menu

Tuesday 15 January 2013

စံမြန်မာ စနစ်ပါတဲ့ HTC Smart Phone အရောင်းဆိုင်တွေ မန္တလေးမှာဖွင့်

Photo: စံမြန်မာ စနစ်ပါတဲ့ HTC Smart Phone အရောင်းဆိုင်တွေ မန္တလေးမှာဖွင့် 

တရုတ်လုပ် မိုဘိုင်းဖုန်းဟန်းဆက်တွေလို အရည်အသွေးမကောင်းတာမျိုး မလုပ်ဘူးလို့ HTC ရဲ့ CEO ဦးဝင်းသန်း (ခေါ်) Mr Peter Chou က ဇန်န၀ါရီလ ၁၅ ရက်နေ့က မန္တလေး ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ စာနယ်ဇင်း သီးသန့်တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

အဲဒီ့နေ့မှာပဲ စံမြန်မာ -မြန်မာစာစနစ် ပါဝင်တဲ့ HTC မိုဘိုင်းဖုန်းများကို ရောင်းချပေးမယ့် HTC Show Room & Service ကို မန္တလေးမြို့ ၂၆ ဘီလမ်း၊ ၈၂ လမ်း ၈၃ လမ်းကြားက Services center နဲ့ ၇၇ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားက KMD Centre မှာ ဖွင့်ပွဲအခမ်းအနားနဲ့ စတင်ဖွင့်လှစ်ပါတယ်။

တရားဝင် စတင်ဖြန့်ချိတဲ့ HTC စမတ်ဖုန်းများကတော့ HTC Butterfly , Desire C, Desire VC, Desire X, One X, One X plus များ ဖြစ်ပြီး HTC Product warranty ၁၈ လ ပေးမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ အခြေစိုက် HTC Coporation နဲ့ KMD Computer Group တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး HTC မိုဘိုင်းဖုန်းတွေကို အထူးသီးသန့် ဖန်တီးထားတဲ့ မြန်မာဘာသာ သုံး Virtual Keyboard များနဲ့ ဒီဇိုင်းတီထွင်ထားတဲ့ စမတ်ဖုန်းများ အဖြစ်ဖြန့်ချိမှာဖြစ်သလို မြန်မာစာစနစ်အနေနဲ့ ဇော်ဂျီ၊ စံမြန်မာနဲ့ Myanmar 3 Font တွေ ပါဝင်တယ်။
(သတင်းဓါတ်ပုံ - ချစ်ကို)

အေးချမ်းမွန်မှ  DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
—
တရုတ်လုပ် မိုဘိုင်းဖုန်းဟန်းဆက်တွေလို အရည်အသွေးမကောင်းတာမျိုး မလုပ်ဘူးလို့ HTC ရဲ့ CEO ဦးဝင်းသန်း (ခေါ်) Mr Peter Chou က ဇန်န၀ါရီလ ၁၅ ရက်နေ့က မန္တလေး ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ စာနယ်ဇင်း သီးသန့်တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

အဲဒီ့နေ့မှာပဲ စံမြန်မာ -မြန်မာစာစနစ် ပါဝင်တဲ့ HTC မိုဘိုင်းဖုန်းများကို ရောင်းချပေးမယ့် HTC Show Room & Service ကို မန္တလေးမြို့ ၂၆ ဘီလမ်း၊ ၈၂ လမ်း ၈၃ လမ်းကြားက Services center နဲ့ ၇၇ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားက KMD Centre မှာ ဖွင့်ပွဲအခမ်းအနားနဲ့ စတင်ဖွင့်လှစ်ပါတယ်။

တရားဝင် စတင်ဖြန့်ချိတဲ့ HTC စမတ်ဖုန်းများကတော့ HTC Butterfly , Desire C, Desire VC, Desire X, One X, One X plus များ ဖြစ်ပြီး HTC Product warranty ၁၈ လ ပေးမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ အခြေစိုက် HTC Coporation နဲ့ KMD Computer Group တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး HTC မိုဘိုင်းဖုန်းတွေကို အထူးသီးသန့် ဖန်တီးထားတဲ့ မြန်မာဘာသာ သုံး Virtual Keyboard များနဲ့ ဒီဇိုင်းတီထွင်ထားတဲ့ စမတ်ဖုန်းများ အဖြစ်ဖြန့်ချိမှာဖြစ်သလို မြန်မာစာစနစ်အနေနဲ့ ဇော်ဂျီ၊ စံမြန်မာနဲ့ Myanmar 3 Font တွေ ပါဝင်တယ်။
(သတင်းဓါတ်ပုံ - ချစ်ကို)

  DVB TV News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis