menu

Tuesday 15 January 2013

Lomography နဲ့ ရုပ်ရှင်ဖလင် လုပ်မယ်

Lomography နဲ့ ရုပ်ရှင်ဖလင် လုပ်မယ်

ယခင်က ဒီဂျစ်တယ်ခေတ်မဟုတ်တာ့ ရုပ်ရှင်တွေကို ဖလင်နဲ့ ထုတ်ပါတယ်။ ယင်း ဖလင်ကိုပဲ စက်ကြီးတွေနဲ့ ပြန်လည် ပြသပါတယ်။

ယခုတော့ ခေတ်တွေပြောင်းလဲလာပြီး ဖလင်နဲ့ ရိုက်တဲ့ ခေတ်မဟုတ်တော့ပဲ ဒီဂျစ်တယ် ကင်မရာ၊ HD ကင်မရာများနဲ့ ရိုက်ကူးလာကြပါတယ်။ စမတ်ဖုန်း တစ်လုံးနဲ့ တင် အသေးစား ဗီဒီယိုရိုက်ကူးနိုင်တဲ့ အဆင့်ထိကိုပဲ ဖြစ်ပါတယ်။ ယခုတော့ အပြောင်းပြန်ပါပဲ။ စမတ်ဖုန်းနဲ့ ရိုက်ကူးတဲ့ ဒီဂျစ်တယ် ဗီဒီယိုကို ဖလင် ဗီဒီယို အဖြစ် ပြောင်းလဲပေးမယ့် စက်လေး ဖြစ်ပါတယ်။ အရွယ် ကလည်း 35mm ဖလင်စာဆိုတော့ သိပ်တော့ မကြီးပါဘူး။ ပြီးတော့ ဖလင်ရုပ်ရှင်အဖြစ် ပြောင်းလဲထားမှုကို စမတ်ဖုန်းမှာလည်း ပြန်လည် ကြည့်ရှု နိုင်ပါတယ်။ ဒါဆိုရင် အစက်စက်အပြောက်ပြောက်နဲ့ တကယ့် ရုပ်ရှင် ကြည့်ရသလိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Scanner အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။

Lomography စက်က AA ဘက်ထရီ နှစ်လုံးနဲ့တင် အလုပ်လုပ်တယ် ဆိုတော့ အားလည်း မစားတဲ့ စက် ဖြစ်ပါတယ်။ iPhone ရော၊ Android သုံး စမတ်ဖုန်း အတွက်ရော app ရှိပြီး နှစ်မျိုးလုံးနဲ့ အသုံးပြုလို့ ရမှာ ဖြစ် ပါတယ်။ ဈေးလည်း သက်သာ ပါတယ်။ အမေရိကန်ဒေါ်လာ ၆၀ တန်နဲ့ ၁၀၀ တန် ဆိုပြီး နှစ်မျိုး သတ်မှတ်လို့ မကြာမီ ဈေးကွက်ဖြန့်ချိတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/lomography.html


အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယခင်က ဒီဂျစ်တယ်ခေတ်မဟုတ်တာ့ ရုပ်ရှင်တွေကို ဖလင်နဲ့ ထုတ်ပါတယ်။ ယင်း ဖလင်ကိုပဲ စက်ကြီးတွေနဲ့ ပြန်လည် ပြသပါတယ်။
ယခုတော့ ခေတ်တွေပြောင်းလဲလာပြီး ဖလင်နဲ့ ရိုက်တဲ့ ခေတ်မဟုတ်တော့ပဲ ဒီဂျစ်တယ် ကင်မရာ၊ HD ကင်မရာများနဲ့ ရိုက်ကူးလာကြပါတယ်။ စမတ်ဖုန်း တစ်လုံးနဲ့ တင် အသေးစား ဗီဒီယိုရိုက်ကူးနိုင်တဲ့ အဆင့်ထိကိုပဲ ဖြစ်ပါတယ်။ ယခုတော့ အပြောင်းပြန်ပါပဲ။ စမတ်ဖုန်းနဲ့ ရိုက်ကူးတဲ့ ဒီဂျစ်တယ် ဗီဒီယိုကို ဖလင် ဗီဒီယို အဖြစ် ပြောင်းလဲပေးမယ့် စက်လေး ဖြစ်ပါတယ်။ အရွယ် ကလည်း 35mm ဖလင်စာဆိုတော့ သိပ်တော့ မကြီးပါဘူး။ ပြီးတော့ ဖလင်ရုပ်ရှင်အဖြစ် ပြောင်းလဲထားမှုကို စမတ်ဖုန်းမှာလည်း ပြန်လည် ကြည့်ရှု နိုင်ပါတယ်။ ဒါဆိုရင် အစက်စက်အပြောက်ပြောက်နဲ့ တကယ့် ရုပ်ရှင် ကြည့်ရသလိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Scanner အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။

Lomography စက်က AA ဘက်ထရီ နှစ်လုံးနဲ့တင် အလုပ်လုပ်တယ် ဆိုတော့ အားလည်း မစားတဲ့ စက် ဖြစ်ပါတယ်။ iPhone ရော၊ Android သုံး စမတ်ဖုန်း အတွက်ရော app ရှိပြီး နှစ်မျိုးလုံးနဲ့ အသုံးပြုလို့ ရမှာ ဖြစ် ပါတယ်။ ဈေးလည်း သက်သာ ပါတယ်။ အမေရိကန်ဒေါ်လာ ၆၀ တန်နဲ့ ၁၀၀ တန် ဆိုပြီး နှစ်မျိုး သတ်မှတ်လို့ မကြာမီ ဈေးကွက်ဖြန့်ချိတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/lomography.html


TechSpace Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis