menu

Tuesday 15 January 2013

ဘားအံမြို့ အမှတ်(၁)ရပ်ကွက် ပဒုမ္မာလမ်းတွင် မီးလောင်မှုဖြစ်ပွား

Photo: ဘားအံမြို့ အမှတ်(၁)ရပ်ကွက် ပဒုမ္မာလမ်းတွင် မီးလောင်မှုဖြစ်ပွား

ဘားအံ၊ ဇန်န၀ါရီလ၁၅။


ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၁)ရပ်ကွက် ပဒုမ္မာလမ်း အိမ်အမှတ် ၁/၆၃၃တွင် ယနေ့ မွန်းလွဲ ၃နာရီ ၅မနစ်ခန့်မှ မီးစတင် လောင်ကျွမ်းရာ တန်ဘိုးငွေ ကျပ်လေးသိန်းခွဲခန့် ဆုံးရှုံးသွားကြောင်း သိရသည်။

ယင်း မီးလောင်ရာသို့ မြို့နယ်မီးသတ်ယာဉ်သုံးစီး၊ မြို့မိမြို့ဖ မီးသတ် ယာဉ်တစ်စီး၊ အရပ်ရေရောင်းစားယာဉ်နှစ်စီးနှင့် ရပ်ကွက်နေပြည်သူ
များ၏ ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့် ၃နာရီ ၂၀မိနစ်တွင် မီးငြိမ်း သွားကြောင်း သိရသည်။

ယင်း မီးလောင်သော နေအိမ်ရှိ အိမ်ရှင်ဖြစ်သူသည် သာမညကျေးရွာ တွင်သာ နေထိုင်ပြီး ရံဖန်ရံခါမှသာ ပြန်လာကြောင်းနှင့် ၎င်း၏သား
ဖြစ်သူသည် ညအချိန်နေအိမ်တွင် ပြန်အိပ်တတ်ပြီး နေ့ချိန်ဝပ်ရှော့ လုပ်ကိုင်ကြောင်း ပတ်ဝန်းကျင်နေထိုင်သူများမှ ပြောကြားသည်။

ကျေင်းဆင်းချိန်တွင် ယခုမီးလောင်နေသော နေအိမ်၏အလယ်မှ မီးလောင်နေသည်ကို တွေ့ရှိ၍ ပတ်ဝန်းကျင်အား အော်ဟစ်
အကူအညီ တောင်းကြောင်း မျက်မြင်တွေ့ရှိသူ ကျေင်းဆရာမ
တစ်ဦးက ဆိုသည်။

ယခုမီးလောင်ရခြင်းမှာ လျှပ်စစ်ရေနွေးအိုးမှ စတင်လောင်ကျွမ်း
ခြင်းဖြစ်နိုင်ကြောင်း မီးလောင်ရာတွင် လာရောက်ငြိမ်းသတ်သော
မီးသတ် အရာရှိက သုံးသပ်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပါတ်သက်၍ ဘားအံမြို့မရဲစခန်းမှ ပုဒ်မ၂၈၅ဖြင့် အရေးယူထားပြီး ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သိရသည်။

ဇွဲကပင်မောင်မောင်


အေးချမ်းမွန်မှ The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ဘားအံ၊ ဇန်န၀ါရီလ၁၅။

ကရင်ပြည်နယ်၊ ဘားအံမြို့အမှတ်(၁)ရပ်ကွက် ပဒုမ္မာလမ်း အိမ်အမှတ် ၁/၆၃၃တွင် ယနေ့ မွန်းလွဲ ၃နာရီ ၅မနစ်ခန့်မှ မီးစတင် လောင်ကျွမ်းရာ တန်ဘိုးငွေ ကျပ်လေးသိန်းခွဲခန့် ဆုံးရှုံးသွားကြောင်း သိရသည်။

ယင်း မီးလောင်ရာသို့ မြို့နယ်မီးသတ်ယာဉ်သုံးစီး၊ မြို့မိမြို့ဖ မီးသတ် ယာဉ်တစ်စီး၊ အရပ်ရေရောင်းစားယာဉ်နှစ်စီးနှင့် ရပ်ကွက်နေပြည်သူ
များ၏ ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့် ၃နာရီ ၂၀မိနစ်တွင် မီးငြိမ်း သွားကြောင်း သိရသည်။

ယင်း မီးလောင်သော နေအိမ်ရှိ အိမ်ရှင်ဖြစ်သူသည် သာမညကျေးရွာ တွင်သာ နေထိုင်ပြီး ရံဖန်ရံခါမှသာ ပြန်လာကြောင်းနှင့် ၎င်း၏သား
ဖြစ်သူသည် ညအချိန်နေအိမ်တွင် ပြန်အိပ်တတ်ပြီး နေ့ချိန်ဝပ်ရှော့ လုပ်ကိုင်ကြောင်း ပတ်ဝန်းကျင်နေထိုင်သူများမှ ပြောကြားသည်။

ကျေင်းဆင်းချိန်တွင် ယခုမီးလောင်နေသော နေအိမ်၏အလယ်မှ မီးလောင်နေသည်ကို တွေ့ရှိ၍ ပတ်ဝန်းကျင်အား အော်ဟစ်
အကူအညီ တောင်းကြောင်း မျက်မြင်တွေ့ရှိသူ ကျေင်းဆရာမ
တစ်ဦးက ဆိုသည်။

ယခုမီးလောင်ရခြင်းမှာ လျှပ်စစ်ရေနွေးအိုးမှ စတင်လောင်ကျွမ်း
ခြင်းဖြစ်နိုင်ကြောင်း မီးလောင်ရာတွင် လာရောက်ငြိမ်းသတ်သော
မီးသတ် အရာရှိက သုံးသပ်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပါတ်သက်၍ ဘားအံမြို့မရဲစခန်းမှ ပုဒ်မ၂၈၅ဖြင့် အရေးယူထားပြီး ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သိရသည်။

ဇွဲကပင်မောင်မောင်


The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis