပိတ်ဆို့၍ ၀ိုင်းဝန်းရိုက် နှက်ခံရကြောင်း ၀က်လက်မြို့ခံ တစ်ဦးထံမှ သိရသည်။

ထိုသို့ ရိုက်နှက်ခံရသည့် ရဲအရာရှိနှင့်အဖွဲ့သည် ၀က်လက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ဇော်မင်းသူ ဆိုသူနှင့် ၀က်လက် မြို့မရဲစခန်းမှ ရဲတပ်ကြပ် ၀င်းနိုင်၊ ရဲတပ်သား နေသွေးကိုကို တို့ဖြစ်ကြောင်း အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပြောကြား ခဲ့သည်။

ထိုသူတို့သည် ၀က်လက်မြို့နယ်လုံးဆိုင်ရာ အာယုဂုဏ အဘယ စေတီ ဘူရာပွဲတော်နှင့် ၀က်လက်မြို့ပေါ် လုံခြုံရေးလှည့် ကင်းများဆောင်ရွက်ရန် ထိုနေ့ညက တာဝန်ကျခဲ့သသည်ဟု သိရသည်။ ထို့ကြောင့် မြို့ပေါ်လှည့်ကင်းဆောင်ရွက်ရန် မာလာ အမှတ်(၂)ရပ်ကွက်၊ ရုပ်ရှင်ရုံတောင်ဘက်လမ်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒုရဲအုပ် ဇော်မင်းသူမှ ဆိုသည်။

ထိုသို့သွားရောက်စဉ် အုပ်စုဖွဲ့လူငယ်တစ်စုသည် အဆိုပါ ကတ္တရားလမ်းမကြီးပေါ်တွင် ဆိုင်ကယ်များ ပိတ်ဆို့ရပ်တန့်ထား သည့်အတွက် လှည့်ကင်းအဖွဲ့မှ ဆိုင်ကယ်များ လမ်းဘေးသို့ချ၍ရပ်ပေးရန် မေတ္တာရပ်ခံ ခိုင်းစေခဲ့ရာ အုပ်စုဖွဲ့လူငယ်တစ်စုမှ ရုပ်ရှင်ရုံခြံစည်းရိုးရှိ ၀ါးဒုတ်များဆွဲငှင်ယူဆောင်၍ လုံခြုံရေးလှည့်ကင်းအဖွဲ့အား ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒုရဲအုပ် ဇော်မင်းသူသည် ၀ဲဘက်နံဘေးနေရာ ဖုယောင်၊ ၀ဲဘက်လက် နာကျင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး၊ ရဲတပ်သား နေသွေးကိုကို၏ ၀ဲဘက်လက်တွင် ဖုယောင်နာကျင်ဒဏ်ရာများရ အသီးသီးရှိခဲ့ကြသည့်အတွက် ရဲစခန်းဆေး စာဖြင့် ၀က်လက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဆေးကုသခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ရရှိဒဏ်များသည် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း မှုခင်းဆိုင်ရာ ဆရာဝန်ကြီးမှ ဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို နေ့မအား၊ ညမနားစောင့်ရှောက်ပေးလျက်ရှိသော လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များအား အုပ်စုဖွဲ့၍ လမ်းပိတ်ဆို့ကာ ရိုက်နှက်ခဲ့သူများအား တရား ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ဒုရဲအုပ် ဇော်မင်းသူမှ တရာလိုပြုလုပ်တိုင်တန်းခဲ့သည့်အတွက် ၀က်လက်မြို့မရဲ စခန်းမှ ယခုလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က (ပ) ၃၆၉ / ၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၂/၁၁၄ အရ အမှုရေးဖွင့်ခဲ့သည်ဟု ရဲစခန်းမှ အတည်ပြုပြောကြားသည်။

အဆိုပါ အမှုအား ဒုရဲအုပ် ဝေမိုးမှဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ အုပ်စုဖွဲ့၍ ၀ိုင်းဝန်းရိုက်နှက်သူများဟုယူဆရ သူ ရဲမင်းစိုး၊ အေးမျိုးထက်၊ ဝေဖြိုးပိုင်၊ အောင်ဇော်ဖြိုးဆိုသူနှင့် အောင်မျိုးဦး ဆိုသူ လူငယ်ငါးဦးအား ဖမ်းဆီးခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ အောင်ကိုလတ် ဆိုသူအား ဆက်လက်၍ အပူတပြင်းလိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ထိုနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(တောင်)ကျေးရွာအနီး မုံရွာ - ပုသိမ် အဝေးပြေးကားလမ်းမကြီးအနီးတွင် လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဒေသခံရွာသား လူအင် အား ၁၅၀ ကျော်ခန့်က အုပ်စုဖွဲ့၍ ခဲများ၊ လောက်လေးခွများနှင့် ပစ်ပေါက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် (၉)ဦးမှ ဒဏ်ရာများရ ရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis