menu

Tuesday 15 January 2013

အရန်ဆန်ဝယ်ယူသိုလှောင်မည်ဆိုသောကြောင့် မန်းတွင် ဆန်ဈေး တက်

Photo: အရန်ဆန်ဝယ်ယူသိုလှောင်မည်ဆိုသောကြောင့် မန်းတွင် ဆန်ဈေး တက်

မန္တလေး-ဇန်န၀ါရီ၁၅
အရန်ဆန်ဝယ်ယူသိုလှောင်မည်ဆိုသောကြောင့် မန္တလေးတွင်ဆန်ဈေးမြင့်တက်ခဲ့ကြောင်းသိရသည်။
အရန်ဆန်ဝယ်မယ့်အသံလည်းကြားတယ်။
နောက်ပြီးတရုတ်က ငွေဈေးရော ဆန်ဈေးပါနည်းနည်းမြှင့်ပေးလိုက်တယ်။
ဆန်အဟောင်းကလည်း ကုန်ချိန်ဖြစ်နေတော့ ဆန်ဈေးက နည်းနည်း
ကောင်းလာတယ်။ ဆန်အဟောင်းက တစ်အိတ်ကို တစ်ထောင်လောက်အထိတက်သွားတယ်။ အသစ်ကတော့
ပုံမှန်အတိုင်းပါပဲ ဟု မန်းဆန်ကုန်စည်ဒိုင်မှ
အတွင်းရေးမှူးဦးသိန်းဇော်က ရှင်းပြသည်။
အရန်ဆန် တန်ချိန်တစ်ထောင်ကို မန်းနှင့် စစ်ကိုင်းမှ ၀ယ်ယူသိုလှောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြီးခဲ့သောနိုဝင်ဘာလအတွင်း မန်းကုန်စည်ဒိုင်အသင်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည့်အပြင် တရုတ်မှလည်း ဆန်အ၀ယ်ပြန်လိုက်လာ၍ ဖြစ်နိုင်ကြောင်း အတွင်းရေးမှူးဦးသိန်းဇော်က ထပ်လောင်းပြောသည်။ ဖိုးလပြည့်

အေးချမ်းမွန်မှ   Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မန္တလေး-ဇန်န၀ါရီ၁၅
အရန်ဆန်ဝယ်ယူသိုလှောင်မည်ဆိုသောကြောင့် မန္တလေးတွင်ဆန်ဈေးမြင့်တက်ခဲ့ကြောင်းသိရသည်။
အရန်ဆန်ဝယ်မယ့်အသံလည်းကြားတယ်။
နောက်ပြီးတရုတ်က ငွေဈေးရော ဆန်ဈေးပါနည်းနည်းမြှင့်ပေးလိုက်တယ်။
ဆန်အဟောင်းကလည်း ကုန်ချိန်ဖြစ်နေတော့ ဆန်ဈေးက နည်းနည်း
ကောင်းလာတယ်။ ဆန်အဟောင်းက တစ်အိတ်ကို တစ်ထောင်လောက်အထိတက်သွားတယ်။ အသစ်ကတော့
ပုံမှန်အတိုင်းပါပဲ ဟု မန်းဆန်ကုန်စည်ဒိုင်မှ
အတွင်းရေးမှူးဦးသိန်းဇော်က ရှင်းပြသည်။
အရန်ဆန် တန်ချိန်တစ်ထောင်ကို မန်းနှင့် စစ်ကိုင်းမှ ၀ယ်ယူသိုလှောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြီးခဲ့သောနိုဝင်ဘာလအတွင်း မန်းကုန်စည်ဒိုင်အသင်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည့်အပြင် တရုတ်မှလည်း ဆန်အ၀ယ်ပြန်လိုက်လာ၍ ဖြစ်နိုင်ကြောင်း အတွင်းရေးမှူးဦးသိန်းဇော်က ထပ်လောင်းပြောသည်။ ဖိုးလပြည့်

  Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis