menu

Tuesday 30 October 2012

ကျောက်နီမော်တွင် ရဲပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

Photo: ကျောက်နီမော်တွင် ရဲပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

Written by ခိုင်ခိုင်	    Tuesday, 30 October 2012 11:02   	
		
ယနေ့ နံနက် (၈)နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အုပ်စု၊ ရေမျောက်ဝကျေးရွာ၌ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခြင်းမရှိဘဲ ရဲပစ်ခတ်မှုကြောင့် ရခိုင်(၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ပစ်ခတ်သူမှာ ကျောက်နီမော် ရဲစခန်းက ဒုရဲအုပ်-ကျော်လွင်ဖြစ်ပြီး ပစ်ခတ်ခံရသူများမှာ ဦးမောင်ခင်ရွှေ နှင့် မောင်သက်တင်တို့ဖြစ်သည်။ ဦးမောင်ခင်ရွှေမှာ ပစ်ခတ်ခံရသည့်အချိန်တွင် ချက်ချင်းသေဆုံးသွားပြီး မောင်သက်တင်ကို ရမ်းဗြဲဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာမှ ဒေသခံတစ်ဦးအား မေးမြန်းရာ " ဒီနေ့ မနက် (၈)နာရီမှာ ဖြစ်တာပါ။ ဆူပူမှုတော့ ဘာမှမဖြစ်ပါဘူး။ မဖြစဘဲနဲ့ အဲဒီ ဒုရဲအုပ် ကျော်လွင်က ပစ်သတ်လိုက်တာ ဦးခင်မောင်ရွှေက သေဆုံးသွားပြီးတော့၊ မောင်သက်တင်က ဒူးခေါင်းမှာ ဒဏ်ရာရသွားပါတယ်။ အခု မောင်သက်တင်ကို ထော်လာဂျီနဲ့ ရမ်းဗြဲဆေးရုံကို ယူသွားပြီး ဆေးကုသနေပါတယ်။ ကျောက်ဖြူဆေးရုံကို ပို့ဖို့စီစဉ်နေတယ်လို့ ကြားရပါတယ်။ " ဟု ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များက ပြည်သူလူထုအပေါ် တရားလက်လွတ် ပစ်ခတ်ခြင်းကြောင့် ဒေသခံများက မကျေမနပ် ဖြစ်နေကြောင်း သိရှိရသည်။


အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Arakan Time
ယနေ့ နံနက် (၈)နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အုပ်စု၊ ရေမျောက်ဝကျေးရွာ၌ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခြင်းမရှိဘဲရဲပစ်ခတ်မှုကြောင့် ရခိုင်(၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ပစ်ခတ်သူမှာ ကျောက်နီမော် ရဲစခန်းက ဒုရဲအုပ်-ကျော်လွင်ဖြစ်ပြီး ပစ်ခတ်ခံရသူများမှာ ဦးမောင်ခင်ရွှေ နှင့် မောင်သက်တင်တို့ဖြစ်သည်။ ဦးမောင်ခင်ရွှေမှာ ပစ်ခတ်ခံရသည့်အချိန်တွင် ချက်ချင်းသေဆုံးသွားပြီး မောင်သက်တင်ကို ရမ်းဗြဲဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာမှ ဒေသခံတစ်ဦးအား မေးမြန်းရာ " ဒီနေ့ မနက် (၈)နာရီမှာ ဖြစ်တာပါ။ ဆူပူမှုတော့ ဘာမှမဖြစ်ပါဘူး။ မဖြစဘဲနဲ့ အဲဒီ ဒုရဲအုပ် ကျော်လွင်က ပစ်သတ်လိုက်တာ ဦးခင်မောင်ရွှေက သေဆုံးသွားပြီးတော့၊ မောင်သက်တင်က ဒူးခေါင်းမှာ ဒဏ်ရာရသွားပါတယ်။ အခု မောင်သက်တင်ကို ထော်လာဂျီနဲ့ ရမ်းဗြဲဆေးရုံကို ယူသွားပြီး ဆေးကုသနေပါတယ်။ ကျောက်ဖြူဆေးရုံကို ပို့ဖို့စီစဉ်နေတယ်လို့ ကြားရပါတယ်။ " ဟု ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များက ပြည်သူလူထုအပေါ် တရားလက်လွတ် ပစ်ခတ်ခြင်းကြောင့် ဒေသခံများက မကျေမနပ် ဖြစ်နေကြောင်း သိရှိရသည်။

Arakan Time

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis